Sunday, November 25, 2018

ဝီဏောပမသုတ် အနှစ်ချုပ် တရားတော်မှ

ဘုန်းကြီးတို့
သီရိလင်္ကာနိုင်ငံမှာ (၆) နှစ် နေခဲ့တယ်။
ဘုရားပေါ်ကဖွင့်ရင်
ဘာသာရေးနဲ့ ပတ်သက်တာပဲ ဖွင့်ရတယ်။
စည်းကမ်း အင်မတန်မှ ရှိတယ်။

မနက်ဆိုလို့ရှိရင်
ရေဒီယိုတို့ ဘာတို့က
" နမောတဿက  စရတယ်။
ဗုဒ္ဓဘာသာ နိုင်ငံရဲ့သရုပ်
အင်မတန်မှ ပီသတယ်။
ဘာသာရေး အခမ်းအနားတွေ လုပ်ရင်
အောင်ခြင်း(၈)ပါး ကို သီချင်းလို ဆိုတယ်။
ဒါပဲ။ ပါဠိလို။

သူတို့ဆီမှာ
Devotional Songs ဆိုတာ
သီးသန့်ထုတ်တယ်။
ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့သီချင်းတွေဟာ
သတ်သတ်ရှိတယ်။

နိပေါနိုင်ငံ သွားတဲ့အခါမှာလည်းပဲ
ဘာသာရေးပွဲတော်တွေဆိုရင်
Devotional Songs ပဲ ဖွင့်တယ်။
ဒီပြင်သီချင်းကို မဖွင့်ရဘူး။
အင်မတန်မှ စနစ်ရှိတယ်။

ဗမာပြည်မှာတော့ မဟုတ်ဘူး။
ဘုရားပေါ်က ဖွင့်လိုက်တဲ့ သီချင်းကလည်း
လမ်းဘေးဖွင့်တဲ့ သီချင်းပဲ။
မထူးဘူး။

အဲ့ဒါတွေဟာ ဗမာပြည်မှာ
အသိဉာဏ်မရှိရာရောက်တယ်ပေါ့။
လူမျိုးပါ သေးသိမ်ရာရောက်တယ်ပေါ့။
ခွဲခြားပြီးတော့ မသိဘူးဆိုတဲ့ အဓိပ္ပါယ်
ကဲ့ရဲ့စရာတွေ အများကြီးဖြစ်တယ်။

ကဲ့ရဲ့စရာဖြစ်လို့
နိုင်ငံခြားသားတွေကလည်း ကဲ့ရဲ့တယ်။
ဗမာလူမျိုးတွေကို
ဒါတွေနဲ့ပတ်သက်ရင် မချီးမွမ်းဘူး။
ဒါတွေက
အင်မတန်မှ သတိထားသင့်တဲ့ကိစ္စတွေ။

                         (ပါမောက္ခချုပ်ဆရာတော်)
" ဝီဏောပမသုတ် အနှစ်ချုပ် " တရားတော်။

              

No comments:

Post a Comment