{ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ အသိပေးစကားစု}
🍈(၁၃)🍈
🍈နင့်အတွက်သာ
နင်ကြည့်တတ်သလို
ငါလည်း ငါ့အတွက်သာ
ကြည့်လိုက်ရင် . . . ?🍈
🍈ဘာမျှ မသိတဲ့ လူတွေက
ချီးကျူးခံရတာလောက်
သိက္ခာကျတာ၊ ဂုဏ်ပျက်တာ၊ မရှိတော့ပါဘူး၊
သူများ ချီးကျူးတိုင်း
ကောင်းတယ်မထင်နဲ့။🍈
🍈တကယ်သိရင်
မဟုတ်တာ မလုပ်ပါဘူး၊
သိလျက်နဲ့ မဟုတ်တာ လုပ်သေးရင်
မသိတဲ့သူထက် ဆိုးသွားပြီပေါ့။🍈
🍈ချိန်ဆတတ်တာ ကောင်းပါတယ်။
ဒါပေမယ့်
သူများနဲ့ ကိုယ် ချိန်ရင် မာန၊
ကိုယ့်ကိုယ် ကိုယ်သာချိန်ဆရင် ပညာ။
နားလည်ပါစေ။🍈
🍈ထမင်းမငတ်ရုံသာ
ကြိုးစားရင် သူဌေး မဖြစ်ဘူး၊
သူဌေးဖြစ်ဖို့သာ ကြည့်ရင်
ထမင်းငတ်သွားတတ်တယ်။
ရေတို ရေရှည် နှစ်မျိုးစလုံး ကြိုးစားပေါ့။🍈
🍈စောင်းမပြောနဲ့
တည့်တည့်ပြော။
ရွဲ့မထိုင်နဲ့
တည့်တည့်ထိုင်၊
ကိုယ်နဲ့ကိုယ် တည့်ပါစေ။🍈
🍈ပြီးခဲ့တာတွေလည်း
ပြီးခဲ့ပါပြီ၊
နောင်ရေးကလဲ
မရောက်သေးပါဘူး၊
အခု, ဆိုတာက
ချက်ချင်းဆိုတော့ ဘယ်လို
စိတ်ပူရမှန်းတောင်
မသိလိုက်ပါဘူး။🍈
🍈မကောင်းတာတွေ
ကြုံရ, ဆုံရတာကို
ဝဋ်ခံရတယ်ခေါ်တယ်။
ကံမကောင်းရင်လည်း . . .
ဉာဏ်တုံးရင်လည်း . . .ဝဋ်ခံရတယ်။
ဝီရိယလွဲရင်လည်း . . .
ဝဋ်ခံရတယ်။🍈
🍈'ငါ' ရှာတာ
'ငါ'
မတွေ့၊
တွေ့တာဟာ
'ငါ' ပဲပေါ့။🍈
🍈စိတ်ဆိုး နေရင်
စိတ်ကောင်းဖြစ်လာအောင်
ပြောင်းလိုက်ပါ။
မြန်မြန်
စိတ်ကို ပြောင်းဖို့ထက်
ဆိုးတဲ့ ဓာတ်ကို
ကောင်းဓာတ် ပြောင်းလိုက်ပါ။🍈
No comments:
Post a Comment