Thursday, November 29, 2018

ကံ၏အကျိုး ဝိပါက်စိတ်

ကံ၏အကျိုး ဝိပါက်စိတ်
*****************

ပဋိသန္ဓေစိတ် | ဘဝင်စိတ်စုကို ကံပေးသော နိမိတ်အာရုံကိုယူ၍
ကံပစ်ချရာ ဘဝ၌ ကံအားကောင်းလျှင် ကောင်းလိုက် |
ကံအားညံ့လျှင် ညံ့လိုက် | ကံပြုပြင်သောအတိုင်း | ကံစီရင်သော
အတိုင်း | ကံအစွမ်းအားလျော်စွာဖြစ်သော စိတ်စုဖြစ်ခြင်းကြောင့်
ကံ၏ အကျိုး ဝိပါက်စိတ်ဟု ခေါ်သည် ။
ဤဝိပါက်စိတ်အစဉ်သည် ကံပေးသော အတိတ်အာရုံကို
အာရုံပြုလျက် မြစ်ရေအလျင်၌ မျောပါလေသော ဖက်ရွက်ထုပ်ကလေး ကဲ့သို့ အလွန် အမူအရာ ဗျာပါရကင်းလျက် အလွန်ငြိမ်သက်စွာ
ဖြစ်၍နေခြင်းကြောင့် ထိုဘဝင်စိတ် ဖြစ်၍နေသောအခါ ပုဂ္ဂိုလ်သည်
ဘာမှန်းမှ မသိပြီ ။ ဤသို့နေသည်ကို အိပ်ပျော်နေသည် |
မျောနေသည် | မေ့နေသည်ဟု လောက၌ ခေါ်ကြသည် ။
ဤကဲ့သို့ နှလုံးသွေး ဟဒယဝတ္ထုရုပ်ပေါ်၌ ဘဝင်ခေါ်သော
နဂိုပကတိမူလည်း စိတ်အစဉ်ဖြစ်၍နေပုံကို ကောင်းစွာ
သေချာသိမှတ်ကြ …။ ။

သေက္ချတောင်ဆရာတော်ဘုရားကြီး

No comments:

Post a Comment