Saturday, November 24, 2018

"ရင်သား အကြိတ် လုံးဝ ခွဲစရာ မလိုတဲ့ ဆေးရွက်အစွမ်း"

"ရင်သား အကြိတ် လုံးဝ ခွဲစရာ မလိုတဲ့ ဆေးရွက်အစွမ်း"

ဆရာမရင်သားအကြိတ်ကခွဲရမည်ဟု ဆရာဝန်ကြီးဆိုသည်။
ရင်သားတွင်ဆီးဖြူသီးသာသာအကြိတ်လေးအတွက်ရင် မအေးဖြစ်ရ၍ ဆရာဝန်နှင့်ပြသော်လည်းခွဲရမည်ဆို၍ ဒေါက်တာရယ် ကျောင်းဖွင့်ရက်နီးပြီမို့ ခွင့်ပြန်တင်ပါဦး မည်ဆိုကာ ကြည့်ကောင်းအောင်ပြော၍ပြန်ခဲ့ပါသည်။

ချင်းတွင်းမြစ်နဘေး၊ကြမ်းတမ်းရွာကဖြစ်ရပ်မှန်အဖုအကြိတ် ပျောက်ကင်းခဲ့သော ဆေးနည်းလေးဖြစ်ပါသည်။
ဦးသူတော်ခွဲမှာလား
မခွဲပါဘူးကွယ်..စိတ်အေးအေးထားပါ

ဦးသူတော်က ရွာသူရွာသားများ အားကိုးယုံကြည်သော နယ်လှည့်ဆေးသမားတစ်ဦးဖြစ်ပါသည်။ တောနေပြည်သူ အများစုအတွက် မြန်မာနည်းမြန်မာဟန် ဆေးနည်း ကောင်းလေးများက အားကိုးဖွယ်ရာဖြစ်ပါသည်။

ဆရာဝန်ဆိုသည်ကား မူးလျှင်ရှူဖို့ပင် ခက်လှသည် မဟုတ်ပါလား။ရှိစေဦးတော့ ငွေကြေးအခက်အခဲ ကရှိကြပြန်သည်ကိုး..။

ဖန်ပုလင်းအသေးလေးထဲရေနွေးလေးထည့်ကာ ဦးသူတော်ရင်သားအကြိတ်လေးအား လှိမ့်၍စိတ် ရှည်စွာကပ်ပေးပါသည်။ထိုနောက်

(၁)ပဒိုင်းရွက်လက်တစ်ဆုပ်စာ
(၂)ခွေးတောက်ရွက်လက်တစ်ဆုပ်
(၃)နနွင်းမှုန့်စစ်စစ်လက်ဖက်စားဇွန်း(၁)ဇွန်း

ထိုသုံးမျိုးကို ညက်အောင်ထောင်းပြီး ညှစ်ရည်များရွှဲနေ သော ဆေးအုံဖက်များဖြင့် ရင်သားအကြိတ်အားအုံပေးပြီး အပေါ်မှဂွမ်းစတစ်ထပ်အုပ်ကာ ပတ္တီးအသေအချာစီး ပေးပါသည်။ထိုသို့နှစ်ရက်တစ်ကြိမ်ပြု လုပ်ပေးခဲရာ အံ့ဖွယ်အကြိတ် မရှိတော့ဘဲ ပျောက်ကင်းခဲ့ပါ သည်။ဆေးစည်းပေးပြီးစ(၁)ရက်(၂)ရက်အလွန်ယားလှ သည်ဟုဆိုပါသည်။ဆရာမမှာမျက်ရည်ကျအောင်ပင်ဝမ်း သာခဲ့ရသည်ဟုဆိုပါသည်။
ဆရာဝန် ဆေးရုံဆေးခန်းတို့ဖြင့်ကုသရန်ခက်သူများအတွက်သာ
ဆရာမဒေါ်တင်တင်မြပြောပြခဲ့ဖူးသောဆေးနည်းဖြစ်ပါသည်။

ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment