Sunday, November 25, 2018

အဘိဓမ္မာကို Applied Method နဲ့ လေ့လာကြမယ်

📝 course ကုန်တာဟာ
               ပညာကုန်တာမဟုတ်ဘူး 📖

🚩 အဘိဓမ္မာကို
Applied Method နဲ့ လေ့လာကြမယ်

❁ ပါချုပ်ဆရာတော်ကြီးက ယခုလို မိန့်ပါတယ်။
အဘိဓမ္မာဟာ စိတ်ဝင်စားစရာ ကောင်းတယ်။

❂ ဘာကြောင့်လဲဆိုရင် •••
အသေးစိတ် လူ့ဘ၀၊ လူရဲ့အကြောင်းကို အသေးစိတ်လေ့လာပြီးဟောပြောတာဖြစ်တယ်။ ဟောပြောတာက သဘောတရား အယူအဆတစ်ရပ်မျှသာမှ တကယ့်ကို ဘ၀ကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အကြောင်းအကျိုး ကျင့်စဉ်တစ်ရပ်ပဲ။

❂ ဆိုပါစို့ -
ဖီလိုဆိုဖီဆိုတာ အတွေးအခေါ်သက်သက်ပဲ။ လက်တွေ့ပါချင်မှပါမယ်။

❂ ဗုဒ္ဓရဲ့ အဘိဓမ္မာကျတော့
အတွေးအခေါ် သက်သက်မဟုတ်ဘူး။
ဒီအသိဥာဏ်ကို မိမိသဏ္ဍာန်မှာ ထူထောင်ပေးခြင်းအားဖြင့်
မှားယွင်းတဲ့ အယူအဆတစ်ရပ် သက္ကာယဒိဋ္ဌိဆိုတဲ့      အယူစွဲကြီးကို ဖယ်ရှားပေးနိုင်တယ်။

🚩 ဒါကြောင့်မို့လို့ အဘိဓမ္မာဟာ စိတ်ကူးယဉ်
အတွေးအခေါ်ပညာရပ်တစ်ခုလား။ မဟုတ်ဘူး။
တကယ့်ကို လက်တွေ့ကျတဲ့ ပညာရပ်ဖြစ်တယ်။

🚩 ဒါကြောင့်မို့လို့ -
အဘိဓမ္မာကို applied လုပ်ရမယ်။
applied method နဲ့ သင်ယူရမယ်။

✔ မြန်မာနိုင်ငံမှာ •••
သင်နေကြတဲ့အဘိဓမ္မာ အခြေခံအားဖြင့် ကျမ်းစာကိုသင်တဲ့ပုံစံနဲ့ သင်နေကြတယ်။
တော်တော်များများက ကျမ်းစာပုံစံပဲသင်နေကြတယ်။

🔜လောဘမူစိတ် ဘယ်လောက်။
🔜အသင်္ခါရိကက ဘယ်လောက်။
🔜သသင်္ခါရိကက ဘယ်လောက်။
🔜စသဖြင့် ဒီထဲမှာပဲ လည်နေကြတယ်ဆိုရင် applied မဖြစ်ဘူး။

🔜ဒီတော့ applied ဖြစ်အောင်
ဘယ်လိုလုပ်ရမလဲဆိုတော့ ဒါတွေလည်းသင်ပေါ့။
ဒါက good knowledge ကို ပေးတယ်။

►သင်ပြီးရင်တော့ အဲဒီတင်ရပ်မထားပဲ။
►လက်တွေ့ဘယ်လိုအသုံးချမလဲ။
►How to follow?
►How to practise?

✅နိုင်ငံခြားသားတွေကျ
မှတ်ရုံတင် မကျေနပ်ဘူး။ အားမရဘူး။
✅သူတို့ကျ လောဘမူစိတ်(၈)ခု၊
အသင်္ခါရိက ဘယ်နှစ်ခု စသဖြင့် ဒါတွေကို
သူတို့ စိတ်မ၀င်စားဘူး။

✹ သူတို့စိတ်ဝင်စားတာ
➢လောဘသဘောကိုပြောရမယ်။
➢လောဘဟာ ဘယ်လိုဖြစ်လာသလဲ?
➢ဘယ်လိုဖြစ်လာလို့ ဘယ်လိုဖယ်ရှားရမလဲ? ➢သူ့ရဲ့ထွက်ပေါက်ကဘယ်လိုသွားရမလဲ?
➢ဘာနဲ့ဖယ်ရှားရမလဲ?
➢သူ့ရဲ့ လုံးဝဖယ်ရှားပစ်နိုင်တဲ့ နည်းစနစ်?
➢အဲသလို applied method နဲ့သွားတာကို
သဘောကျတယ်။
➢အဲတော့ အဘိဓမ္မာကို စာပေလို လေ့လာပြီးတဲ့အခါမှာ applied method နဲ့ ရှေ့ကိုတက်ရမယ်။

✪ ဆိုပါစို့ -
လူတစ်ဦး တစ်ယောက်ဟာ စိတ်အာရုံလေးတစ်ခု လိုချင်တဲ့စိတ်ပေါ်လာပြီ။ အဲဒီလိုချင်တဲ့စိတ်ကို analyse လုပ်ရမယ်။

✪ ဒီလိုချင်တဲ့စိတ်ဟာ •••
ဝမ်းသာအားရ လှိုက်လှိုက်လှဲလှဲလိုချင်တာလား။
သို့မဟုတ် ရိုးနေလို့ စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ မဖြစ်တာလား။ ၀မ်းသာအားရဖြစ်တယ်ဆိုရင်
စိတ်ထဲမှာ သောမနသဖြစ်မယ်။
ရိုးရိုးပဲဆိုရင်တော့ ဥပေက္ခာခံစားချက်ရှိမယ်။

✪ ဒါဆို ဖြစ်လာတဲ့ လောဘလေးမှာကိုက
ခံစားချက်ပေါ်မူတည်ပြီး နှစ်မျိုးကွဲမယ်။
အဲဒီအပေါ်ကိုမှ သူ့ရဲ့ဝမ်းသာမှုမှာ မှားယွင်းတဲ့ အမြင်တွေ အခြေခံသလား။
သို့မဟုတ် မှားယွင်းတဲ့အမြင်အပေါ် အခြေခံမှု မရှိဘူးလားဆိုပြီးနှစ်မျိုးထပ်ကွဲသွားမယ်။
အဲတော့ နှစ်ကို နှစ်နဲ့မြှောက်တော့ လေးခုကွဲသွားမယ်။

✪ အေး အဲဒီလေးခုကိုမှ •••
လောဘဖြစ်တဲ့အခါ အားတက်သရောဖြစ်သလား။     သို့မဟုတ် •••
တဖြည်းဖြည်းတွေးပြီးမှ လောဘဖြစ်သလား။
ဒါဆိုတော့ ဒီနှစ်ခုကို နဂိုလေးခုနဲ့
မြှောက်လိုက်တော့ (၈)ခု ဖြစ်သွားပြီ။
(၈)ခုကို တရားသေ မှတ်ထားဖို့မဟုတ်ဘူး။

📖 ဒီရှုဒေါင့်ကခွဲတယ် -
ခံစားမှုရှုဒေါင့်၊ တိုက်တွန်းမှုပါမပါရှုဒေါင့်စသဖြင့်ပေါ့။ တခြားရှုဒေါင့် ကခွဲရင် ဒီ့ထက်ပိုပြီး များလာဖို့ရှိတယ်။ သဘောတရားတွေသာရှိတယ်။
ဒါက နမူနာပဲပြောတာရှိသေး။
အဲဒီလိုပဲ ကျန်တဲ့စိတ်ကို ကိုယ့်ဘာကိုယ်
ခွဲခြားကြည့်နိုင်တယ်။ applied method နဲ့
လက်တွေ့ကျင့်သုံးမှုကို ပြတဲ့ ရှေ့ကို အဘိဓမ္မာသဘောတရားတွေကို လေ့လာကြရမှာဖြစ်တယ်။

📖 အဲဒီလိုအဘိဓမ္မာရဲ့ နက်နဲမှု၊
အရေးကြီးမှု၊အဘိဓမ္မာရဲ့စွမ်းဆောင်မှုတွေကို
သိပြီးတော့ အခုလို အဘိဓမ္မာသင်တန်းတွေ ဖွင့်တယ်။
သင်ယူကြတယ်။ လေ့လာကြတယ်ဆိုတာ
အင်မတန်မှ ကောင်းမြတ်တဲ့သင်ယူမှုတွေဖြစ်တယ်။

➢course ကုန်ခြင်းဟာပညာကုန်ခြင်းမဟုတ်ဘူး ပညာဆိုတာ မကုန်နိုင်ဘူး။ ဒါကြောင့်မို့ ဆက်ပြီး လေ့လာကြရမှာဖြစ်တယ်။

📖 လေ့လာရင်းနဲ့ မဆုံးနိုင်တဲ့
ဒီလမ်းခရီးကြီးကို လျှောက်လှမ်းရင်း
တစ်ဖက်ကလည်း အများကို မိမိကဲ့သို့ ပညာရပ်များ
ရရှိအောင် ပြုလုပ်ခြင်း တွဲခေါ်သွားခြင်းသည်
သာသနာပြုခြင်းပဲဖြစ်တယ်။
အဘိဓမ္မာပညာရပ်တွေကို ဖြန့်နိုင်အောင်
ကြီးမားသောရည်ရွယ်ချက်တွေထားရမယ်။

🚩 မိမိတို့ကိုယ်တိုင် •••
အသေးစိတ် သင်ယူခြင်း၊ အသေးစိတ် ဆင်ခြင်သုံးသပ်ခြင်းဆိုတာတွေရှိရမယ်။ သာမန်အားဖြင့် လောဘမူစိတ်ရှစ်ခုရှိတယ်ဆိုတာနဲ့ မကျေနပ်ပဲ။ အဘယ့်ကြောင့်ရှစ်ခုဖြစ်ရသလဲ။
ဒီလိုဆိုရင်ရော ရှစ်ခုထက်မပို နိုင်ဘူးလားဆိုတဲ့ အကြောင်းအကျိုးတွေကို မိမိတို့ကိုယ်တိုင်
လေ့လာပြီး လူတိုင်းလူတိုင်းမှာ ဘာကြောင့် ဒီလိုစိတ်တွေများပြားရသလဲဆိုတာ အကြောင်းနဲ့ အကျိုးနဲ့ သေသေချာချာသိအောင် အဘိဓမ္မာပညာရပ်ကို ဆက်လက်ပြီး သင်ယူလေ့လာကြပါ။

📖 ဒါကြောင့်မို့လို့ •••
အားလုံး နိဂုံးချုပ်အနေနဲ့
တိုက်တွန်းလိုတာက အဘိဓမ္မာဟာ
အလွန်ပဲအရေးပါပါတယ်။ အလွန်ပဲ နက်နဲတယ်။

🚩 မြတ်ဗုဒ္ဓရဲ့သာသနာနဲ့
အခြေတည်ပြီး သိခွင့်ရလာတာမို့
ထိုအဘိဓမ္မာကို မိမိတို့ကိုယ်တိုင်လည်း
applied method နဲ့ ရှေ့ကိုဆက်သွားဖို့၊
သင်ကြားတဲ့အခါမှာလည်း •••
traditional method ၊ applied method
ဒီနှစ်မျိုးစလုံးနဲ့ တွဲဖက်ပြီး •••
ကိုယ်တိုင်လက်တွေ့ကျင့်သုံးနိုင်တဲ့
သဘာဝတရားတစ်ခု အဖြစ်သို့ရောက်အောင်
ဆောင်ရွက်သွားကြပါလို့ နိဂုံးချုပ်အနေနဲ့
ပြောကြားလိုပါတယ်။

•●•သာဓု•●•သာဓု•●•သာဓု•●•

                ❁ အပ္ပမာဒေန သမ္မာဒေထ ❁
             ✿ ရွှင်လန်း ✿ ချမ်းမြေ့ ✿ ပါစေ ✿
✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧✧ ✧ ✧ ✧ ✧ ✧

No comments:

Post a Comment