Saturday, November 24, 2018

မျှော်လင့်သလိုမဖြစ်ဖို့က သေချာတယ်

🙏မျှော်လင့်သလိုမဖြစ်ဖို့က_သေချာတယ်
           
             တခြားလူတစ်ယောက်ကလည်းပြောတယ် ကိုယ့်အကြောင်း ကိုယ်သိလာတာဟာ တဖြည်းဖြည်းနဲ့ မာန်တော်တော်ကျတယ်တဲ့။ 

                 ကိုယ့်ကိုကိုယ် ဘယ်သာဖြစ်ဖြစ် ကောင်းတယ်လို့ ထင်တာပေါ့လေ ဒါတော့ ထုံးစံပဲ ကောင်းတာလည်း ရှိသလို ဆိုးတာလည်း ရှိတာပေါ့ ကိုယ့်ကိုကိုယ်ကျတော့ ကောင်းတဲ့အပိုင်းလေ့ကျင့်ရင်  ဒါဟာ ငါပဲဆိုပြီး သိမ်းထားတယ် မကောင်းတဲ့ အပိုင်းဆိုရင် အဲဒါတွေဟာ ငါနဲ့မဆိုင်ဘူး ငါ့ဆီမလာနဲ့လို့ ပယ်လိုက်ချင်တယ်နော်။                
               
ကိုယ်လိုချင်တာလေးကျတော့ ကိုယ့်နဲ့ identified လုပ်ထားချင်တယ် အဲဒါလေးတွေကိုပဲ ဒါလေးကတော့ ကောင်းတာမို့လို့ ငါကောင်းတယ်လို့ ဒီလို သတ်မှတ်ထားတယ်။

               ဥပမာ ငါဒီနေ့ ဘုရားရှိခိုးတယ် ပုတီးစိပ်တယ် မေတ္တာပို့တယ် ငါကာင်းတာလုပ်တယ် အဲဒီတော့ ငါကောင်းတယ် တကယ် စိတ်ထဲကြည့်တဲ့အခါကျတော့ ကောင်းတလည်း တွေ့ရတယ် မကောင်းတလည်း တွေ့ရတယ် မကောင်းတာက များများပဲ။

              တနေကုန် ဖြစ်နေတဲ့ စိတ်တွေ လိုက်ကြည့်တော့ လောဘဖြစ်တယ် ဒေါသဖြစ်တယ် မာနဖြစ်တယ် ဣဿ မစ္ဆာရိယ ဖြစ်တယ် စိတ်ပျံ့လွင့်မှုကြောင့် ဥဒ္ဒိစ္စ ကုက္ကုစ္စ ဆိုတာတွေ မလာနဲ့လို့ ပြောထားလို့မရဘူး။

               အဲဒီတော့ နဂိုထဲက အဲဒါတွေ မလာနဲ့လို့ မျှော်လင့်နေရင်ကိုပဲ စိတ်ပျက်ရတော့မယ် expectation တစ်မျိုးရှိနေတယ်နော် expectation ရှိတော့ disappointmemt က ရှိတော့မှာပဲ မျှော်လင့်သလိုက မဖြစ်တော့ဘူး မဖြစ်ဖို့က သေချာနေတယ်။

               နဂိုမျှော်လင့်တာက အခုတရားထိုင်တော့မယ် ဘယ်လောက်ကြာကြာဖြစ်ဖြစ်ပေါ့ တစ်နာရီဖြစ် တစ်နာရီ အဲဒီတစ်နာရီအတွင်းမှာ စိတ်ကလေးငြိမ်ပြီးတော့ တခါတည်း သမာဓိတွေရပြီးတော့ ရှု့မှတ်နေတဲ့ အာရုံလေးကလည်း အင်မတန် ထင်ရှားနေတော့ နောက်ဆုံး တခါတည်း ရုပ်တရား နာမ်တရားတွေ ချိုပ်ငြိမ်းရာကို ချက်ခြင်းပဲ အာရုံပြုချင်တော့တာ။

                မျှော်လင့်ချက်က အဲဒီလို ထာူနေတာနော် ဒါပေမယ့် မျှော်လင့်သလို ဖြစ်လာမှာလား မဖြစ်ဘူး မဖြစ်ဖို့က သေချာနေတာနော် အဲဒီတော့ သူ့အတွက် လမ်းလေးဖွင့်ထားပေးဖို့လိုတယ် ကိုယ့်ဟာကို တက်နိုင်သလောက် ခန္ဓာကိုယ်မှာ ထင်ရှားတာတစ်ခုခုကို ရှု့မှတ်ပြီး ပစ္စုပ္ပန်မှာပဲ စိတ်ကို ထားမယ် အကယ်၍ လောဘစိတ် ဖြစ်လာရင် သူ့ကို သိအောင်မြင်အောင် သေချာကြည့်မယ် တခြားဘာစိတ်ဖြစ်ဖြစ် ဖြစ်သမျှ အတွေးအတော ဝင်လာလို့ရှိရင် အဲဒီအတွေးအတောကို သေချကြည့်မယ်လို့ သဘောထားရမယ်။

#သေချာမြင်ရင်_မြင်တဲ့နေရာတင်ရပ်သွားတာပဲ

               အတွေးကို သေချာမြင်လာလို့ရှိရင် အဲဒီအတွေးတွေက နှေးသွားတယ် တွေးတယ်ဆိုတာ ဘာလဲလို့ သေချာကြည့်ရင် တွေးတယ်ဆိုတာ စိတ်ထဲမှာ စကားပြောနေတာပဲ စိတ်ထဲမှာ imagine လုပ်နေတာ တခုခုကို မှန်းဆပြီး ဖော်ယူနေတယ် ပှံပန်းသဏ္ဌာန်ကို မှန်းဆပြီး ဖော်လို့ရတယ် အကြောင်းအရာတွေကိုလည်းပဲ မှန်းဆပြီး စိတ်ထဲမှာ ဖော်ယူလို့ရတယ်။

               တွေးတယ်ဆိုတာ စိတ်ထဲမှာ မှန်းဆပြီး ဖော်ယူနေတာပဲ စကားပြောနေတာ သူ့မှာရုပ်လည်းရှိတယ် အသံလည်းရှိတယ် အခု အိမ်အကြောင်းတွေးလို့ရှိရင် အိမ်နဲ့ ပတ်သက်တဲ့ အရုပ်လေးပေါ်လာတယ် အိမ်မှာ လုပ်ရမယ့် ကိစ္စအကြောင်းတွေးရင် ဘယ်လိုပြောမယ် ဘာပြီးရင် ဘာလုပ်မယ် အစီအစဉ်လေးတွေက စိတ်ထဲမှာပေါ်နေတယ်။

               အဆင်မပြေတဲ့ အကြောင်းကိစ္စ တွေးရင်လည်း အဲဒီအဆင်မပြေတဲ့ ကိစ္စက ဘယ်သူ့ကြောင့်ဘယ်ဝါ့ကြောင့် အဆင်ပြေအောင် ဘယ်လိုလုပ်ရင်ရမယ် ဘယ်သူ့ကိုပြောရင် ရမယ် ဘယ်သူ့ကိုဆိုရမယ် အစီအစဉ်တွေ အများကြီးပေါ်လာတယ် အဲဒီလိုပေါ်လာတာကို သေချာမြင်အောင် ကြည့်ဖို့နော် သူတို့က အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။

               အဲဒီတော့ စိတ်ထဲမှာ စကားပြောနေတာကို သေချာမြင်အောင်ကြည့်ပါ တည့်တည့်သေချာမြင်လို့ရှိရင် မြင်တဲ့နေရာတင်ရပ်သွားတာပဲ သူတို့ကို တွန်းဖယ်လို့ရပ်သွားတာထက် သူတို့ကို မြင်လို့ ရပ်သွားတာက ပိုကောင်းတယ် တွန်းဖယ်လို့ရှိရင် အဲဒီတွန်းနေရ ဖယ်နေရတုန်းမှာကိုပဲ စိတ်ထဲမှာ tense ဖြစ်နေတယ် စိတ်ကြီးက တင်းနေတယ်။       
               
          ဖယ်လိုက်ပြီးတော့ ပြန်ဝင်မလာအောင် တားထားလို့ရှိရင်လည်း အဲဒီတားထားနေရတာလည်း တော်တော်ပင်ပန်းတယ် တားလို့လည်း မရပါဘူး ခဏနေပြန်ဝင်လာတာပဲ သေချာမြင်အောင် ကြည့်လိုက်ပါ မြင်အောင်သေချာကြည့်လိုက်လို့ရှိရင် တော်တော်နဲ့ ပြန်ဝင်မလာတော့ဘူး သူတို့ မရှိတော့တဲ့အခါမှာ ကိုယ့်ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ sensation တစ်ခုခုကို အာရုံပြုပြီးတော့ နေလိုက်ပါ။

               အဲဒီ sensation ကို အာရုံပြုရာမှာလည်းပဲ သာမှန်လောက် အာရုံပြုရင် အာရုံရဲ့ သဘာဝကို အကြမ်းစားလောက်ပဲ မြင်ရတာ အာရုံရဲ့သဘာဝကို ပိုပြီးတော့ ထင်ရှားအောင် အာရုံစိုက်လို့ရှိရင် သဘောက ပိုထင်ရှာလို့ရှိရင် စိတ်က ပိုတည်ငြိမ်လာတယ်။

                အာရုံရဲ့သဘာဝ သိပ်မထင်ရှားလို့ရှိရင် စိတ်ပျံ့လွင့်တယ်နော် အဲဒီတော့ ပစ္စုပ္ပန်မှာ ထားတဲ့အာရုံ မထင်ရှားရင် စိတ်ပျံ့လွင့်တယ် ပစ္စုပ္ပန်မှာ ကိုယ်ထားနေတဲ့ အာရုံက ထင်ရှားရင် ပျံ့လွင့်မှုနည်းတယ်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
     ( မသိရင်ခက်မယ် ) စာအုပ်မှ

No comments:

Post a Comment