Monday, November 26, 2018
သုံးဆယ့်​တစ်​ဘုံရှင်းတမ်း
ဗုဒ္ဓဘာသာမှန်​လျှင်​ သိရှိရန်​ အထူးလိုအပ်​ပါတယ်​။
♨  သုံးဆယ့်​တစ်​ဘုံရှင်းတမ်း ♨
°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ အပါယ်​​လေးဘုံ
ငရဲ ၊ တိရစ္ဆာန်​ ၊ ပြိတ္တာ  အသုရ
ကာယ်​။
(က) ငရဲဘုံဟာ  ဒီကမ္ဘာ​မြေပြင်
အောက်​ ယူဇနာ (၁၅၀၀၀)တစ်
ယူဇနာ ၈-မိုင်​ထားတွက်​ရင်​ မိုင်
ပေါင်း (၁၂၀၀၀၀) အရပ်​မှာ
တည်​ရှိတယ်​လို့ ဆိုပါတယ်
ငရဲက ရှစ်​ထပ်​ရှိပါတယ်
တစ်​ထပ်​နဲ့ တစ်​ထပ်​  ဒီအကွာအ​ဝေးအတိုင်း ​အောက်​ဘက်​ကို ကွာ​ဝေးသွားပြီး  ကမ္ဘာ​မြေကြီးရဲ့. ​အောက်​မှာ  တည်​ရှိတယ်​လို့ ဆိုပါတယ်
(ခ)တိရစ္ဆာန်​ ဘုံဆိုတာက​တော့
အထူး ညွှန်​ပြ​နေစရာ  မလိုပါဘူး
ဆင်​မြင်းကျွဲနွား စသည်​ဖြင့်​ လူ
တိုင်း အသိပါပဲ  သူတို့က​တော့
ဘုံသီးခြားမရှိ  တိရစ္ဆာန်​အမျိုးမျိုး
အလိုက်​  စု​ပေါင်း ​နေထိုင်​ရာအ
ရပ်​ကို တိရစ္ဆာန်​ ဘုံလို့​ခေါ်ပါ
တယ်
အချုပ်​က​တော့  သူတို့
နေထိုင်​ရာအရပ်​ဟာ  သူတို့ဘုံ
ပါပဲ။
(ဂ)ပြိတ္တာဘုံ   အစိမ်း​​သရဲ ​​ဘီလူး
သဘက် တ​စ္ဆေ​မြေဘုတ် မှင်စာ
အစရှိတဲ့  မ​ကောင်းဆိုးရွား သ
တ္တဝါအစားစား​တွေကို  ပြိတ္တာလို့
ခေါ်တယ်​  သူတို့လဲ​နေရာဘုံသီး
ခြားမရှိ  ​တောကြီး​ ​တောင်​ကြီး
ချိုင့်​ဝှမ်း ကန္နား ​ချောင်း​မြောင်း
အင်းအိုင်​  အိမ်​ကြိုအိမ်​ကြား စ
သည်​ သူတို့ခို​အောင်း​နေထိုင်​ရာ
နေရာဟာ  သူတို့ဘုံပဲ။
(ဃ)အသူရကာယ်​ဘုံ  အသူရ
ကာယ်​ဆိုတာ ပြိတ္တာ အကြီးစား
ဖြစ်​ပါတယ်​  သမုဒ္ဒယာ မြစ်​ကမ်း
အစပ်​​တွေမှာ  ​နေထိုင်​တတ်​ပါ
တယ်​  ​ရေ​ဘေးမှာ​နေ​သော်​လဲ
ရေမ​သောက်​ရ. ​ရေထဲဆင်းသွား
ရင်​​ရေ​တွေ​ပျောက်​ပြီး  သဲပူ​တွေ
သာ ​တွေ့ရပါတယ်​  စားစရာဆို
တာက​တော့  သာလို့ပဲ​ဝေးပါ
တယ်​  အလွန်​ဆင်းရဲပါတယ်
အဲဒီ အသူရကာယ်​ (ပြိတ္တာအကြီး
စား) အ​ပေါင်းတို့ ​နေရာကိုပဲ အ
သူရကာယ်​ဘုံလို့ ​ခေါ်ပါတယ်​။
၂။ လူ့ဘုံ  ယခု လူတို့​နေထိုင်​ရာ
ကမ္ဘာ​လောကကြီးပါပဲ။
၁။ စတုမဟာရာဇ်​ဘုံ
၂။ တာဝတိံသာ
၃။ယာမာ
၎။တုသိတာ
၅။ နိမ္မာနရတိ
၆။ပရနိမ္မိတဝသဝတ္တီဘုံတို့ဖြစ်​သည်
စတုမဟာရာဇ်​ဘုံဟာ မြင့်​မိုရ်
တောင်​ခါးပန်း နံပါး​လေးဘက်
မှာတည်​ရှိပါတယ်​။
တာဝတိံသာဘုံဟာ  မြင့်​မိုရ်
တောင်​ထိပ်​မှာ တည်​ရှိပါတယ်
ယာမာအစရှိတဲ့  နတ်​ပြည်​​လေး
ထပ်​က​တော့  တာဝတိံသာအ
ထက်​ ​ကောင်းကင်​​ပေါ်မှာ အ
ဆင့်​ဆင့်​ တည်​ရှိတယ်​လို့ဆို
ပါတယ်​။
လူ့ဘုံ  နတ်​ပြည်​​ခြောက်​ထပ်​ဘုံ
ပေါင်း(၇)ဘုံကို ကာမသုဂတိ ၇
ဘုံလို့​ခေါ်ပါတယ်
အပါယ်​​လေးဘုံ  ကာမသုဂတိ ၇-ဘုံ​ပေါင်း ၁၁ ဘုံကို ကာမ ၁၁ ဘုံလို့​ခေါ်ပါတယ်​။
ဗြဟ္မာ့ဘုံနှစ်​ဆယ်
(က) ပဌမဈာန်​သုံးဘုံ
၁။ ဗြဟ္မပါရိသဇ္ဇာ ဘုံ
၂။ ဗြဟ္မပု​​ရောဟိတာ ဘုံ
၃။ မဟာဗြဟ္မာ ဘုံ
(ခ) ဒုတိယဈာန်​သုံးဘုံ
၎။ ပရိတ္တာဘာ ဘုံ
၅။ အပ္ပမာဏာဘာဘုံ
၆။ အာဘဿ      ရာဘုံ
(ဂ) တတိယဈာန် သုံးဘုံ
၇။ ပရိတ္တသုဘာ ဘုံ
၈။ အပ္ပမာဏသုဘာ ဘုံ
၉။ သုဘကိဏှာ ဘုံ
(ဃ) စတုတ္ထဈာန် ၇ ဘုံ
ံ၁၆။ ​ဝေဟပ္ဖိုလ်​ဘုံ
အသညသတ်​ဘုံ
သုဒ္ဓါဝါသ ၅ ဘုံ (အဝိဟာ  အတပ္ပါ
သုဒဿာ  သုဒဿီ အကနိဋ္ဌာ)
ပေါင်း ၇ ဘုံ
ပဌမဈာန်​ ၃ ဘုံ
ဒုတိယဈာန်​ ၃ ဘုံ
တတိယဈာန်​ ၃ ဘုံ
စတုတ္ထဈာန်​ ၇ ဘုံ
ဒီ ၁၆ ဘုံကို- ရူပါဝါစရ = ရူပ ၁၆ ဘုံလို့​​ခေါ်တယ်​။
၂၀။ အာကာသာနဉ္စာယတနဘုံ
ဝိညာနဉ္စာယတနဘုံ
အာကိဉ္စညာယတနဘုံ
နေဝသညာနာသညာယတနဘုံ  ဒီ​လေးဘုံကို အရူပါဝ
စရ အရူပဘုံလို့​ခေါ်တယ်
ရူပ ၁၆ ဘုံနှင့်​ အရူပ ၄ ဘုံ​ပေါင်းလိုက်​လျင်​ ဗြဟ္မာဘုံ ၂၀ ဖြစ်​တယ်​။
ကာမ ၁၁ ဘုံ
ဗြဟ္မာဘုံ ၂၀ ​ပေါင်း
ဘုံ ၃၁ ဘုံ ဖြစ်​ပါသည်​။
လေးကျွန်းတစ်​မြင့်​မိုရ်​ စီဖြင့်
တည်​ရှိ​နေတဲ့  စကြဝဠာ​တွေ
ဟာ အနန္တများလှတယ်​လို့ ဆို
ပါတယ်​  ဒီစကြာဝဠာ​တွေကို ဘုံ
အ​နေနဲ့. ခွဲခြမ်းသတ်​မှတ်​ကြည့်
လိုက်​ရင်​  (ဒီစကြာဝဠာ ဒီကမ္ဘာ
က) ဘုံမျိုး​တွေပဲ ဖြစ်​စရာရှိပါ
တယ်​ ဒါ​ကြောင့်​အခြား​သောစ
ကြဝဠာဟာလည်း ၃၁ ဘုံထဲပါ
ဝင်​တယ်​လို့ ဆိုရမှာဖြစ်​ပါတယ်​။
No comments:
Post a Comment