Monday, November 26, 2018

အရှင် ဆန္ဒာဓိက ၏ ဩဝါဒများ။

အရှင် ဆန္ဒာဓိက ၏ ဩဝါဒများ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸
အသက်မထွက်ခင်သေနှင့်ပါ
🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မနိုးသောအိပ်စက်ခြင်းနဲ့
အိပ်စက်ခါနီးအချိန်မှာ
အကောင်းဆုံး
အနေအထားဖြစ်နေဖို့အတွက်

နိုးသောအိပ်စက်ခြင်းနဲ့
အိပ်စက်ခါနီးအချိန်ကို
အကောင်းဆုံး
အနေအထားဖြစ်အောင်
လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

အသေကြီးနဲ့သေခါနီးအချိန်မှာ
အာရုံကောင်း နိမိတ်ကောင်းတွေ
ထင်မြင်နေဖို့အတွက်
အသေလေးနဲ့သေခါနီးအချိန်ကို
အာရုံကောင်း၊ နမိတ်ကောင်းတွေနဲ့
ထုံမွမ်းပေးထားရပါမယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ဆုံစည်းခြင်းကောင်းမှ
🌼🌼🌼🌼🌼🌼🌼
လမ်းခွဲခြင်းကောင်းမယ်
🌼🌼🌼🌼🌼🌼🌼

လူအချင်းချင်း
ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာလည်း
ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရတဲ့
လူကို အကြောင်းပြုပြီးတော့
ကုသိုလ်တွေဖြစ်အောင်
ကြိုးစားကြရမယ်။
ကိုယ့်ကြောင့်
သူလည်း ကုသိုလ်ဖြစ်၊
သူ့ကြောင့်
ကိုယ်လည်း ကုသိုလ်ဖြစ်၊
အပြန်အလှန်
ကုသိုလ်စိတ်တွေဖြစ်၊
မေတ္တာစိတ်တွေ ဖြစ်အောင်
သတိနဲ့၊ ဉာဏ်နဲ့ ယှဉ်ပြီးတော့
နေထိုင်ကြရမယ်။

မေတ္တာနဲ့ ထုံမွှမ်းထားတဲ့
ပေါင်းဆုံခြင်းဖြစ်မှသာလျှင်
လမ်းခွဲခြင်းကလည်း
မေတ္တာနဲ့ ထုံမွှမ်းထားတဲ့
လမ်းခွဲခြင်းဖြစ်မယ်။
ဝမ်းနည်းစရာ
မကောင်းတဲ့လမ်းခွဲခြင်း၊
အဆင့်အတန်းမြင့်တဲ့
လမ်းခွဲခြင်းတွေ
ဖြစ်ကြပါလိမ့်မယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

နှစ်ဖက်မြင်မှ အသက်ဝင်မယ်
🌸🌸🌸🌸🌸🌸🌸🌸🌸

နေရာတကာ ကိုယ်နဲ့နှိုင်းပြီး
သူတစ်ပါးကို အပြစ်မြင်၊
အပြစ်တင်တတ်တဲ့သူတွေဟာ
အရာရာကို ကိုယ့်ဘက်
တစ်ဖက်တည်းကပဲ ကြည့်တဲ့သူတွေ၊
သူ့ဘက်ကို လုံးဝ
ထည့်မစဉ်းစားပေးတဲ့သူတွေပါပဲ။
နှစ်ဖက်မြင်အသိဉာဏ်
မရှိတဲ့သူတွေပေါ့။

`သူဟာ ကိုယ်မဟုတ်ဘူး´ဆိုတာကို
နားလည်သဘောပေါက်ရင်
သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို
ကိုယ့်အမြင်နဲ့ လိုက်တိုင်းပြီး
မကျေမနပ်ဖြစ်နေတာမျိုး၊
နေရာတကာ
ဝင်ရောက်စွက်ဖက်တာမျိုးဖြစ်မှာ
မဟုတ်တော့ပါဘူး။

နေတတ်ရင်
ကျေနပ်စရာဖြစ်ပေမယ့်
မနေတတ်ရင်တော့
ကျေနပ်စရာအခြေအနေမျိုး
ရောက်နေတာတောင်မှ
ကျေနပ်မှု ဘယ်တော့မှ
ရမှာ မဟုတ်ပါဘူး။

နှစ်ဖက်မြင်အသိဉာဏ်မရှိရင်
မနေတတ်ပါဘူး။
မနေတတ်ရင်
မကျေနပ်တဲ့စိတ်
အမြဲဖြစ်နေမှာပါပဲ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မေတ္တာလက်ဆောင်လား
🌸🌸🌸🌸🌸🌸🌸🌸
အဂတိလက်ဆောင်လား
🌼🌼🌼🌼🌼🌼🌼🌼🌼

လောကမှာ
တစ်ယောက်နဲ့ တစ်ယောက်
ပေးကြတဲ့လက်ဆောင်က
မေတ္တာလက်ဆောင်နဲ့
အဂတိလက်ဆောင်လို့
နှစ်မျိုးရှိပါတယ်။
ကိုယ့်အကျိုးကို
ဘာမှ မမျှော်လင့်ဘဲ
သူတစ်ပါး ကောင်းကျိုးရစေချင်တဲ့
မေတ္တာစိတ်သက်သက်နဲ့
ပေးတဲ့ လက်ဆောင်ကိုတော့
`မေတ္တာလက်ဆောင်´ လို့
ခေါ်ပါတယ်။

တစ်ဖက်သားရဲ့
ကောင်းဂုဏ်တစ်ခုခုကို
ဂုဏ်ပြုပူဇော်တဲ့အနေနဲ့
ပေးတဲ့လက်ဆောင်၊
တစ်ဖက်သားရဲ့
ကျေးဇူးတရားကို
လေးစားတုံ့ပြန်တဲ့အနေနဲ့
ပေးတဲ့လက်ဆောင်ဟာလည်း
မေတ္တာလက်ဆောင်ပါပဲ။

တစ်ဖက်သား
ကောင်းကျိုးရဖို့ထက်
ကိုယ့်လိုအင်ဆန္ဒ ပြည့်ဝဖို့အတွက်
မျှော်လင့်ချက်တစ်စုံတစ်ရာနဲ့
လာဘ်ထိုးတဲ့သဘောမျိုး
ပေတဲ့ လက်ဆောင်ကိုတော့
`အဂတိလက်ဆောင်´ လို့
ခေါ်ပါတယ်။

ကိုယ့်ကို
ကျေးဇူးပြန်ဆပ်စေချင်တဲ့စိတ်နဲ့
ကိုယ်က အရင်ဦးအောင်
ကျေးဇူးပြုထားတဲ့သဘောမျိုး
မျက်နှာလုပ်ပြီးပေးတဲ့
လက်ဆောင်ဟာလည်း
အဂတိလက်ဆောင်ပါပဲ။

အဂတိလက်ဆောင်ကို
မေတ္တာလက်ဆောင် ထင်ပြီး
ကျေနပ်နေရင်တော့
ကိုယ်ရတာနဲ့ မကာမိတဲ့
ပေးဆပ်ခြင်းတွေနဲ့ လည်စင်းပြီး
ပေးဆပ်နေရတော့မှာ
သေချာပါတယ်။
တစ်ခါတစ်ရံမှာ
မေတ္တာလက်ဆောင်ကလည်း
အဂတိလက်ဆောင်အဖြစ်
အသွင်ပြောင်းသွားတတ်ပါသေးတယ်။

`မေတ္တာလက်ဆောင်´ ဆိုရင်တော့
ကိုယ့် `လက်´ ကို
နတ်ရွာနိဗ္ဗာန်အထိ
ဆွဲခေါ် `ဆောင်´ သွားမယ့်
လက်ဆောင်ပေါ့...။
`အဂတိလက်ဆောင်´ ဆိုရင်တော့
ကိုယ့် `လက်´ ကို
အပါယ်လေးဘုံအထိ
ဆွဲခေါ် `ဆောင်´ သွားမယ့်
လက်ဆောင်ပေါ့.. ..။

မေတ္တာလက်ဆောင် ပေးမှာလား...။
အဂတိလက်ဆောင် ပေးမှာလား.. ..။
ဘယ်လက်ဆောင်ပေးမှာလဲ....။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ကာမဂုဏ်ကို ထားရစ်ခဲ့
🌼🌼🌼🌼🌼🌼🌼

ကာမဂုဏ် အာရုံကို
ထင်ထင်ရှားရှား
ခံစားနေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊
မထင်မရှား
စဉ်းစားနေတဲ့အချိန်မှာပဲဖြစ်ဖြစ်
နှာသီးဝ လေထိရာအရပ်
သတိကပ်ပြီး
ဝင်လေထွက်လေရဲ့
ထိမှုသဘော၊ တိုးမှုသဘောကို
ကြိုးကြားကြိုးကြား
ရှုပွားနိုင်မယ်ဆိုရင်
ကာမဂုဏ်
ခံစားနေချိန်မှာလည်း
ကိလေသာအပူ သက်သာသလို
ကာမဂုဏ်
စဉ်စားဖြစ်တဲ့အချိန်တွေလည်း
အများကြီး
နည်းပါးသွားနိုင်ပါတယ်။

အချိန်မရွေး၊ နေရာမရွေး
သတိထားပြီး
အသက်ရှူတဲ့အကျင့်၊
ဉာဏ်သွင်းပြီး
အသက်ရှူတဲ့အကျင့်
စွဲမြဲအောင် ပြုလုပ်ထားပါ။
ကာမဂုဏ်စဉ်းစားတဲ့စိတ်
နည်းပါးသွားပါလိမ့်မယ်။
စိတ်ကူးယဉ် သာယာမှုတွေနဲ့
အချိန်ဖြုန်းနေတာမျိုး
ကင်းရှင်းသွားပါလိမ့်မယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

______________________________________________

မိဘကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ။
အဆင့်တန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့
သားကောင်း သမီးကောင်းတို့ရဲ့
ထံမှောက်ကို ကံကောင်းခြင်း
လက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ
ဝင်လာမဆဲ တသဲသဲဆိုသလို
အလုံးအရင်းနဲ့ဝင်ရောက်လာမှာ အသေအချာပါ။

#အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)...

Credit - ဆရာတော်ကြီးများ၏ အသိပေးစကားစုများ။

No comments:

Post a Comment