Saturday, November 24, 2018

သူခိုးတွေ

#သူခိုးတွေ..
_____________

အဒိန္နာဒါန.. ပိုင်ရှင်မပေးတဲ့ဥစ္စာကို ယူတာ။
ဟုတ်တယ်။ ဓားပြတွေလည်း ဒီထဲထည့်ရတာပဲ။
နိုင်ငံမှာ ပြည်သူပိုင်တဲ့ ဥစ္စာတွေကို နည်းအမျိုးမျိုးနဲ့
ကိုယ့်အကျိုးစီးပွားအတွက် ယူကြတာလည်း ခိုးတာပဲ။

ဒီတော့ ဘာဖြစ်တုန်းဆိုတော့
နိုင်ငံသူ နိုင်ငံသားတွေ ဆင်းရဲကြရတယ်။
ဥစ္စာရှင်တွေပေါ့။

ဆိုပါစို့..
မင်းစီးနေတဲ့ ဆိုင်ကယ်လေး သူများခိုးသွားတယ်။
စိတ်ဆင်းရဲရတယ် ကိုယ်လည်းဆင်းရဲရတာပဲနော်။

ဟုတ်တယ်..
တချို့က ဂုဏ်တစ်ခုတောင် လုပ်နေတာ။
ဂွင်အကြီးကြီးပဲတို့.. အောက်ဆိုက်ကောင်းတယ်တို့
ဝေစားမျှစားတို့.. အမျိုးမျိုးပဲ သုံးတတ်ကြတယ်။

ဟုတ်တယ်..
တချို့မိဘတွေကလည်း သိပ်နားမလည်ဘူး။
သားလေးက သမီးလေးက ဘယ်မှာလေ..
နေရာသိပ်ကောင်းတာ ဘာညာ ပြောတတ်တယ်။

သူက အင်္ဂါငါးပါးနဲ့ စိစစ်ရတယ်။
ကံမြောက်တာကိုနော်။
ပရသန္တက- သူတစ်ပါးဥစ္စာဖြစ်တာ။
တထာသညာ- သူတစ်ပါးဥစ္စာလို့ မှတ်ထင်တာ။
ထေယျစိတ္တ- ခိုးချင်တဲ့စိတ်ရှိတာ။
ဥပက္ကမ- ခိုးဖို့ လုံ့လစိုက်တာ။
တေနဟာရ- အဲဒီလုံ့လနဲ့ ခိုးတာ။
ဒါ အင်္ဂါငါးပါးပေါ့။

အပြစ်တွေလား။
၁၂ပါးလို့ ခုဒ္ဒကပါဋ္ဌ၊ အဋ္ဌကထာမှာဆိုတယ်။
(၁) မြတ်သောဥစ္စာမျိုး မရဘူးတဲ့။
(၂) ယုတ်ညံ့တဲ့ ဥစ္စာမျိုးပဲ ရတယ်တဲ့။
(၃) ဥစ္စာနည်းပါးတယ်တဲ့။
(၄) အလွန် ဆင်းရဲမွဲတေသတဲ့။
(၅) မရသေးတဲ့ ဥစ္စာကိုမရဘူး။
(၆) ရပြီးတဲ့ဥစ္စာ ဆုတ်ယုတ်ပျက်စီးတယ်။
(၇) လိုတဲ့ဥစ္စာကို မရဘူးတဲ့။
(၈) ရန်သူမျိုးငါးပါးနဲ့ပဲ တွေ့ရတယ်။
(၉) သူတစ်ပါးနဲ့ ဆက်ဆံတဲ့ ဥစ္စာမျိုးကိုသာရတယ်။
(၁၀) မရှိစကားပဲကြားရတတ်သတဲ့။
(၁၁) ချမ်းချမ်းသာသာနေရတယ်လို့ မရှိဘူးတဲ့။
(၁၂) နောက်ဆုံး လောကုတ္တရာဥစ္စာကိုတောင် မရနိုင်ဘူး
လို့ ဆိုတယ်။
မခိုးဘူးဆိုရင် ပြောင်းပြန်အကျိုးတွေ ရတာပဲပေါ့။

ခိုးလို့ မျက်မြင် ကြီးပွားနေတာတွေကို သွားမကြည့်နဲ့လေ။
ဘာကောင်းစား တစ်မွန်းတည့်ဆိုလားပဲ။
နောင်ဘာဖြစ်ဖြစ် အခု တစ်မွန်းတည့်မှာချမ်းသာ ပြီးရော
ဆိုလည်း ဘာမှပြောစရာ မရှိပါဘူး။

ဟုတ်တယ်။
အများပိုင်ပစ္စည်းခိုးတာဟာ အပြစ်သိပ်ကြီးတာပေါ့။
#သူခိုးတွေများနေသ၍ ဘယ်လိုလုပ်ချမ်းသာပါ့မလဲ။

ရှိတယ်လေ..
#သူခိုးအားပေးဆိုတာ။
လာဘ်ပေးတာလား။
ပိုင်ရှင်ကိုက ကြည်ကြည်ဖြူဖြူပဲလေ။
ဒါပေမယ့် သူဘာခိုးနေလဲ သတိထားကြည့်ဦး။
သွယ်ဝိုက်ပြီး အားပေးရာရော မရောက်နိုင်ဘူးလား..
စဉ်းစားပေါ့။

ငါ ပြောရင် သိပ်မကောင်းလို့ မပြောချင်ဘူး။
စကားလုံးကိုက အတော်ကြီးတာသွားအောင် သုံးပစ်ရမှာ။
ရှယ်ခိုးတယ်ဆိုတာ ရှယ်ခံရဖို့ပဲပေါ့။
ပက်ပက်စက်စက်ခိုးတာလည်း ထိုနည်း၎င်းပေါ့။
တစ်ဘဝစာလေး အဆင်ပြေချင် ပြေမှာပေါ့။

အများခိုးလို့ ခိုးတာလား။ ခိုးတာက ခိုးတာပါပဲ။
မိုးကြိုးပစ်တာကို ဝါတာပရုနဲ့ကာလို့ ဘယ်ရပါ့မလဲ။

အေး သူတော်ကောင်းဆိုတာ ငတ်လို့သာ
အသေခံသတဲ့ ................ ။

ဥုးဝဏ္ဏိတ
ဩဝါဒပေးစဉ်။

ပြန်​လည်​မျှ​ဝေပါသည်​။
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏

No comments:

Post a Comment