Sunday, November 25, 2018

အချိန်မှီအသိ

အချိန်မှီအသိ
*************
ချစ်သား သာရိပုတ္တရာ
ငါ နုစဉ်အခါ သုမေဓာရှင်ရသေ့ဘဝမှာ
ဒီလိုလေးမျိုး တွေးမိတယ်ကွယ်။

ကြည့်စမ်း ငါနေတဲ့တောထဲမှာရှိတဲ့သတ္တဝါတွေ
ရွာနိဂုံးက လူတွေ အိုကြ နာကြ သေလိုက်ကြတာ
ငါလည်း တဖြည့်းဖြည်း အိုလာတယ် နာလာတယ်။
ဒီအိုခြင်း နာခြင်း သေခြင်းကိစ္စတွေဟာ
တော်တော်ဆင်းရဲတာဘဲလို့
ဒါကို ငါသိလာတယ်။

ဒုတိယအတွေးက ဒီလိုဖြစ်အောင်လုပ်တဲ့တရာခံဟာ
ဘယ်သူများလည်းဟု ငါသိချင်လာတယ်။
ပြီးတော့

တတိယအတွေးက သတ္တဝါတွေ အိုလာတယ်
ဒါဆို မအိုရာအကြောင်းရှိရမယ်။
သတ္တဝါတွေနာကြတယ်။ အနာရာအကြောင်းရှိရမယ်။
မသေရာအကြောင်းလည်းရှိရမယ်။
ဒီအကြောင်းတရားကို သိအောင်လုပ်ရမယ်ဆိုတဲ့
အတွေးတွေဟာလည်းပေါ်လာတယ် ချစ်သား သာရိပုတ္တရာ။
နောက်

စတုတ္ထမြောက်အတွေးကတော့
ငါဒီအတိုင်းနေယုံနဲ့ငါသိချင်တဲ့
အထက်ပါကိစ္စတွေအတွက်
သိနိုင်ဖို့ မဖြစ်နိုင်ဘူး။
လမ်းစကိုရှာရမယ်။
အဲ့ဒါတွေအတွက်အမှန်ကိုသိဖို့ လမ်းမှန်ရှိကိုရှိရမည်ဟု
ငါဘုရားနုစဉ်အခါ သုမေဓာဘဝမှာ
အတွေးလေးပါးစတင်ဖြစ်ပေါ်လာခဲ့တယ်။
ရှာလိုက်ရတာ ။
လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာခဲ့ရတယ်။
အတွေးလေးပါးမှအစပြု၍
သင်္ခတပရမတ်သုံပါးဖြစ်တဲ့ ပြုပြင်စီမံခြင်းရှိသော
စိတ် စေတသိတ် ရုပ် တို့အား ထိုးထွင်း၍ သိပြီး
အသင်္ခတပရမတ်တရားကို ဆိုက်ရောက်ခဲ့တယ်။

တဏှာလက်သမားလှည့်စားချက်တွေကြောင့်
အဝိဇ္ဇာရဲ့ချယ်လှယ်မှုကြောင့်
အို နာ သေ ဘေး မှ မလွတ်မြောက်ခဲရခြင်းကို
ထိုးထွင်း၍ သိခဲ့ရတယ်။
သစ္စာလေးပါးကိုပိုင်းခြားထင်ထင်သိမြင်တော်မှုခဲ့တယ်။
ငါဘုရား ရဲ့ နုစဉ်အခါ
သုမေဓာဘဝ အတွေးလေးပါးမှအစပြုလို့
မဂ္ဂလမ်းမှန်ဖြင့် သတ္တဝါအနန္တကို လမ်းမှန်ပြနိုင်ခဲ့တယ်။
ချစ်သားသာရိပုတ္တရာ။

သာဓု သာဓု သာဓု ။

No comments:

Post a Comment