Thursday, November 29, 2018

သစ္စာရွှေစည် ဆရာတော် ဦးဥတ္တမ၏တရားတော်များ

ကောင်းလွန်းလို့ ဖတ်​ကြည့်​​စေချင်​ပါတယ်​...
📗📗📗📗📗📗📗📗📗📗📗📗📗📗

📗ဘယ်​​သောအခါမှ မုန်း၍လည်း
ကျိန်​စာမတိုက်​ပါနှင့်​ ချစ်​ခင်​၍လည်း
နောက်​ဘဝပြန်​​တွေ့ပါရ​စေ ဆုမ​တောင်းကြပါနဲ့
ကံ ကံ၏အကျိုးရယ်​ သံသရာဆိုတာကိုရယ်
ယုံကြည်​သက်​ဝင်​ကြပါ​စေ...

ကံ မှန်​ပါက အကျိုး​ပေးသန်​၏
ပြုသူအသစ်​ ဖြစ်​သူအ​ဟောင်းပါ
📗📗📗📗📗📗📗📗📗📗📗📗📗📗

{ ကံ ကံ၏ အကျိုး​ပေး​တွေပါ }
📗📗📗📗📗📗📗📗📗📗

📗ပဋာစာရီ
လင်​ကို ​မြွေကိုက်
သားကြီး​ ​ရေနစ်
သားငယ်​ စွန်​ချီ
မိဘ နှစ်​ပါးနှင့်
အကိုကြီး
လေပြင်း မုန်​တိုင်း​ကြောင့်
ဆုံးရှုံး
အဝတ်​အစားမဲ့
ရူးခဲ့ကြရတယ်​....

🙏မြတ်​ဗုဒ္ဓ နှင့်​​တွေ့​တော့

📗ချစ်​သမီး
ဒီပွဲဟာ ငိုရမယ့်
ပွဲ မဟုတ်​ဘူး
လက်​ခုပ်​လက်​ဝါး တီးပြီး
ရယ်​​မော ရမယ့်​ ပွဲ တဲ့
ဘာလို့လည်း ဆို​တော့....

📗အတိတ်​ ဘဝ တစ်​ခုတုန်း က
ခု​သေဆုံး သွားကြတဲ့
ဆွေမျိုး ရင်းချာ
၆ ဦးဟာ ချစ်​သမီးရဲ့
အိမ်​ကို ဓားပြတိုက်
မီးရှို့ လူသက်​ လုပ်​ကြ​တော့
ချစ်​သမီးကပဲ
စိတ်​ဆိုး လွန်းလို့

📗ဒင်းတို့ ၆ ဦးလုံး
ငါ့ မျက်​​စေ့ ​ရှေ့မှာ
အ​သေဆိုးနဲ့ ​သေတာကို
တပ်​အပ်​ မြင်​ရပါ​စေသား လို့
ဆု​တောင်းခဲ့ဖူး သတဲ့....

📗ခု အဲ့ဒိ ဆု​တောင်း
ပြည့်​ပြီ​လေ တဲ့...

📗ပြုသူ အသစ်
ဖြစ်​သူ အ​ဟောင်း
ကံမှန်​ရင်​ အကျိုး​ပေး
သန်​လွန်း ပါတယ်

📗သံသရာ ဟာ
ဉာဏ်​နဲ့ မဖြတ်​ရင်
မပြတ်​ပါဘူး
ပဋာစာရီ ရူးသွပ်​​နေချိန်

📗မြတ်​ဗုဒ္ဓ နှင့်
ဘာ့​ကြောင့်​ ကြုံဆုံခွင့်
ရခဲ့ပါသလည်း...?

📗အတိတ်​က တစ်​ကြိမ်​ တစ်​ခါ
ဝိပဿနာတရား အားထုတ်​ခဲ့
ဖူးလို့ပါပဲ...

📗အဲ့ဒါ​ကြောင့်​...
ဓမ္မမိတ်​​ဆွေတို့ ကျုပ်​တို့​တွေ ဟာ
ပဋာစာရီ ​လောက်​လည်း
အ​ခြေ​နေ မဆိုးခဲ့ကြပါဘူး

📗ကံ​ကောင်းသူများ
တရားနာယူခွင့်​ ရကြသည်

📗ကံ အလွန်​ ​ကောင်းသူများ
တရား အားထုတ်​ခွင့်​ ရကြသည်

📗ကံဆိုးသူများ
တရားကို ​ရှောင်​ကြသည်

📗ဓမ္မမိတ်​​​ဆွေများ .....

📗ကံ ​ကောင်းသူလား???

📗ကံ ဆိုးသူလား???

သ​ဗ္ဗေ သတ္တာ ကမ္မသကာ
သ​ဗ္ဗေ သင်္ခါရ​ အနိစ္စ ပါ တကား
📗📗📗📗📗📗📗📗📗📗📗📗📗

Credit >
သစ္စာရွှေစည် ဆရာတော်
🙏🙏🙏🙏🙏🙏🙏🙏🙏
ဦးဥတ္တမ၏တရားတော်များ

#Crd
      #ကူးယူမျှဝေဓမ္မဒါနပြုပါသည်)

No comments:

Post a Comment