Thursday, November 22, 2018

သံယောဇဉ်ကြီးရင် ဘုရားနဲ့ဝေးမယ်

#သံယောဇဉ်ကြီးရင်_ဘုရားနဲ့ဝေးမယ် ___________________________

"သံယောဇဉ် အနှောင်အဖွဲ့တွေဆိုတာက
သိပ်ကြီးရင် ကုသိုလ်တရားတွေကို
တားမြစ်ပါတယ်."

ကုသိုလ်တွေကို တားမြစ်တာ
ကိုယ်သံယောဇဉ်ရှိသူတွေက
တားမြစ်တာလား ?

#ကိုယ်ကိုယ်တိုင်က_တားမြစ်တာ
ကိုယ်ကိုယ်တိုင်က တားမြစ်တယ် ဆိုတာ
#ကိုယ်ရဲ့သံယောဇဉ်က တားမြစ်တာနော်....

သံယောဇဉ် အဖြစ်ခံရသူတွေက
တားမြစ်တာ မဟုတ်ဘူး။တရားပွဲသွားမယ်။
အိမ်ကလူတွေကို စိတ်မချရတာနဲ့
မသွားဖြစ်ဘူး။

အမေကြီးကို စိတ်မချရတာနဲ့.
အဖေကြီးကို စိတ်မချရတာနဲ့
သားကိုစိတ်မချရတာနဲ့
သမီးကိုစိတ်မချရတာနဲ့
မြေးကိုစိတ်မချရတာနဲ့
သံယောဇဉ်အနှောင်အဖွဲ့တွေ ကြီးနေတော့
တရားပွဲ သွားချင်တိုင်း သွားလို့မရတော့ဘူး။
ကုသိုလ်ကောင်းမှုတွေ
ပြုချင်တိုင်း ပြုလို့ မရတော့ဘူး။

သံယောဇဉ်သိပ်ကြီးရင်
ကိုယ်သံယောဇဉ်ကြီးတဲ့ သူကပဲ
ကိုယ့်စိတ်ကို လွှမ်းမိုးနေတယ်။
သတိရတိုင်းလည်း
သာယာတပ်မက်တဲ့စိတ်ဖြစ်ဖြစ်
စိုးရိမ်ပူပန်တဲ့စိတ်ဖြစ်ဖြစ်
တစ်ခုမဟုတ်တစ်ခု ဖြစ်သွားတယ်။

သာယာတပ်မက်တဲ့စိတ်ရော
စိုးရိမ်ပူပန်တဲ့စိတ်ရော
အကုသိုလ်စိတ်တွေပါပဲ
အကုသိုလ်ဖြစ်နေမှတော့
ကုသိုလ်မဖြစ်တော့ပါဘူး။

ကုသိုလ်မဖြစ်မှတော့
သုဂတိ ရောက်ကြောင်း တရားနဲ့ရော
နိဗ္ဗာန် ရောက်ကြောင်း တရားနဲ့ရော
ဝေးနေပြီပေါ့။ တရားနဲ့ ဝေးနေတာဟာ
ဘုရားနဲ့ ဝေးနေတာပါပဲ။

ကိုယ်သံယောဇဉ်ကြီးသူကို
သတိရနေတဲ့အခိုက်မှာ
ဘုရားကို သတိမရနိုင်တဲ့အတွက်လည်း
အဲဒီအခိုက်မှာ ဘုရားအာရုံနဲ့ ကိုယ့်စိတ်နဲ့
ထိတွေ့မှုမရှိလို့ ဆုံစည်းမှုမရှိလို့
ဘုရားနဲ့ ဝေးနေပါတယ်။

သံယောဇဉ်ကြီးရတဲ့ သူရဲ့
အာရုံလွှမ်းမိုးမှုကြောင့် လုပ်သင့်လုပ်ထိုက်တဲ့
အလုပ်ကောင်း အလုပ်မြတ်တွေကို
မလုပ်ဖြစ်တော့တာ လုပ်ပြန်တော့လည်း
ပြီးသင့်သလောက် မပြီးစီးတော့တာတွေဟာ
သံယောဇဉ် ကြီးလွန်းခြင်းရဲ့
ကြီးမားတဲ့ ဆိုးကျိုးတစ်ခုပါပဲ။

သံယောဇဉ်ကြောင့်
အလုပ်မဖြစ် အလုပ်မပြီးတာဟာလည်း
တစ်လောကလုံးမှာ
အလုပ် လုပ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့
မြတ်စွာဘုရားရှင်နဲ့ ဝေးနေတာပါပဲ။
အဲတော့ သံယောဇဉ်ကြီးရင် ဘုရားနဲ့ ဝေးမယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
🙏🙏🙏

No comments:

Post a Comment