Monday, November 26, 2018

သစ်အိုတော့ အမြစ်ဆွေး လူအိုတော့ အချစ်ဝေး။

သစ်အိုတော့ အမြစ်ဆွေး  လူအိုတော့ အချစ်ဝေး။
=====================

©      အသက်ကြီးလာတဲ့ အဖိုးအဖွားတွေကို သားသမီး မြေးမြစ်တွေက ပြုစုနေကြသော်လည်းဝန်လေးတတ်ကြတယ်။

ဝန်ထုပ်ကြီးကို ဝိုင်းကူထမ်းရမှာ ဝန်လေးနေကြသလို အိုမင်းမစွမ်းတွေကိုလည်း ဝန်လေးနေတတ်ကြတယ် ။

©      ဒီအရွယ်မှာ ရုပ်ကလည်း ထားသလိုမနေစိတ်ကလည်း စေသလို မသွားတော့ ။အဘိုးကြီးတော့ စိတ်တို  အဖွားအိုတော့စကားများ ဖြစ်လာတတ်တယ် ။

သည်အခါမျိုးမှာ လှိုင်းမိတဲ့လှေ
ပဲ့ထိန်းကောင်းရသည့်ပမာအရာ ရာ သည်းခံမှုဖြင့် ရင်ဆိုင်ရမယ် ။ သည်းမခံနိုင်လျှင် အယိုင်နောက်  အလဲဖေါက်ဖို့သာရှိတယ် ။ မဟန်နိုင်သူက ရန်ပြိုင်လျှင်  ပုရွက်ဆိတ် ဆင်ဦးခေါင်း တက်ခဲသလို ရှိတော့မယ် ။

©     သည်အရွယ်မှာ အရင်ဆုံးသည်းခံရမှာက ကိုယ့်ရုပ်ရဲ့ ဖေါက်ပြန်မှုနဲ့ စိတ်လှုပ်ရှားမှုတွေပဲ။

လိုသလို မရတော့တဲ့ရုပ်ကိုကြည့်ပြီး သည်းမခံနိုင်လျှင် စိတ်မော လူမောဖြစ်တတ်ပါတယ် ။ ဒီအချိန်မှာ တစ်ယောက်တည်း တည့်အောင်ပေါင်းလို့ မရတတ်တော့ဘူး ။

©     စိတ်ကထချင်  ရုပ်ကထမရ စိတ်ကထိုင်မယ် ဆိုတော့  ရုပ်ကထိုင်မလွယ်နဲ့မလွယ်ခင်းထဲ မဖွယ်ခင်းတွေနဲ့ အငြင်းပွားနေတတ်တယ် ။

မအိုသေးတဲ့စိတ်နဲ့  ပြိုကျနေတဲ့ ရုပ်တို့ အလုပ်တစ်ခု စပ်တူလုပ်တိုင်း  သက်ငယ်မိန်းကလေးနဲ့ မှားမိတဲ့သက်ကျားအို သုခထက် ဒုက္ခကပိုများနေတတ်တယ် ။

©     အတူနေ မိသားစုများနဲ့ ဆက်ဆံရာမှာလည်းကြီးသူ ဣ နြေ္ဒ မရင့်ကျက်လျှင် ငယ်သူတွေမနှစ်သက်မှာ သေချာတယ် ။

သည်အချိန်မျိုးမှာ အရာရာသည်းခံခွင့်လွှတ်ခြင်းဖြင့် အနိုင်ယူတတ်မှ မင်္ဂလာဖြစ်မှာ ။ အရာရာ သည်းခံနိုင်ဖို့ကတော့ အကောင်းဒဏ်ခံနိုင်ဖို့သာ အရင်းခံပါပဲ။

©      အကောင်းထင် ပြုံးပြမိတော့ အဆိုးမြင် မဲ့ပြမှာ သေချာနေပြီ ။အဝင် သနပ်ခါး လိမ်းတာ ပြုံးပြမိရင် အထွက် အိုးမဲ(မည်း) သုတ်တော့ မဲ့ပြမိလိမ့်ဦးမယ် ။ ဒီတော့ အကောင်းဒဏ် ခံနိုင်ပါမှ အဆိုးဒဏ်ခံနိုင်စွမ်းရည် ရှိပါလိမ့်မည် ။

အကောင်းဒဏ် ခံနိုင်ဖို့ကတော့ ကြိုက်စိတ်ကိုပယ် ။ကြိုက်စိတ်ပယ်နိုင်ဖို့ကတော့ အကောင်းထင် နေတဲ့အာရုံတွေလာတိုက်တိုင်းသတိနဲ့ရှုမှတ်ပါလေ ။

   ( မဟာဗောဓိမြိုင်ဆရာတော်)

# အရှင်ဒေဝိန္ဒာဘိဝံသ သီတဂူ

No comments:

Post a Comment