Wednesday, November 28, 2018

မနေအပ်သော နေရာများ

***မနေအပ်သော နေရာများ***

(၁) 
အမာနနာ ယတ္ထ သိယာ၊ သန္တာနံ  ဝါ  ဝိမာနနာ။
ဟီနသမ္မာနနာ ဝါပိ၊ န တတ္ထ ဝသတိံ ဝသေ။

{၁} ယတ္ထ- အကြင်အရပ်၌။သန္တာနံ ဝါ-
သူတော်ကောင်းတို့အားလည်း။

အမာနနာ- ရိုသေခြင်း မြတ်နိုးခြင်းမရှိသည်။
သိယာ- ဖြစ်ရာ၏။
         
ဝိမာနနာ- မထီမဲ့မြင် ပြုခြင်းသည်လည်း။
သိယာ-ဖြစ်ရာ၏။
         
ဟီနသမ္မာနနာဝါပိ- ယုတ်မာသောသူတို့အား
ရိုသေခြင်း, ပူဇော် မြတ်နိုးခြင်း ရှိသည်လည်း။
သိယာ- ဖြစ်ရာ၏။
    
တတ္ထ ဝသတိံ  အသ္မိံ နိဝါသေ- ထိုအရပ်၌။
န ဝသေ- မနေရာ။
**************************************
(၂)
ယတ္ထာလသော စ ဒက္ခော စ၊ သူရော ဘီရူ စ ပူဇိယာ။
န တတ္ထ သန္တော ဝသန္တိ၊ အဝိသေသကရော နရော။

{၂} ယတ္ထ- အကြင်အရပ်၌။ အလသော စ-
ပျင်းသောအတတ်ပညာမရှိသောသူသည်
လည်းကောင်း။

ဒက္ခော စ- လိမ္မာသော သူသည်လည်းကောင်း။

သူရော စ- ရဲရင့်သောသူသည်လည်းကောင်း။

ဘီရူ စ- ကြောက်တတ်သောသူသည်လည်းကောင်း။

ပူဇိယာ- တူမျှသောပူဇော်ခြင်းကို ရကုန်၏။

နရော- လူကို။ အဝိသေသကရော-
အထူးကိုမပြုတတ်။

တတ္ထ- ထိုအရပ်၌။ သန္တော-သူတော်ကောင်းတို့သည်။

န ဝသန္တိ- မနေကုန်။
**************************************
(၃) 
နာယံ နေရု ဝိဘဇတိ၊ ဟီနမုက္ကဋ္ဌမဇ္ဈိမေ။
အဝိသေသကရော  နေရု၊ ဟန္ဒ နေရုံ ဇဟာမသေ။

{၃} အယံ နေရု- ဤနေရုတောင်သည်။
ဟီနမုက္ကဋ္ဌမဇ္ဈိမေ- အယုတ် အမြတ်
အလတ်ဖြစ်ကုန်သောသူတို့ကို။ 
န ဝိဘဇတိ- အထူးမပြု။

နေရု- နေရုမည်သောတောင်သည်။
အဝိသေသကရော- အထူးပြုခြင်းမှ ကင်း၏။

နေရုံ- နေရုတောင်ကို။ ဟန္ဒ- လွတ်လွတ်။
ဇဟာမသေ- စွန့်ကြကုန်အံ့။ 
**************************************

(ဆက္ကနိပါတ်/  အဝါရိယဝဂ်/ နေရုဇာတ်)

သူတော် သူယုတ် အဆင့်အတန်းမခွဲသောအရပ်၌ သူတော်ကောင်းတို့ မနေအပ်.
============================

        ရှေးအခါတုန်းက ဘုရားအလောင်းရွှေဟင်္သာမင်းဖြစ်စဉ်
အရှင်အာနန္ဒာအလောင်း ရွှေဟင်္သာနှင့် အတူ အစာရှာရင်း နေရုတောင်ကို ခေတ္တနားမိကြ၏။
နေရုတောင်သည် ရွှေတောင်ဖြစ်၏။ ထို့ကြောင့်
နေရုတောင်ပေါ်ရောက်သည်နှင့်
မည်သည့်ငှက်မဆို နေရုရွှေတောင်ကြီး၏ အဆင်းကြောင့် ရွှေငှက်ဖြစ်ကြရတယ်။ ကျီးကန်း,ဇီးကွက်,ဠင်းတ စသော အဆင်းလှသောငှက်,အဆင်းမလှသောငှက်, ငှက်ကောင်း,ငှက်ယုတ်အပေါင်းတို့သည်လည်း
နေရုတောင်ပေါ်ရောက်က ရွှေငှက်ဖြစ်ကြရ၏ ။
အဆင့်အတန်း မခွဲခြား ရှိလေသည်။
     ထိုအခါဘုရားအလောင်းရွှေဟင်္သာငှက်မင်းသည်
ညီတော်အာနန္ဒာအလောင်း ရွှေဟင်္သာလေးကို ပြောပြကာ ငါ့ညီရေ- ဒို့ ဒီနေရုတောင်မှ အမြန်စွန့်ခွာကြစို့-
ဒီလို အဆင့်အတန်း မခွဲခြားသောအရပ်သည်
သူတော်ကောင်းတို့ မနေအပ်သော အရပ်ဖြစ်သည်။ ဟုဆိုကာ ဘုရားအလောင်း ရွှေဟင်္သာငှက်မင်း
သည် ညီတော်ကိုခေါ်ကာ နေရုတောင်မှအမြန်ပျံသန်း သွားလေတော့သည်။

(နေရုဇာတ် ၅၅၀ နိပါတ်တော်)

     သူတော်ကောင်းနှင့်သူယုတ်မာတို့ တန်းတူထားသောအရပ်သည် မနေအပ်သောအရပ်ဟု မြတ်စွာဘုရားဟောတော်မူသော
နေရုဇာတ်ဖတ်ရ၍ အသိရ၏။သင်္ခန်းစာရလိုက်၏။

     ဤ​နေရုဇာတ်​​တော်​၌ ရရှိ​သော သင်္ခန်းစာမှာ…
    ၁။သူတော်ကောင်းနှင့် သူယုတ်မာတို့ကို အဆင့်​အတန်း မခွဲပဲ တန်းတူထားသောအရပ်သည် မနေအပ်သောအရပ်ဟု သိရှိရ၏။
    ၂။ သူ​တော်​​ကောင်းတို့သည်​ သူယုတ်​မာတို့နှင့်
အတူတူ မ​ပျော်​​မွေ့လိုခြင်းကို သိရ၏။
     ၃။ သူ​တော်​​ကောင်းတို့သည်​ သူယုတ်​မာတို့၏
အကျင့်​စရိုက်​တို့ကို လွန်​စွာစက်​ဆုပ်​ရွံရှာကြခြင်းကို သိရ၏။
      ၄။ သူ​တော်​​ကောင်းတို့သည်​ သူယုတ်​မာတို့ကို
သူနေရာနဲ့သူ ခွဲခြားထား၍ ဆက်​ဆံရခြင်းကို သိရ၏။ စသည်ဖြင့် အသိ အမြင် သင်္ခန်းစာများကို ရရှိလိုက်လေသည်။
     မေတ္တာဟူသည် သတ္တဝါအားလုံး အပေါ်ထားရှိ ဖို့ ဖြစ်၏။
မေတ္တာစိတ်ထားခြင်းနဲ့ လူယုတ်မာ,လူမိုက်,မိစ္ဆာဒိဋ္ဌိတို့နှင့် ယှဉ်တွဲပေါင်းသင်းခြင်းသည် မသက်ဆိုင်ပါ။ မြွေကို မေတ္တာဖြင့်
နို့တိုက်သော် လည်း အဆိပ်သာ ဖြစ်လိမ့်မည်။ သာသနာကွယ်ခြင်း မကွယ်ခြင်းသည် နှစ်အပိုင်းအခြားနဲ့ မဆိုင် ကျင့်သုံးခြင်း မကျင့်သုံးခြင်းနဲ့သာ ဆိုင်လေ၏။
     အိမ်တစ်ဟာ ဗုဒ္ဓအဆုံးအမကို ကျင့်သုံးလိုက်နာ သူတွေမဟုတ်တော့ရင် ထိုအိမ်သည် သာသနာကွယ်ရာ အရပ်ဖြစ်၏။ထိုရပ်ကွက် ထိုရွာသည် ထိုမြို့ ထိုနိုင်ငံဟာ ဗုဒ္ဓအဆုံးအမနဲ့
နေထိုင်သူတွေ မရှိတော့ဘူးဆိုရင် ထိုအရပ်တို့ သည် သာသနာကွယ်လေပြီ။
     ထိုကြောင့် မင်းအစိုးရ,ရဟန်း,ပြည်သူအားလုံး ညီညွတ်ကြလျက် ဓမ္မလမ်းကြောင်းနဲ့ အညီ မိမိလူမျိုး,မိမိသာသနာ,မိမိတိုင်းပြည်ကို
စောင့်ရှောက်နိုင်ကြပါစေ။ငြိမ်နေရင် ရေတိမ်နစ်သွားမဲ့
ဘာသာ  သာသနာ .....

သူ​တော်​​ကောင်းတို့
မ​နေထိုင်​သင့်​​သော​နေရာ(၄)မျိုး
          ••••••••••••••
၁။သူ​တော်​​ကောင်းတို့အား ရို​သေခြင်း၊
မြတ်​နိုးပူ​ဇော်​ခြင်းမရှိ​သော​ နေရာ၊၊

၂။သူ​တော်​​ကောင်းတို့အား
မထီမဲ့မြင်​ပြု​သော ​နေရာ။

၃။လူယုတ်​မာတို့အား
ရို​သေမြတ်​နိုး ပူ​ဇော်​ခြင်းကို
ပြု​သော ​နေရာ။

၎။ပျင်းရိ​သောသူ၊ အတတ်​ပညာမဲ့​သောသူ၊
လိမ်​မာ​သောသူ၊ ရဲရင့်​​သောသူ၊
ကြောက်​တတ်​​သောသူ စသည်​တို့ကို
မခွဲခြားဘဲ ညီတူညီမျှ
ချီး​မြှောက်​ပူ​ဇော်​​သော ​နေရာ။

   အချုပ်​အားဖြင့်
အယုတ်​ အလတ်​ အမြတ်​မခွဲခြားဘဲ
တစ်​တန်းစားတည်း
သတ်​မှတ်​​သော ​နေရာမျိုး၌

သူ​တော်​​ကောင်းတို့
မ​နေထိုင်​သင့်​ပါ။

(ဒီအချိန်​ ငြိမ်​​နေရင်
နောင်​တစ်​ချိန်​ ဘာသာ သာသနာ
ရေတိမ်​နစ်​သွားပါမည်​။
   ထို့​ကြောင့်
ပြောစရာရှိတာ ​ပြောရပါလိမ့်​မည်​။)

•ဆို​ရေးရှိက
ဆိုအပ်​လှ၏
ဆိုစများလျား
ထားပ​ချေ ဘိ
ငါဝန်​ရှိခဲ့။
(ရှင်​မဟာရဋ္ဌသာရ)

crd

No comments:

Post a Comment