Wednesday, November 14, 2018

လူ့အဆင့်အတန်းကို တိုင်းတာတဲ့ ပေတံဟာ တရားဓမ္မပါပဲ

လူ့အဆင့်အတန်းကို ...
တိုင်းတာတဲ့ ပေတံဟာ တရားဓမ္မပါပဲ
✅✅✅

လောကသတ်မှတ်ချက်အရ …
နိမ့်တဲ့အခြေအနေ မြင့်တဲ့အခြေအနေ
ဘယ်အခြေအနေမျိုးမှာပဲရှိရှိ
တရားဓမ္မနဲ့ ညီတဲ့ အပြုအမူကို ပြုတဲ့သူ
တရားဓမ္မနဲ့ညီတဲ့ အပြောအဆိုကို ပြောတဲ့သူ
တရားဓမ္မနဲ့ညီတဲ့ အတွေးအကြံကို တွေးတဲ့သူဟာ
အဆင့်အတန်းရှိတဲ့လူပါပဲ။

လောကအဆင့်အတန်းမြင့်ပေမယ့် ……
ဓမ္မအဆင့်အတန်းနိမ့်ရင်
အဆင့်အတန်းမရှိတဲ့သူ
လောကအဆင့်အတန်း နိမ့်ပေမယ့်
ဓမ္မအဆင့်အတန်းမြင့်ရင် ……
အဆင့်အတန်းရှိတဲ့လူလို့ ခေါ်နိုင်ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

ဆရာတော်၏ " စိတ်အားဖြည့်ဓမ္မနေခြည် " မှ။

No comments:

Post a Comment