Friday, November 30, 2018

သည်ဘဝမှာပဲ မဂ် ဖိုလ် နိဗ္ဗာန် ရမယ်

➢ သည်ဘဝမှာပဲ မဂ် ဖိုလ် နိဗ္ဗာန် ရမယ်🚩

➊•   ပါရမီမလို။

✹ အင်္ဂုတ္ထိုရ် ပါဠိတော်ကြီးမှာ ယခုဘဝ နိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ်၏ရှုပုံ၊ မှတ်ပုံ၊ သိပုံ၊ တစ်ပါး သောကိလေသာတွေနဲ. မရောပုံတွေကို ပြထားပါတယ်။ မြတ်ဗုဒ္ဓက ငါဘုရားရှင်
ပြော တဲ့အတိုင်းလုပ်ကြမယ် ဆိုလို့ရှိရင် ပါရမီ မလိုပါဘူးတဲ့။

➋•  ရခဲတဲ့ ဒုလ္လဘ ၅ ပါး။

► ဘုရားသာသနာနဲ့ ကြုံရခြင်း။
► မဂ် ဖိုလ် ဆိုက်အောင် တရားဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံရခြင်း။
► တရားတော်ကို သိတတ်တဲ့ ဥာဏ်ရှိခြင်း။
► ကျင့်နိုင်တဲ့စွမ်းရည် ပြည့်စုံခြင်း။
► ကျေးဇူးတရား ပြန်ဆပ်ချင်တဲ့စိတ် ရှိခြင်း။
သည်ဒုလ္လဘတရား ၅ ပါးနဲ. ပြည့်စုံတဲ့သူဟာ သည်ဘဝမှာ မဂ် ဖိုလ် ရမယ်တဲ့။                      
►သာမညဆုတောင်း၊ သာမညပါရမီ၊ သာမညနဲ့ သည်အချိန်ကာလမှာ လူဖြစ်လာ မဟုတ်ဘူးဆိုတာ သိထားရပါမယ်တဲ့။

➌•   တရားအလုပ်စဉ်

► ပေါ်ချင်တဲ့စိတ်ပေါ်၊ အနိစ္စလို. ရှုလိုက်ပါ။ ဒါနလေးပြုတယ် ကုသိုလ်စိတ်ပေါ်လာရင် အနိစ္စလို့ ရှုလိုက်ပါ။ လောဘစိတ်ပေါ်လာရင်လည်း အနိစ္စလို. ရှုလိုက်ပါ။
► ဘာပေါ်ပေါ် အနိစ္စလို့ရှုပြီး၊ဆက်၍ အနိစ္စလို့သာ မှတ်။
► ပြီးရင် ကဗျာကယာ အနိစ္စလို့သာ သိလိုက်ပါ။

🔚#စိတ်ကလေးတစ်ခုပေါ်လာရင် အနိစ္စလို့ရှု၊
🔚 အနိစ္စလို့ မှတ်၊ အနိစ္စလို့ သိနေ လိုက်ပါ။ ပြီးရင်
🔚 အဆက်မပြတ်အောင်တော့ လုပ်ဖို့ လုပ်ပါမယ်။

➍•  ရှုလိုက်ရင်

► လောဘစိတ်လေးပေါ်လာလို့ ရှုလိုက်ရင် ဥာဏ်ထဲမှာ လောဘရယ်လို့ မထင်တော့ ပါဘူး။ ဖြစ်ပြီးပျက်တဲ့ အနိစ္စသဘောကိုသာ မြင်တာကြောင့် လောဘစိတ်က လောဘအလုပ်ကို မလုပ်နိုင်တော့ပါဘူး။
► လောဘက အပါယ်ပို့အောင် လာသော်လည်း ဥာဏ်နဲ့အုပ်လိုက်တဲ့အတွက် လောဘက ဖြစ်ပျက်၊ နောက်ကရှုတာက ဝိပဿနာမဂ် ဖြစ်သွားပါတယ်။
► လောဘက သည်မှာပဲရပ်သွားပြီး ဥပါဒါန် မကူးလိုက်နိုင်တော့တဲ့အတွက်
အကျိုးပေမဲ့ ကမ္မဘဝ မဖြစ်လာနိုင်တော့ပါ။

၅.  ကိလေသာ ကြားမခိုစေနဲ့

► ဥပမာ ၅ မီးနစ်ရှုပြီးရင် လောဘ၊ ဒေါသ၊ မောဟ၊ သားသမီးကိစ္စတွေက ကြားဝင်လာတတ်တယ်။
► ဒါကြောင့် ကြားမဝင်အောင် သည်နေ့ မီးနစ် ၃၀ ထိုင်မယ်လို့ အဓိဋ္ဌာန်ထားပြီး
အနိစ္စနဲ့ ချည်း ဆက်နေရမယ်။
►သည်လိုသာဆိုရင် ဧကန်မုချ တရားထူး ရရှိပါမယ်တဲ့။

【မိုးကုတ်ဆရာတော်ဘုရားကြီး】

❁ အပ္ပမာဒေန သမ္မာဒေထ ❁
✦ ရွင်​လန်း✦ချမ်း​မြေ့ ✦ ပါ​စေ✦

No comments:

Post a Comment