Friday, November 30, 2018

ပရမတ္ထတရားတို့၏ အနက်အဓိပ္ပါယ်များ

ပရမတ္ထတရားတို့၏ အနက်အဓိပ္ပါယ်များ
■■■■■■■■■■■■■■■■■■■■■
အဘိဓမ္မတ္ထသင်္ဂဟပရမတ္ထတရားတို့၏အဓိပ္ပါယ်များ

ပရမတ္ထ = မဖောက်မပြန် မှန်ကန်တည့်မတ် မြတ်သော အနက်သဘောရှိသောကြောင့် ပရမတ္ထခေါ်၏။

စိတ် = အာရုံခြောက်ပါးကိုရှေးဦးစွာယူ၍ သိတတ်သောသဘောကို စိတ်ဟုခေါ်ပါသည်။

စေတသိက် = စိတ်၌မှီ၍စိတ်နှင့် ဖြစ်ပျက်တူ၊
အာရုံ-မှီရာတူသောကြောင့် စေတသိက် ခေါ်ပါသည်။ သို့သော် စေတသိက်များသည် စိတ်ကို ကောင်းအောင် မကောင်းအောင် လည်းချယ်လှယ်ကြပါသည်။

ရုပ် = အပူ အအေးစသည့်သဘာဝတရားများကြောင့် ဖောက်ပြန်ပြောင်းလဲတတ် သောကြောင့် ရုပ်ဟု ခေါ်ပါသည်။ဥပမာ အအေးဓာတ်ကြိုက်ေ သာ သစ်ပင်ပန်းမလ် များသည် အပူဓာတ်ပြောင်းသွားသည့် အခါတွင် ညှိုးခြောက်သွားသကဲ့သို့ဖြစ်ပါသည်။

နိဗ္ဗာန် = တဏှာမှထွက်မြောက်တတ်သော၊ ဆင်းရဲဒုက္ခအားလုးမှ လွတ်မြောက်တတ် သော၊ သေခြင်းကင်းရာဖြစ်သော အနက်သဘောကြောင့် နိဗ္ဗာန်ဟုခေါ်ပါသည်။

ကာမာဝစရစိတ် = ကာမဘုံ၌ များသောအားဖြင့် ကြဉ်လည်တတ် ဖြစ်တတ်သော အနက်သဘောရှိ သောကြောင့် ကာမာဝစရစိတ်ခေါ်ပါသည်။

ရူပါဝစရစိတ် = ရူပဘုံ၌ များသောအားဖြင့် ကြဉ်လည်တတ် ဖြစ်တတ်သော အနက်သဘောရှိသော ကြောင့် ရူပါဝစရစိတ်ခေါ်ပါသည်။

အရူပါဝစရစိတ် = အရူပဘုံ၌ များသောအားဖြင့် ကြဉ်လည်တတ် ဖြစ်တတ်သော အနက်သဘော ရှိသော ကြောင့် ရူပါဝစရစိတ်ခေါ်ပါသည်။

လောကုတ္တရာစိတ် = သတ္တလောက သခါင်္ရလောက သြကာသလောကမှ ထွက်မြောက်တတ်သော ကြောင့် လောကုတ္တရာစိတ်ဟုခေါ်ပါသည်။တစ်နည်း-အာသဝတရားလေးပါးတို့၏အာရုံဖြစ်သော ဥပါဒါနက္ခန္ဓာဟူသော သင်္ခါရလောကမှ ထွက်မြောက်တတ်သောကြောင့်…။

သောမနဿ = တင့်တယ်သော ကောင်းသော ရွှင်လန်းသော အနက်သဘောရှိ သောကြောင့်…။

သဟဂတ = အတူတကွဖြစ်ခြင်းသဘော…..။သမ္ပယုတ္တ = ယှဉ်တွဲခြင်း။

ဒိဋ္ဌိ = သာမာန်အားဖြင့်မြင်ခြင်းသဘော၊အကုသိုလ်အရာ၌ မှားသောအားဖြင့် မြင်ခြင်းသဘော…..။

အသင်္ခါရိက = တိုက်တွန်းအားပေးမှုစသော အထောက်အကူမပြုရသောအနက် သဘောရှိသော….။

သသင်္ခါရိက= တိုက်တွန်းအားပေးမှုစသော အထောက်အကူပြုပေးရသော အနက်သဘော….။

သောမနဿဖြစ်ကြောင်းလေးပါး=
(က)သောမနဿစိတ်နှ င့်ပဋိသန္ဓေနေခြင်း။ (ခ)မနက်နဲသော သဘောရှိခြင်း။ (ဂ)အလိုရှိအပ်သော ဣဋ္ဌာရုံနှင့်တွေ့ဆုံရခြင်း။
(ဃ)အနှောက်အယှက် အဟန့်အတား မှ ကင်းလွတ်ခြင်း။

ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ကြောင်းတရား(၅)ပါး =
(က)ဘဝအဆက်ဆက်မှ ပါလာသော
မိစ္ဆာဒိဋ္ဌိ အယူ မှားဓာတ်ခံရှိခြင်း။
(ခ)အယူမှားသောသူ နှင့်ပေါင်းသင်းခြင်း။
(ဂ)သူတော်ကောင်းတရားနှင့်
မျက်ကွယ် ဖြစ်၍နေခြင်း။
(ဃ)မိစ္ဆာကျမ်းကိုကြည့်ရှု၍
မိစ္ဆာတရားကို ကြားနာပြီး
အကြံအစည်အတွေးအတောများ ခြင်း။ (င)မှားယွင်းသော နှလုံးသွင်းမှုပြုခြင်း။

ဥပေက္ခာ = သုခ ဒုက္ခမဟုတ်သော၊
မုန်းခြင်းချစ်ခြင်းမဟုတ်သော၊ဝမ်းသာခြင်း ဝမ်းနည်းခြင်းမဟုတ်သော ၎င်းတို့၏အလယ်တည့်တ ည့်၌ဖြစ်တတ်သော လျစ်လျှူရှုတတ်သော အနက်သဘောရှိ သောကြောင့် …။

ဥပေက္ခာသဟဂုတ်ဖြစ်ကြောင်းတရား(၄)ပါး = ၁။ ဥပေက္ခာစိတ်နှင့်ပဋိသန္ဓေနေခဲ့ခြင်း။ ၂။နက်နဲသော သဘောရှိခြင်း။၃။အလယ်အလတ်ဖြစ်သော အာရုံနှင့်ပေါင်းဖက်တွေ့ ဆုံခြင်း။၎။အနှောက်အယှက် များမှ ကင်းလွတ်ခြင်း။

လောဘ = အာရုံခြောက်ပါးတို့၌နှစ်သက်တွယ်တာ ကပ်ငြိတပ်မက် လိုချင် စွဲလန်း တတ်သော…..။

ဒေါသ= ကြမ်းတမ်းသော မတင့်တယ်သော ထိပါးပုတ်ခတ်တတ်သော ပူလောင် တတ်သော ……။

မောဟ = တွေဝေသော၊ မိုက်မဲသော၊အသိဉာဏ်ကင်းသော၊ အမှားကို အမှန်ထင် သော၊ အမှန်ကို အမှားထင်သော၊ အမှန်တရားတို့၌ ယုံမှားသံသယဖြစ်တတ်သော အနက်သဘောရှိသောေ ကြာင့်…။

လောဘဖြစ်ကြောင်းတရားများ = ၁။လောဘခြံရံသောက ကြောင့်ရသော ပဋိသန္ဓေ ရှိခြင်း။၂။လောဘ အဖြစ်များသော မင်းစိုးရာဇာ နတ်ဘဝမှလာခဲ့ခြင်း။၃။အရာရာ၌ သာယာဘွယ်ဟု ရှုမြင်လေ့ရှိခြင်း။၎။ဣဋ္ဌာရုံတို့နှင့်တွေ့ဆုံခြင်း။

ဒေါသဖြစ်ကြောင်းတရားလေးပါး = ၁။ဒေါသအဇ္ဈာသယဓာ တ်ခံရှိခြင်း။၂။မနက်နဲသော သဘောရှိ ခြင်း။ ၃။ အကြားအမြင်နည်းပါးခြင်း။၎။အနိဋ္ဌာရုံ(မလိုချင်သော မလိုလားသောအာရုံ)နှင့်တွေ့ဆုံခြင်း။

အကုသိုလ်စိတ်ဖြစ်ကြောင်းဝိပတ္တိစက်လေးပါး= ၁။ သူတော်ကောင်းတရားခေါင်းပါးသောအရပ်၌နေရ ခြင်း။၂။ သူယုတ်မာတို့ကို ပေါင်းသင်းရခြင်း။၃။ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှု ကံနည်းပါးခြင်း၎။ဟုတ်တိုင်းမှန်စွာ နှလုံးမသွင်းတတ်ခြင်း။

ပဋိဃ = အာရုံကို ထိခိုက်တတ်သောသဘော ကြမ်းတမ်းသောသဘောရှိ သောကြောင့်…။

ဝိစိကိစ္ဆာ = သဘောအမှန်ကို စူးစမ်းဆင်ခြင်သည်ရှိသော ပင်ပန်းခြင်းသဘော ရှိသောကြောင့်..။(ဝါ)အသိဉာဏ်တည်းဟူသော ကုစားခြင်းမှကင်းသောကြောင့်….။

ဥဒ္ဓစ္စ = ဟိုရောက် ဒီရောက် လွင့်ချင်ရာလွင့်တတ်သော မတည်ငြိမ်သောအနက် သဘောရှိသော…..။

အဟိတ် = သေးနုတ်သိမ်ငယ်သော ကိစ္စ ဌာနရှိ၍ အကြောင်းရင်းဇနကကံ အားနည်း ရကား ယှဉ်ဘော် ယှဉ်ဘက်ဟိတ် မရှိသောကြောင့် အဟိတ်ဟုခေါ်ဆိုပါသည်။

စက္ခုဝိညာဏ် = မျက်စိအကြည်ဓာတ်တည်းဟူသော စက္ခုပသာဒကိုမှီ၍သိတတ် သောစိတ်။

သောတဝိညာဏ်စသည် = နည်းတူမှတ်ပါ..။

စက္ခဝိညာဏ်ဖြစ်ကြောင်းတရားလေးပါး= ၁။မပျက်မစီး ကြည်လင်သော မျက်စိ အကြည်ဓာတ်ရှိခြင်း။၂။အလင်းရောင်ထင်ရှားရှိခြင်း။၃။ မြင်လောက်သော ရူပါရုံ အဆင်းရှိခြင်း။ ၄။ထိုအာရုံကို ဆင်ခြင်သော အာဝဇ္ဇန်း-မနသိကာရရှိခြင်း။

သမ္ပဋိစ္ဆိုင်း = ပဉ္စဝိညာဏ်သည်ယူအပ်သော အာရုံငါးပါးကို ခံယူသောအခြင်းအရာ အားဖြင့်လက်ခံ တတ်သောအနက်သဘောကြောင့်….။

သန္တီရဏ= သမ္ပဋိစ္ဆိုင်းသည် လက်ခံအပ်သော အာရုံငါးပါးကို စုံစမ်းတတ်သော ကြောင့် သန္တီရဏ….။

ပဉ္စဒွါရာဝဇ္ဇန်း= ငါးဒွါရ၌ထင်လာသောအာရုံငါးပါးကိုရှေးဦးစွာ ဆင်ခြင်တတ် သောကြောင့် …..။

မနောဒွါရဝဇ္ဇန်း = မနောဒွရ၌ထင်လာသော အာရုံခြောက်ပါးကို ရှေးဦးစွာဆင်ခြင် တတ်သောကြောင့်.။

ဟသိတုပ္ပါဒ် = မရုံ့ရင်းမကြမ်းတမ်း,အပြစ်ကင်း၍ သန့်ရှင်းသိမ်မွေ့သော အာရုံ တစ်ခုခုကို အာရုံပြုကာ ဘုရားရဟန္တာတို့သန္တာန် ပြုံးရွှင်သောစိတ်…။

ဝိပါက် = ရင့်ကျက်သောအဖြစ်သို့ရောက်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးတရားသည်…။

ကိရိယာ = ပြုခါမတ္တမျှသာဖြစ်သောသဘောရှိသောကြောင့်..။ အာဝဇ္ဇန်းဒွေးမှ တစ်ပါးကြွင်းသော ကိရိယာစိတ် (၁၈)ပါးသည် ရဟန္တာတို့၏ သန္တာန်မှာသာဖြစ်ကြ၍ အနုသယကင်းပြတ်ကြသဖြင့် ထိုထို ကိစ္စမှန်သမျှကို ပြုကာမတ္တ(အကျိုးမပေး)သော အနက်သဘောရှိသောကြောင့်…။

သောမနဿဖြစ်ကြောင်းတရားလေးပါး= ၁။အားကြီးသောသဒ္ဓါတရားရှိခြင်း။၂။ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံခြင်း။၃။ လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်တို့၏ ပြည့်စုံခြင်း။ ၄အလိုရှိအပ်သော ဣဋ္ဌာရုံနှင့် တွေ့ဆုံ ခြင်းတို့ဖြစ်ပါ သည်။

ဉာဏသမ္ပယုတ်ဖြစ်ကြောင်းတရားလေးပါး= ၁။ ပညာဉာဏ်ကိုဖြစ်စေတတ်သော ကံတရားရှိခြင်း။၂။ဗြဟ္မာ့ဘုံ၌ဖြစ်ခဲဘူးခြင်း။ ၃။ဣနြေ္ဒရင့်ကျက် ခြင်း။ ၄။ကိလေသာ မှ ကင်းဝေးခြင်း။

အသင်္ခါရိက ကုသိုလ်ဖြစ်ကြောင်းတရား(၆)ပါး= ၁။ အသင်္ခါရိကနှင့် ပဋိသန္ဓေနေခဲ့ခြင်း။၂။ရှေးဘဝ၌ လေ့ကျက်ခဲ့ဘူးသော အထုံဝါသနာရှိခြင်း။၃။လျှောက်ပတ်သော ဥတု ဘောဇဉ်ရ၍ကိုယ်စိတ်ချမ်းသာ ခိုက်ရှိခြင်း။၎။မြော်မြင်တတ်ေ သာ အရွယ်သို့ရောက်ခြင်း။ ၅။သဒ္ဓါ ပညာနှင့်ပြည့်စုံခြင်း။ ၆။ကြည်နူးဘွယ်သော လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်နှင့်ပြည့်စုံခြင်း။

ဝိတက် = အာရုံသို့ စိတ်ကိုရှေးရှုတင်ပေးသော ဆောင်ပေးသောသဘော။ ဥပမာ -ရှင်ဘုရင်နှင့် အ ကျွမ်းဝင်သူမိတ်ဆွေက တောသားတစ်ယောက်ကိုနန်းတော်သို့တက်ရောက်နိုင်အောင် တင်ပေးသကဲ့ သို့ ဝိတက်သည် ယှဉ်ဘက်တရားတို့ကို အာရုံသို့တင်ပေးခြင်းလက္ခဏာရှိပါသည်။

ဝိစာရ = ဝိတက်တင်ပေးသော အာရုံကို အဖန်ဖန်သုံးသပ်ြ ခင်းလက္ခဏာရှိပါသည်။

ဝိတက် ဝိစာရတို့၏ထူးခြားပုံ = ဝိတက်သည် ရုံ့ရင်းကြမ်းတမ်းသော သဘောရှိသောကြောင့်၎င်း၊ရှေ့ ကသွားသော သဘောရှိသောကြောင့်၎င်း၊ရှေးဦးစွာ တီးခတ်သောခေါင်း လောင်းသံနှင့်တူပါသည်။ဝိစာရသည် သိမ်မွေ့သော သဘောရှိ သောကြောင့်၎င်း၊အဖန်ဖန်သုံးသပ်ခြင်း သဘောရှိသောကြောင်၎င်း၊တီးခတ်ပြီးသော ခေါင်းလောင်းသံ၏ ဆက်လက်မြည်ဟီးသောအသံနှင့်တူလှပါသည်။

ပီတိ = ကိုယ်စိတ်နှစ်ပါးကို ရောင့်ရဲစေတတ်၊ တိုးပွားစေတတ် ကြည်နူးနှစ်သိမ့်စေတတ်သောသဘော။

သုခ = သမ္ပယုတ်တရားတို့ကို ချမ်းသာစေတတ်သော သဘောရှိပါသည်။ဥပမာ ချမ်းသာသုခကို ခံစား သော မင်းနှင့်တူပါသည်။

ပီတိနှင့်သုခအထူး= သဲကန္တာရ၌ ခရီးပမ်းလာသူသည် တောအုပ် အရိပ် ရေတို့ကို မြင်သောအခါ နှစ် သက်ခြင်းကဲ့သို့ အာရုံကို နှစ်သက်ခြင်းပျော်ရွှင်ခြင်းသဘောသည် ပီတိမည်ပါသည်။ တောအုပ်ကိုဝင် ပြီး အရိပ်မှာ ခိုရသည့်အခါ၊ရေကို သောက်ရ ချိုးရသည့်အခါကဲ့သို့ အာရုံကို ခံစားခြင်းသဘောသည့် သုခမည်ပါသည်။

ဧကဂ္ဂတာ = အာရုံအမျိုးမျိုး၌ ပျံ့လွင့်ခြင်းသဘောမရှိ အာရုံတစ်ခုတည်း၌ တည်တတ်သောသဘော လက္ခဏာရှိပါသည်။

ဈာန် = ကသိုဏ်းစသော အာရုံကို ကပ်၍ရှုတတ်သောကြောင့်၎င်း၊ဆန့်ကျင်ဘက် လောဘစသော နီဝရဏတရားတို့ကိုလောင်မြိုက်စေတတ်သောကြောင့်၎င်း ဈာန်မည်ပါသည်။

အာကာသာနဉ္စာယတန = အဆုံးပိုင်းခြားမရှိသော ကောင်းကင်ပညတ်ဟုဆိုအပ်သော အာရုံရှိသော ကြောင့် အာကာသာနဉ္စာယတနခေါ်ပါသည်။ကောင်းကင်ပညတ်လျှင် တည်ရာအာရုံရှိသောဈာန်စိတ် သည် အကာသာနဉ္စာယတနဈာ န်စိတ်ဟုခေါ်ပါသည်။

ဝိညာနဉ္စာယတနဈာန်စိတ် = ပထမာရုပ္ပဝိညာဏ်တည်းဟူသော အကာသာနဉ္စာယတနဈာန်စိတ်လျှင် တည်ရာရှိသော ဈာန်စိတ်သည်…မည်ပါသည်။

အကိဉ္စညာယတနဈာန်စိတ် = ပထမာရုပ္ပဝိညာဏ် စိုးစဉ်းအနည်းငယ်မျှ အကြွင်း အကျန်မရှိသော နတ္ထိဘောပညတ်လျှင်အာရုံရှိသော ဈန်စိတ်သည်….မည်ပါသည်။

နေဝသညာနာသညာယတနဈာန်စိတ် = တတိယာရုပ္ပဝိညာဏ် လျှင်တည်ရာရှိသောဈာန်စိတ်သည်… မည်ပါသည်။ထိုဈာန် စိတ်သည် အလွန်နူးညံ့သိမ်မွေ့လှသဖြင့် ၎င်းစိတ်နှင်ယှဉ်ကြ ကုန်သော သညာ ဝေဒနာ စသော နာမ်တရားစုတို့မှာလည်း အလွန်နူးညံ့သိမ်မွေ့ကုန်၏။ ထို့ကြောင့် သမာပတ် ရှစ်ပါးတွင် အသိမ်မွေ့ဆုံးအလွန်ကဲဆုံးဖြစ်သည်။ သက်တမ်းလည်းအရှည်ဆုံး ဘုံအားဖြင့်လည်းအမြင့်ဆုံးဖြစ်၏ထိုဈာန်ထက် သိမ်မွေ့သောတရားမရှိ။ထို့ထက် သိမ်မွေ့ပါလျှင်နာမ်တရားတို့ အရှင်းမပေါ်ဘဲ ချုပ်ငြိမ်း ရလိမ့်မည်။ ထိုသို့ချုပ်ငြိမ်းမှုသည် နိရောဓသမာပတ်မည်၏။ ထို့ကြောင့် နိရောဓသမာပတ်ဝင်စားတော် မူကြကုန်သော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့သည် ဈာန်အဆင့်ဆင့် ဝင်စားလာကြရာ နောက်ဆုံးတွင် အသိမ်မွေ့ဆုံးဖြစ်သော နေဝသညာနာသညာယတနဈာန်ကို ဝင်စားပြီးနောက်နာမ် တရားတို့၏ဖြစ်မှု ပျက်မှုပြတ်စဲ ချုပ်ငြိမ်းရသော နိရောဓသမာပတ်ဖြစ်လာပါသည်။

သမာပတ်ရှစ်ပါး = ရူပါဝစရဈာန်စိတ်(၅)ပါးကို စတုက္ကနည်းအားဖြင့်(၄)ပါးယူပြီး အရူပါဝစရဈာန်စိတ် လေးပါးနှင့်ပေါင်းသော သမာပတ်ရှစ်ပါးဖြစ်ပါသည်။ စတုက္က နည်းယူပုံမှာ = ပထမဈာန် ဒုတိယဈာန် သည် ပထမဈာန်မည်၏။တတိယဈာန် သည် ဒုတိယဈာန်။စတုတ္ထဈာန်သည် တတိယဈာန်။ပဉ္စမ ဈာန်သည် စတုတ္ထ ဈာန်မည်၏။ဤသို့လေးပါးဖြစ်လာသည်။

လောကုတ္တရာ = လောကကိုလွန်မြောက်ခြင်း၊ လောကကိုလွှမ်းမိုး၍တည်ခြင်း သဘောရှိပါသည်။

လောကကိုလွန်မြောက်ပုံ = သောတာပတ္တိမဂ်သည် ပုထုဇဉ်ဟူသော သတ္တလောက၊ အပါယ်လေးပါးဟူသော သြကာသလောကမှ လွန်မြောက်ပါသည်။သကာဒါဂါမိမဂ်သည် သောတာပန်ပုဂ္ဂိုလ်ဟူသော သတ္တလောက၊ ကာမဘုံတစ်စိပ်တစ်ဒေသဟူသော သြကာသလောကမှလွန်မြောက်ပါသည်။ အနာဂါ-မိမဂ်သည် သကဒါဂါမ်ဟူသော သတ္တလောက၊ ကာမဘုံဟူသော သြကာသလောကမှ လွန်မြောက်ပါ သည်။အရဟတ္တမဂ်သည် အနာဂါမ်ဟူသော သတ္တလောက၊ရူပ အရူပဘုံဟူသော သြကာသလောက မှလွန်မြောက်ပါသည်။

မဂ် = ကိလေသာကိုသတ်၍နိဗ္ဗာန်ကိုသွားတတ်သောကြောင့် မဂ်ဟုခေါ်ပါသည်။

သောတာပတ္တိမဂ်= အရိယာမဂ်တည်းဟူသော အယဉ်သို့ ရှေးဦးစွာရောက်ခြင်းဖြင့် ရအပ်သော မဂ်သည်…။

သကဒါဂါမိမဂ် = ပဋိသန္ဓေနေခြင်း၏အစွမ်းအားဖြင့် ဤလူ့ဘုံသို့ တစ်ကြိမ်သာ လာခြင်းရှိသော မဂ် သည် သကဒါဂါမိမဂ်မည်ပါသည်။

အနာဂါမိမဂ် = ပဋိသန္ဓေနေခြင်း၏အစွမ်းအားဖြင့် ကာမဘုံသို့တစ်ကြိမ်သာလာ တတ်သောမဂ်သည်..။

အရဟတ္တမဂ် = မြတ်သောအလှူကိုခံထိုက်သည်၏အစွမ်းဖြင့် ပူဇော်အထူးကို ခံထိုက်သော မဂ်သည် အရဟတ္တမဂ်မည်ပါသည်။

စေတသိက်တို့၏အဓိပ္ပါယ်များ

ဖဿ = အာရုံတို့ကိုတွေ့ထိခြင်းသဘောသည် ဖဿမည်၏။ ဥပမာ ချဉ်သီးစား နေသူကို တစ်ပါးသူ များက မြင်သောအခါ သွားရည်ယိုသကဲ့သို့အဆင်းနှင့်စက္ခုဒွါရပေါင်းဆုံသောခါ မြင်သိစိတ်ကိုလာ ရောက်တွေ့ထိသော သဘောပင်တည်း။

ဝေဒနာ = အာရုံ၏ ဣဋ္ဌအနိဋ္ဌစသော အရသာကို ခံစားခြင်းသဘောသည် ဝေဒနာမည်၏။

သညာ = ကောင်းဆိုးနှစ်ပါး အာရုံများကို အမှတ်ပြု၍သိခြင်းသဘော။အဖြူ အနီ အညိုစသည်တို့ကိုမှတ်သားခြင်းသည်သညာသိမည်၏။ စာပေများကို ကျက်မှတ်ခြင်းသည်သညာသိ။စာပေများကို ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြား၍သိခြင်း သည် ပညာသိမည်၏။

စေတနာ = နှိုးဆော်တိုက်တွန်းခြင်း ကြောင့်ကြစိုက်ေ စခြင်းသဘောသည် စေတနာမည်၏။

ဧကဂ္ဂတာ = အာရုံတစ်ခုတည်း၌ တည်တည်တန့်တန့် စူးစိုက်တည်ကြည်ခိုင်မာသောသဘောသည်..။

ဇီဝိတိနြေ္ဒ = အတူဖြစ်ဖက်တရားတို့ကို အသက်ရှင်စေအောင် စောင့်ရှောင်ခြင်း အစိုးရခြင်းသဘော…။

မနသိကာရ = အာရုံသို့ရောက်အောင် နှလုံးသွင်းခြင်း၊ အာရုံ၌စိတ်ကို မောင်းနှင်ခြင်း သဘောသည်….။

မနသိကာရသုံးပါး= ၁။ငါးဒွါရ၌ဖြစ်သော ဝီထိစိတ်အစဉ်ကို အာရုံငါးပါးနှင့်ယှဉ်တွဲ၍ ပေးတတ်သော ပဉ္စ ဒွါရဝဇ္ဇန်းစိတ်သည် ဝီထိပဋိပါဒက မနသိကာရမည်၏။ ၂။ဇောစိတ် အစဉ်ကို အာရုံအမျိုးမျိုးနှင့် ယှဉ်တွဲပေးတတ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည် ဇဝနပဋိပါဒကမနသိကာရမည်၏။၃။ ချုပ်သွားသောစိတ်အစဉ်များပြန်ဖြစ်ပေါ်လာရန် အာရုံကိုယူရန် စီမံနှလုံးသွင်းပေးတတ်သော အာရမ္မဏ ပဋိပါဒက မနသိကာရ (မနသိကာရစေတသိက်)ဟူ၍သုံးပါးဖြစ် ပါသည်။

သဗ္ဗစိတ္တသာဓာရဏ= စိတ်အားလုံးနှင့်အမြဲယှဉ်တွဲတတ်ေ သာကြောင့် မည်ပါသည်။

အဓိမောက္ခ = အာရုံကို တိတိကျကျ ခိုင်ခိုင်မာမာ ဆုံးဖြတ်တတ်သောကြောင့် မည်ပါသည်။

ဝီရိယ = ရဲရဲရင့်ရင့် အားထုတ်ခြင်းသဘော၊ကြိုစားအားထုတ်မှုသဘောရှိ သောကြောင့်…။

ပီတိ = နှစ်သက်ရွှင်လန်း,စိတ်နှလုံးကို ဝမ်းသာစေခြင်းသေ ဘာရှိသောကြောင့် မည်ပါသည်။

ပီတိငါးမျိုး= ၁။ကိုယ်၌ကျက်သီးမွှေးညှင်းထရုံ နှစ်သက်ခြင်းသည် ခုဒ္ဒကာပီတိ။ ၂။လျှပ်စစ်ပျက်သလို ကိုယ်၌ ခဏခဏဖြန်းကနဲ ဖြန်းကနဲနှစ်သက်လျှင် ခဏိကာပီတိ။၃။သမုဒ္ဒရာလှိုင်းလို ကိုယ်မှာ တစ်ငြိမ့်ငြိမ့်တစ်သိမ့်သိမ့် နှစ်သက်လျှင် သြက္ကန္တိကာပီတိ။ ၄။နှစ်သက်မှုအရှိန်ကြီးမားကာ ကိုယ်ကို ကောင်းကင်သို့ကြွတက်စေနိုင်သော နှစ်သက်မှု သည် ဥဗ္ဗေဂါပီတိ။၅။တစ်ကိုယ်လုံးစိမ့်ကာ တစ်သိမ့် သိမ့်ကြည်နူးချမ်းမြေ့သော (ဝါဂွမ်း အတွင်းသို့ ဆီများစိမ့်ဝင်သကဲ့သို့)နှစ်သက်မှုသည် ဖရဏာပီတိ။

ဆန္ဒ = အာရုံ၌ငြိစွဲသော သဘောမပါဘဲ ပြုလိုကာမတ္တတောင်တသည့်သဘောသည် … မည်ပါသည်။

အဟီရိက = မကောင်းမှု ဒုစရိုက်ကို ပြုရမှာ မရှက်တတ်သောသဘောသည် …. မည်ပါသည်။ဥပမာ ဝက်သည် မစင်ကို မစက်ဆုတ်သကဲ့သို့ မကောင်းမှုကို မစက်ဆုတ်ခြင်းမရှက်ခြင်းတည်း။

အနောတ္တပ္ပ = ပိုးဖလံကောင်လေးများသည် မီးကိုတိုးရမှာ မကြောက်သကဲ့သို့ မကောင်း မှုပြုရမှာ မကြောက်ခြင်းသဘောသည် အနောတ္တပ္ပမည်ပါသည်။

ဒိဋ္ဌိ = မှားမှားယွင်းယွင်း သိမြင်ခြင်းသဘောသည် …. မည်ပါသည်။

မာန = တံခွန် မှန်ကင်းကဲ့သို့ ကိုယ့်ကိုယ်ကို မြင့်မောက်မော်ြ ကွားထောင်လွှားတတ် သောသဘော…။

ဣဿာ = သူတစ်ပါးတို့ စည်းစိမ်ချမ်းသာပြည့်စုံမှုကို မနာလို မရှုစိမ့်သည်သဘော သည် .....။

မစ္ဆရိယ = မိမိ၏ပြည့်စုံချမ်းသာမှုကို သူတစ်ပါးအား မမျှဝေလို မပေးလို ဝန်တိုသော သဘောသည်…။

မစ္ဆရိယငါးပါး = ၁။အခြံအရံ ဒကာ/ဒကာမစသည်၌ ဝန်တိုမှုသည် ကုလမစ္ဆရိယ။ ၂။လာဘ်လာဘ၌ ဝန်တိုမှုသည် လာဘမစ္ဆရိယ။၃။အရိပ် အာဝါသနေရာ၌ဝန်တို မှုသည် အာဝါသမစ္ဆရိယ။၎။အဆင်းလှပမှု၌ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယ။၅။တရား ဓမ္မ၌ ဝန်တိုမှုသည် ဓမ္မမစ္ဆရိယ။

ကုက္ကုစ္စ = နောင်တတစ်ဖန် ပူပန်ဆင်းရဲသော သဘော။ မပြုမိခဲ့သော သုစရိုက်၊ ပြုမိခဲ့သော ဒုစရိုက် တို့ကိုစွဲ၍ငါသည် ကောင်းမှုသုစရိုက်ကို ပြုသင့်ချိန်တုန်းက မပြုမိခဲ့လေခြင်း၊ မကောင်းမှု ဒုစရိုက်ကိုမှ ပြုမိခဲ့လေခြင်းဟု နှလုံးမသာယာခြင်း နောင်တတစ်ဖန်ပူပန်ခြင်းသဘောသည် ကုက္ကုစ္စမည်ပါသည်။

ထိန = စိတ်တို့၏ရွှင်လန်းတက်ကြွမှုမရှိဘဲ တွန့်လိမ်ထူထိုင်းသည့်သဘောသည် …. မည်ပါသည်။

မိဒ္ဓ = စေတသိက်တို့၏တက်ကြွရွှင်လန်းမှုမရှိဘဲ ပျင်းရိထိုင်းမှိုင်း ငိုက်မြည်းသည့် သဘောသည်..။

ဝိစိကိစ္ဆာ = တစ်ခုခုသော သဘောတရား၌တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သည့် သဘောသည် ဝိစိကိစ္ဆာမည်ပါသည်။

သဒ္ဓါ = ရတနာသုံးတန် ကံနှင့် ကံ၏အကျိုးကို မြတ်နိုးစွာ ယုံကြည်ခြင်းသဘော သည် သဒ္ဓါမည်ပါ သည်။ရေနောက်မြူနှယ်များကို ကြည်လင်စေတတ်သော ပတ္တမြားရတနာနှင့်တူပါသည်။ ထိုပတ္တမြားရတနာသည် နောက်ကျုနေသောရေ များကို ကြည်လင်သန့်ရှင်းစေသည်။ပူနေသောရေကို အေးစေ သည်။ထို့အတူ သဒ္ဓါတရားကလည်း ကိလေသာအပူဓာတ်အေ လာင်ဓာတ်များကြောင့် နောက်နေ သောစိတ်အစဉ်ကို ကြည်လင်စေသည်။ ပူနေသောစိတ်ကို အေးချမ်းစေပါသည်။

သတိ = ဘုရားစသော အာရုံ၊ကုသိုလ်ကောင်းမှုများ၌ အောက်မေ့ခြင်းသဘော သည် … မည်ပါသည်။ ယင်းသတိသည် မေ့လျှော့မှုကို ဖျက်ဆီးကာ အာရုံ၌ စိတ်ကိုမျောလွတ်သွားခွင့်မပေးဘဲ အမှတ်ရ အောက်မေ့စေမှုပင်။သတိစောင့်ရှောက် မှုရှိသောစိတ်သည် အကုသိုလ်တရားတို့ဝင်ရောက်ဖျက်ဆီး ခွင့်မရပါ။ ချစ်သူရည်းစားကိုအောက်မေ့မှု၊သူတစ်ပါးကို လုပ်ကြံသတ်ဖြတ်ရန် သတိရမှုသည် အမှန် စင်စစ် သတိဟုခေါ်ဆို၍မရပါ။ အမှတ်သညာဟုသာ ခေါ် ရပါမည်။ သတိသည် မကောင်းမှု အကုသိုလ် လုံးဝယှဉ်တွဲခွင်မရှိသောကြောင့်တည်း။

ဟိရိ = မကောင်းမှု ဒုစရိုက်ပြုရမှာစက်ဆုတ်ရွံရှာ ရှက်တတ်သော သဘောသည် ဟိရိမည်ပါသည်။အမျိုးကောင်းသမီးသည် ပတ်ဝန်းကျင်ကဲ့ရဲ့ကြမည်ကိုလည်းရှက်၊ မိမိကိုယ်ကိုလည်းရိုသေကာ မကောင်းမှုပြုရမည်ကို ရှက်သည်နှင့်တူပါသည်။၁။ မိမိအမျိုးဇာတ်မြင့်မြတ်မှု။၂။အရွယ်ကြီးရင့်မှု၊ ၃။ရဲရင့်မှု။၎။ အကြားအမြင်ရှိမှု၊ ၅။မိမိကိုးကွယ်သည့်ဘုရား၏မြင့်မြတ်မှု၊ ၆။ မိမိ၏သားသမီးများ၏မြင့် မြတ်မှု၊ ၇။မိမိအဆွေခင်ပွန်း၏ မြင့်မြတ်မှုတို့ကိုဆင်ခြင်ကာ မိမိဟူသော အဇ္ဈတ္တကို အာရုံပြုကာ မကောင်းမှုပြုရမှာ ရှက်၏။

သြတ္တပ္ပ = မကောင်းမှု ဒုစရိုက်ပြုရမှာ ထိတ်လန့်သည့်သဘောသည် သြတ္တပ္ပမည် ပါသည်။ဥပမာအားဖြင့် ရဲရဲတောက်ပူသော သံတုံးကို ပူမည်ကြောက်သောကြောင့် မကိုင်ကြသကဲ့သို့ဖြစ်ပါသည်။၎င်း သြတ္တပ္ပဖြစ်ကြောင်းကတော့ ၁။ကိုယ့်ကိုယ်ကို စွပ်စွဲမှုဘေး။၂။သူတစ်ပါးတို့ကစွပ်စွဲမှုဘေး။၃။မင်းစိုး ရာဇာတို့၏အပြစ်ဒဏ်ဘေး။၎။အပါယ်ကျရောက်မည့်ဘေး များကိုဆင်ခြင်ကာ ဗဟိဒ္ဓပြင်ပကို အာရုံ ပြု၍ မကောင်းမှုကို မပြုလုပ်ပါ။

မှတ်ချက် /ဟိရိ နှင့် သြတ္တပ္ပတရားနှစ်ပါးကို လောကကိုစောင့်ရှောက်တတ်သော ကြောင့် လောကပါလတရား-ဒေဝဓမ္မတရား ဟုခေါ်ဆိုပါအပ်ပါသေးသည်။

အလောဘ = လောကီအာရုံ ကာမဂုဏ်ဝတ္ထုတို့၌မကပ်ငြိ မတွယ်တာသောသဘော၊ကပ်ငြိတွယ်တာ တတ်သော လောဘ၏ဆန့်ကျင် ဘက်သဘောသည် အလောဘမည်ပါသည်။စွန့်လွှတ်လိုသော အနစ် နာခံလိုသော ပေးကမ်းလှူဒါန်းလိုသော နေက္ခသဘောရှိပါသည်။

အဒေါသ= မကြမ်းတမ်းမခက်ထန် မပြစ်မှားသောသဘောရှိသောကြောင့် အဒေါသဟုခေါ်ပါသည်။အဒေါသဟူသည်မှာ စင်စစ်မေတ္တာတရားသာဖြစ်ပါသည်။ သတ္တဝါများကို အဆင့်အတန်း မခွဲခြားဘဲ အညီအမျှချစ်ခင်ြ ကင်နာခြင်းသဘောဖြစ် ပါသည်။ဥပမာအားဖြင့် ရေကြည်ရေအေးနှင့်တူပါသည်။

ရေကြည်ရေအေးသည် အဆင့်အတန်း မခွဲခြားဘဲ သောက်သုံးသူတိုင်းကို အေးမြ ချမ်းသာသော ဓာတ် သဘောကို ဆောင်သကဲ့သို့ဖြစ်ပါသည်။

အမောဟ/ပညာ = မမြဲခြင်းစသော သဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ မဖောက် မပြန် မတွေမဝေ ထင်ထင်ရှားရှား သိတတ်သော အနက်သဘောရှိသောကြောင့် အမောဟ/ပညာဟုခေါ်ပါသည်။ အသိ အလိမ္မာ ဉာဏ်ပညာ အမြော်အမြင် ဆင်ခြင် မှုတရားတို့သည် အမောဟ/ပညာ၏သဘောတရားတို့ ချည်းသာဖြစ်စ်ကြပါသည်။

အသိသုံးပါး = ၁။စာချောက်ရုပ်ကိုလူကဲ့သို့ ထင်မှတ်သော သမင်တို့ကဲ့သို့တစ်စုံ တစ်ရာကို အထူးအထွေမကြံစည်ပဲ နဂိုမှတ်သားထားသည့် သညာအတိုင်းသိသော အသိသည် သညာသိမည်ပါသည်။၂။သညာထက်ထူးကဲစွာ ကြံတတ်သိတတ်သော အသိသည် ဝိညာဏ်သိမည်ပါသည်။၃။အသိတရားတို့တွင် အလွန်ကဲဆုံးအထူးထူး အပြားပြား ဟုတ်တိုင်းမှန်စွာ ဝေဖန်၍သိသော အသိသည် ပညာသိ မည်ပါသည်။ဥပမာ ကလေးတစ်ယောက် ရွှေကိုကောက်ရသကဲ့သို့ ကလေးက ဝါဝါဝင်းဝင်းအတုံး အခဲလေးလှသည်ဟုသိ၍ကောက်လာသည်။ မိခင်ကိုပြသောအခါမိခင်ကရွှေဟုသိ၏။ ရွှေပန်းထိမ် ဆရာကို ပြသ၏။ရွှေပန်းထိမ်ဆရာက ဤရွှေသည် ရွှေရည်ဘယ်နှစ်ပဲရှိသည် အလေးအချိန်ဘယ် လောက်သားရှိနိုင်သည်၊ ဘယ်လောက်တန်ဘိုး ရှိသည်ကိုသိသည်။ ထို့အတူ သညာသိက ကလေးသိ။ ဝိညာဏ်သိက မိခင်သိ။ ပညာသိက ရွှေပန်းထိမ်ဆရာသိဖြစ်ပါသည်။

တတြမဇ္ဈတ္တတာ = ချိန်ခွင်လျှာကဲ့သို့ သမ္ပယုတ်စိတ် စေတသိက်တရားတို့ကို ပိုမိုခြင်း ယုတ်လျှော့ခြင်းမရှိစေဘဲ အလယ်တည့်တည့် ညီမျှစွာ လျှစ်လျှူရှုတတ်ေ သာသဘောရှိသောကြောင့်…။

ကာယပဿဒ္ဓိ = ရေထဲသို့ပစ်ချလိုက်သော ငါးကဲ့သို့ ကုသိုလ်ကောင်းမှုတို့၌ စေတသိက် တို့၏ ငြိမ်းအေးခြင်းသဘောသည်ကာယပဿဒ္ဓိမည်ပါသည်။ ထို့အတူပင် စိတ်တို့၏ ငြိမ်းအေးခြင်းသဘောကို စိတ္တပဿဒ္ဓိဟုခေါ်ပါသည်။

ကာယလဟုတာ = လေးလံလွန်းသော ဝန်ထုတ်ဝန်ပိုးကြီးကို ခေါင်းပေါ်မှပစ်ချလိုက်ရ သကဲ့သို့ ကုသိုလ်ကောင်းမှုတို့၌ စေတသိက်တို့၏ ပေါ့ပါးခြင်းသဘောသည် ကာယလဟုတာမည်ပါသည်။ထို့ အတူ စိတ်တို့၏ပေါ့ပါးခြင်းသဘောသည် စိတ္တလဟုတာမည်ပါသည်။လေးလံထိုင်းမှိုင်းသော ထိနမိဒ္ဓ တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။

ကာယမုဒုတာ = လိုသလိုပုံသွင်းလို့ရသော ရွှေစင်နှစ်ကဲ့သို့ ကုသိုလ်ကောင်းမှု၌ စေတသိက်တို့၏လွန်စွာ နူးညံ့ပျော့ပြောင်းခြင်းသဘောသည် ကာယမုဒုတာမည် ပါသည်။ထို့အတူ စိတ်တို့၏နူးညံ့ပျော့ ပြောင်းခြင်းသဘောသည် စိတ္တမုဒုတာမည် ပါသည်။ခက်ထန်မာကြောသော ဒိဋ္ဌိ မာနတို့၏ဆန့်ကျင် ဘက်ဖြစ်ပါသည်။

ကာယကမ္မညတာ = ကြိုချက်ထားသော ရွှေစင်နှစ်သည် လိုသလိုပုံသွင်းနိုင်သကဲ့သို့ ကုသိုလ်ကောင်းမှုပြုလုပ်ရာ၌ အလိုရှိတိုင်းချောချောမောမော ပြီးမြောက်စေသော သဘောသည် ကာယကမ္မညတာ မည်ပါသည်။ ထို့အတူ စိတ်တို့၏အလိုရှိရာကောင်းမှုကုသိုလ်တိုင်းပြုပြင်နိုင်စွမ်းရှိသော သဘော သည် စိတ္တကမ္မည တာမည်ပါသည်။

ကာယပါဂုညတာ = ရေနက်ထဲသို့ ပစ်ချလိုက်သော မိကျောင်းကဲ့သို့ကုသိုလ်ကောင်းမှုပြုလုပ်ရာ၌ စေတသိက်တို့၏ အလေ့အကျင့်ရပြီးသော ကျွမ်းကျင်နိုင်နင်းသောသဘောသည် ကာယပါဂုညတာ မည်ပါသည်။ထို့အတူ စိတ်တို့၏ လေ့လာနိုင်စွမ်းကျွမ်းကျင်မှုသဘောသည် စိတ္တကမ္မညတာမည်၏။

ကာယုဇုကတာ = ကာယ ဥဇုကတာ -လေးသမားပစ်လွှတ်အ ပ်သော လေးသည် ဖြောင့်ဖြောင့်မတ် မတ်သွားသကဲ့သို့ စေတသိက်တို့၏ ကောင်းမှုကုသိုလ်တို့၌ ဖြောင့် ဖြောင့်မတ်မတ် သွားရောက်ခြင်းသဘောသည် ကာယုဇုကတာမည်၏။ထို့အတူ စိတ်တို့၏ ကောင်းမှုကုသိုလ် တို့၌ ဖြောင့်ဖြောင့်မတ် မတ်သွားရောက်ခြင်းသည် စိတ္တုဇုကတာမည်၏။

                          ⓐⓢⓗⓘⓜ   ⓞⓐⓣⓣⓐⓜⓐ

No comments:

Post a Comment