Tuesday, November 27, 2018

ဘဝဆိုတာ

•• အခြေအနေတစ်ခုကြောင့် …
မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်
ဝမ်းနည်းစရာ  မလိုသလို
ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့ ~~~

•• ရေစက်ရှိလို့  ဆုံခဲ့ကြပြီး
ကံကုန်ရင် လမ်းခွဲကြရမယ် …
ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်~~~

•• ဘဝရဲ့လှည့်ကွက်တွေအောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး
မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း
ဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့
အခြေအနေတွေကြောင့်လည်း
တစ်ယောက်နဲ့ တစ်ယောက်
ဝေးကွာသွားကြရတာပါပဲ ~~~

•• တစ်ကယ်တမ်းကြတော့ …
ရေစက်ရှိလို့ ဆုံတာထက်
တစ်ယောက်ကို တစ်ယောက်
ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ ~~~

•• အနားမှာ ထွက်ခွါသွားသူကို
ကျေးဇူးတင်လိုက်ပါ …
သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ ~~~

•• ဘဝဆိုတာ …?
ကိုယ်က ချစ်နေပြန်တော့လည်း
တစ်ဖက်သားက မုန်းနေပြန်တတ်တယ်
ကိုယ်က မုန်းနေပြန်တော့လည်း
တစ်ဖက်သားက ချစ်နေပြန်တတ်တယ် ~~~

•• ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ
သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့
တွေ့ကြဆုံကြ ခဏလေးပါ …
နေရတဲ့အချိန်လေးမှာ
ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့
သူတစ်ပါကြောင့်လည်း
ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့ ~~~

•• ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း
ဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး
စာနာတတ်တဲ့ နှလုံးသား
ကူညီတတ်တဲ့ လက်တစ်စုံနဲ့
လျှောက်လှမ်းကြပါ ~~~

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment