Wednesday, November 28, 2018

အနာထပိဏ္ဍိကသေဋ္ဌိ

အနာထပိဏ္ဍိကသေဋ္ဌိ
   """"""""""""""""""""""""""""""""

မြတ်စွာဘုရားရှင် သာဝတ္ထိ ဇေတဝန် ကျောင်းတော်တွင် သီတင်းသုံး နေတော်မူစဉ်...

အနာထပိဏ်သူဋ္ဌေးသည်
၅၄ကုဋေ.သော ဥစ္စာဖြင့် ကျောင်းတော်ဆောက်လှူ၊
၁၈ကုဋေ.သည်လည်း ကမ်းပြို၍ရှာမရ၊ ဥစ္စာတို့ ချွတ်ချုံကျသော်လည်း
ဘုရားရှင်နှင့်တကွ သံဃာတော်တို့အားလည်း
ဆန်ကွဲကိုချက်၍''
ဆန်ကွဲထမင်း ပုန်းရည်ဟင်း'ဖြင့် ပြုနေကျ ဝတ်ကို မချွတ်ရအောင်သာ လှူဒါန်းနေရသည်...

တနေ့သောအခါ
တံခါးစောင့်နတ်သည်
" အရှင်သူဋ္ဌေးမင်း.. သင်သည် အလှူဝတ်ကို စွန့်ပါလော့၊ သင် အလှူရဲ၍ မွဲပြီမဟုတ်လော'''?ဟု ဆိုသောအခါ...

အနာထပိဏ်သည်
" နင်ကဲ့သို့ နတ်မိစ္ဆာမျိုး တရာတထောင်ပင် ပြောသော်လည်း ငါ၏စိတ်ဇော သဒ္ဓါကို လှုပ်ခတ်စေခြင်းငှါ မည်သို့မျှ မတတ်နိုင်'''👍
ဟု ပြောဆို၍...
"ငါအိမ် ငါ့တံခါးမုခ်ဝယ် နင်ကဲ့သို့သော နတ်ယုပ် မနေလင့် ထွက်သွားလော့''ဟု နှင်ထုပ်သည်တွင်...

နတ်သည် ကိုးကွယ်ရာ မရသောကြောင့် ၅၄ကုဋေ. သောဥစ္စတို့ကို
ကျီအတွင်း၌ ပြည့်စေလျက် ကန်တော့ဝန်ချ၏၊
ဤအကြောင်းအား အနာထပိဏ်သည် မြတ်စွာဘုရားရှင်အား လျှောက်သောအခါ၊
ဘုရားရှင်သည်...

"ပါပေါပိ ပဿတီ ဘဒြံ၊
ယာဝ ပါပံ န ပစ္စတိ။
ဘဒြောပိ ပဿတိ ပါပံ၊
ယာဝ ဘဒြံ နပစ္စတိ၊
ယဒါစ ပစ္စတိ ဘဒြံ၊
အထ ဘဒြော ဘဒြာနိ ပဿတိ''။ ဟု
ဤ၂ဂါထာကို ဟောတော်မူ၏...
( ရှေးသုံးပါဒ ပယျာဝတ္တ၊
စတုတ္ထပါဒ ဝေတာလီ၊
ပဿတီ ပစ္စတီတု ဒီဃ)

"ယာဝ''
အကြင်ရွေ့လောက်၊
"ပါပံ''
မကောင်းမှု ကံသစ်သည်၊
"နပစ္စတိ''
အကျိုးမပေးသေး၊
"တာဝ''
ထိုရွေ့လောက်၊
"ပါပေါပိ''
ယုပ်မာသောသူသည်လည်း၊
"ဘဒြံ''
ကောင်းသောဥစ္စာ ချမ်းသာကို၊
"ပဿတိ''
တွေ့မြင်လာရသေး၏၊
"ယဒါစ''
အကြင် အခါ၌ကား၊
"ပါပံ''
မကောင်းမှု ကံသည်၊
"ပစ္စတိ''
အကျိုးပေး၏၊
"အထ တသ္မိံ ကာလေ''
ထိုမကောင်းမှုကံ အကျိုးပေးသောအခါ၌၊
"ပါပေါ''
သူယုပ်မာသည်၊
"ပါပါနိ''
ယုပ်ယုပ်မာမာ ကြီးသော ဒုက္ခတို့ကို၊
"ပဿတိ''
တွေ့မြင်ရလေ၏။
.............

"ယာဝ''
အကြင်မျှလောက်၊
"ဘဒြံ''
ကောင်းမှု ကံသစ်သည်၊
"နပစ္စတိ''
အကျိုးမပေးသေး၊
"တာဝ''
ထိုကောင်းမှု အကျိုးမပေးသေးသမျှ၊
"ဘဒြောပိ''
ကောင်းသော သူသည်လည်း၊
"ပါပံ''
ရှေးကံအဟောင်း မကောင်းကျိုးစ.ဝဋ်ဒုက္ခကို၊
"ပဿတိ''
တွေ့ရ ခံစားရသေး၏၊
"ယဒါစ''
အကြင်အခါ၌ကား၊
"ဘဒြံ''
ကောင်းမှုကံသစ်သည်၊
"ပစ္စတိ''
အကျိုးပေး ၏၊
"အထ တသ္မိံ ကာလေ''
ထိုကောင်းမှုကံ အကျိုးပေးသောအခါ၌၊
"ဘဒြော''
ထိုသူတော်ကောင်းသည်၊
"ဘဒြာနိ''
ကောင်းသော ချမ်းသာ စည်းစိမ်ဥစ္စာ တို့ကို၊
"ပဿတိ''
တွေ့မြင်ရ ခံစားရလေ၏။
..................👏👏👍

(ဓမ္မပဒ.ပါဠိတော် နိဿယ)
  "ပါပဝဂ်''
ပါဠိ.မြန်မာ
      မှ...

No comments:

Post a Comment