Tuesday, November 27, 2018

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်
*********************

ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ် ..
ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ် ...
ချစ်စရာအများကြီး ရှိရင်တော့ သောက အများကြီးရှိမယ်ပေါ့ ...
သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ ...
ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ၊ သောက မီးလည်း ချုပ်ငြိမ်း သွားလေပါပဲ ...
ချစ်ရသူရဲ့ စိမ်းကား ရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထား တတ်သူ အတွက်တော့ တန်ဖိုး မဖြတ် နိုင်တဲ့ ဘဝ လွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ ...
အသုံးချ တတ်သူ တစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ် ကျန်စေဖို့ပါပဲ ...
စိတ်ဆင်းရဲခြင်း ဆိုတာက စိတ်ဓာတ် ပျော့ညံ့တဲ့သူတွေ ကန်ထရိုက်ဆွဲ ထားတဲ့ ခပ်ညံ့ညံ့ ပစ္စည်းတစ်ခုပါ ...
စိတ်ချမ်းသာခြင်းကတော့ စိတ်ဓာတ် ခိုင်မာသူတွေရဲ့ မူပိုင် ရတနာထုပ်ကြီး တစ်ခုဖြစ်ပါတယ် ....

_________________________________

❤ “အဆိုးကံချစ်ရင် အချစ်ကံဆိုးမယ်" ❤

❖ အချစ်နဲ့ ပတ်သက်ပြီး
    အဆိုးကြုံတွေ့ရတယ်ဆိုတာ
    အချစ်နဲ့ ပတ်သက်တဲ့ အဆိုးကံတွေ
    အတိတ်က ကျူးလွန်ခဲ့လို့ပါ။

❖ ‘အတိတ်က' ဆိုတဲ့နေရာမှာ
    ရှေးယခင်ဘဝတွေက
    အတိတ်လည်း ပါဝင်သလို
    ယခုဘဝရဲ့
    ရှေ့ပိုင်းအတိတ်တွေလည်း
    ပါဝင်ပါတယ်။

❖ အချစ်ကံခေစေတဲ့
    အဓိကအကျဆုံး အဆိုးကံကတော့
    အချစ်ရေးမှာ သစ္စာမရှိခြင်း၊
    တစ်နည်းအားဖြင့်
    အချစ်ရေးဖောက်ပြန်ခြင်းပါပဲ။

❖ ကိုယ့်ချစ်သူ၊
    ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ
    သစ္စာမရှိဘဲ တခြားတစ်ယောက်၊
    သို့မဟုတ် တခြားအယောက်များစွာနဲ့
    ဖောက်ပြန်နေတာဟာ
    အချစ်ကံခေစေတဲ့ အဆိုးကံကို
    ထူထောင်နေတာပါ။

❖ အဲဒီကံ အကျိုးပေးတဲ့ဘဝ
    သေချာပေါက် အချစ်ကံခေမှာပါပဲ။

                   ✤ ✤ ✤ ✤ ✤
❄ (ဆရာတော်အရှင်ဆန္ဒာဓိက) ❄
ဆရာတော်၏ “စိတ်အားဖြည့် ဓမ္မကြာပွင့်" စာအုပ်မှ။

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

No comments:

Post a Comment