Wednesday, November 21, 2018
လုံးဝမနှစ်သက်ခဲ့ပါဘူး
လုံးဝမနှစ်သက်ခဲ့ပါဘူး
--------------------------
ဘုရားရှင်ဟာ သူ့ ကျောင်းနားမှာ
တိတ္တိတွေ ကျောင်းလာဆောက်တာကို အပြင်းအထန် ကန့် ကွက်ခဲ့ပါတယ်
ဘုရားထက်ကြီးသူတွေက
ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေမယ်ဆိုတော့
စဉ်းစားကြပေါ့လေ……
                        (Angel)
Credit * from U Win Naing
_______________________
"ဇာတ်သိမ်းမလှတဲ့ ကောသလမင်းကြီး၏နိဂုံး"
(ဒါမှမဟုတ်) ဘာသာခြားတွေ လာဘ်ထိုးငွေကို
မက်မောယူမိတဲ့ ရှင်ဘုရင်တပါးရဲ့ ဘဝဇာတ်သိမ်းမလှပုံ။
စာရှည်ပေမယ့် ပြီးဆုံးအောင်ဖတ်ကြဖို့ မျှော်လင့်ပါတယ်။ ယနေ့ချိန်ခါနှင့်ကိုက်ညီကာ အမှန်ဆုံးဖြစ်နေလို့
သတိပြုဆင်ခြင်ကြစေဖို့ တင်ပြလိုက်ပါတယ်။
"ကောသလအိပ်မက် ၁၆ချက်
ကောသလအိပ်မက် ၁၆ချက်.."ဆိုပြီး ယနေ့ ခေတ်အထိ
မြန်မာဝေါဟာရမှာ လူပြောများ ရေပန်းစားနေခဲ့တဲ့
ထူးဆန်းတဲ့ အိပ်မက်ကြီး ၁၆မျိုးကို မြင်မက်ခဲ့တဲ့
ကောသလ ရှင်ဘုရင်။
သူမက်ခဲ့တဲ့ အိပ်မက်တွေကို သိချင်လို့  ဘုရားရှင်ထံ
သွားရောက်လျှောက်ထားခဲ့ရာက ဘုရားရှင်က
နားလည်အောင် အိပ်မက်တွေကို အနက်အဓိပ္ပါယ်ဖွင့်ကာ အနာဂတ် သာသနာကိုးကွယ်သူတွေရဲ့  တိုင်းပြည်မှာ
တရားပျက်သူတွေ ဖြစ်ပျက်မယ့်ဟာတွေကို မြင်မက်တာလို့  ပြန်ရှင်းပြ ဟောကြားတာကို နာယူခဲ့ဖူးတဲ့…
ကောသလရှင်ဘုရင်ဟာ သူ့ ရဲ့  ဘ၀နိဂုံးမှာ ဘယ်လို
အဆုံးသတ်သွားသလဲ?
(ဒီနေရာမှာ ကောသလအိပ်မက်၁၆ချက်ကို
ပြောမှာ မဟုတ်ပါ။)
ဘုရားသက်တော်ထင်ရှားရှိစဉ် သာဝတ္ထိပြည်မှာ
တိုင်းပြည်ကို အုပ်ချုပ်သူ ရှင်ဘုရင်အဖြစ် ပသေနဒီ ကောသလ မင်းကြီးဟာ ထီးဖြူအုပ်ချုပ် မင်းလုပ် နေပါသတဲ့ ။
ကောသလဟာ ရှင်ဘုရင် ဖြစ်ပါလျက်ကယ်နဲ့ 
လမ်းဘေးက ဇရပ်ပေါ်  ကျွန်မပေါင်ပေါ်မှာ နတ်ရွာစံခဲ့ရ
(သေခဲ့ရ)တာကို သိရှိသူ အင်မတန်နည်းပါတယ်။
အဖြစ်အပျက်က ဒီလို..
ဘုရားရှင် အများဆုံးသီတင်းသုံးနေခဲ့တဲ့ ဇေတ၀န်ကျောင်းရှိရာ သာဝတ္ထိမြို့ မှာ ဘုရားရှင်နဲ့  ဆန့် ကျင်ဘက်အယူရှိတဲ့ တိတ္ထိဂိုဏ်းဆရာကြီးတွေက တနေ့ သော အခါမှာ အစည်းအဝေးလုပ်တယ်။သူတို့ စိုးရိမ်ပုံက
"သာဝတ္ထိ တမြို့ လုံးလည်း ဂေါတမ တပည့်တွေချည်း
ဖြစ်ကုန်ပြီ။ ဒို့ တိတ္ထိဂိုဏ်းလည်း သာဝတ္ထိမှာ
မစားသာတော့ဘူး။ဒို့  ဘယ့်နှယ့်လုပ်ကြမလဲ???"
".........................................................."
"ဟာ ..ဘုရားဂေါတမက ဇေတ၀န်ကျောင်းဆိုတဲ့
ဘူမိနက်သန် နေရာမှန်ကို ရထားတယ်။ အဲဒီနေရာနားမှာ
ဒို့ လည်းပဲ ကျောင်းတစ်ဆောင်စာလောက်
ခြေကုတ်ရနိုင်လျှင် ဒို့ များလည်း ဘုရားဂေါတမလို
နေ့ ချင်းညချင်း တန်ခိုးကြီးနိုင်တာပဲ"
"------------------------------------------------------"
"ဒီတော့ အဲဒီ ဇေတ၀န်ကျောင်းတော်နား အစွန်အဖျားက
မြေကွက်လပ်တခုရရင် ဒို့ လည်း ကျကျနန အဆောင်ကြီးတခု ဆောက်ပြီး ဌာနချုပ်လုပ်နိုင်ရင်"
"......................................................."
"ဒါပေမယ့် ..ဇေတ၀န်တောရကျောင်းမြေက
အနာထပိဏ် သူဌေးကြီးက ဇေတ၀န်မင်းသားဆီကနေ
ငွေဒင်္ဂါးပြား အပြည့်ခင်းပြီး ၀ယ်ထားတာဆိုတော့
လွယ်လွယ်နဲ့ တော့ အဲ့ဒီအနား ဒို့ မကပ်နိုင်ဘူး"
"--------------------------------"
"နောက် တခုက ..ပသေနဒီ ကောသလမင်းကြီးဆိုတာက ဘုရားဂေါတမကျောင်းကို တနေ့  ၃ခေါက်လောက် သွားနေတဲ့ ရှင်ဘုရင်။ ဒီတော့ ငါတို့  လိုချင်တာက
အဲဒီကျောင်းဘေးမှာ ၀ယ်ရမှာဆိုတော့ လွယ်လွယ်နဲ့
မရနိုင်ဘူး။ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ"လို့
့ ဂိုဏ်းဆရာကြီးတွေက တိုင်ပင်ကြတယ်။
"ငါတို့ က ဘုရင်ကိုးကွယ်တဲ့ ကျောင်းနားမှာ မြေသွားဝယ်ပြီး ကျောင်းဆောက်ရင် ဘုရင်က ဖျက်ဆီးပစ်မှာပေါ့"
"ဒါပေမယ့် လောကမှာ ငွေနဲ့  အလုပ်လုပ်ရင်
ဘာမဆိုဖြစ်တယ်။ကိုယ်တော်တို့ ကျုပ်တို့ ကို ကိုးကွယ်နေတဲ့ သူဌေးသူကြွယ်တွေလည်း မနည်းဘူးပဲ ။သူတို့ ဆီက သာသနာပြု ရံပုံငွေကောက်...ဂေါတမဘုရားနဲ့ 
အပြိုင်သာသနာပြုဖို့  တန်ခိုးကြီးအောင်လုပ်ဖို့ 
ဇေတ၀န်ကျောင်းတော်နဲ့ မနီးမဝေး ကုန်းမြေတခု ၀ယ်ဖို့  ဌာနချုပ်လုပ်ဖို့ ..ကျောင်းဆောက်ဖို့  အကြောင်းပြ
ငွေကောက်။ အဲဒီနေရာကနေ ဌာနချုပ်တခုလုပ်မယ်။
အဲဒီနေရာကနေ သာသနာပြိုင်မယ်လို့  ပြော..။"
"မြေ၀ယ်ဖို့ ငွေအပြင် လာဘ်ငွေလည်း လိုတော့လိုမယ်။ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလကို အရင် လာဘ်ထိုး
ကြရမယ်။ဇေတ၀န်ကျောင်းဘေးက မြေကွက်ကို ၀ယ်ရင်
မကန့် ကွက် မဖျက်ဆီးရအောင်လို့  လာဘ်ထိုးဖို့ 
ငွေလည်း လိုမယ်"လို့  ဂိုဏ်းဆရာကြီးတွေက
တိုင်ပင်ကြတယ်။
ဘုရားခေတ်ကတည်းက အယူဝါဒ မတူသူတွေက ငွေကြေးဥစ္စာပြည့်စုံတဲ့ သူဌေးတွေ အကူအညီနဲ့  (ယခုခေတ် အာဏာပိုင်နဲ့ ပေါင်းစားနေတဲ့ ခရိုနီသူဌေးတွေ လိုပေါ့)
သာသနာပြိုင်ပြုကြတဲ့ သာဓကတွေ ရှိခဲ့တယ်။
"လောကမှာ ငွေပေးရင် လိုတာ ရတာပေါ့။ငွေပေးရင် အာဏာလည်း အလွယ်ရတာပေါ့ .."ဆိုပြီး သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလကို လာဘ်ထိုး ကြမယ်..လို့ 
ကြံစည်ကြပြီးကြတဲ့ ဂိုဏ်းဆရာကြီးတွေဟာ အသပြာငွေတသိန်းရအောင် အရင် ရှာပြီး ..ကောသလမင်းကြီး
နန်းတော်သို့ သွားခဲ့ကြတယ်။
နန်းတော်ရောက်တော့ ဘုရင်ကောသလကို စည်းရုံးတယ်။ "ဘုရင်ကြီး.....ဇေတ၀န်ကျောင်းတော်ရဲ့  တောစပ် မနီးမဝေးမှာ ကျုပ်တို့  ဌာနချုပ်တခု ကျောင်းတိုက်လုပ်မလို့ ။
အဲသလိုလုပ်ရင် ရှင်ကြီးဂေါတမရဲ့ သာဝကတွေ ..
ဘုရင်ကြီးထံ လာမေးလိမ့်မယ်။ခွင့်ပြု မပြု သိရအောင်။
အဲဒီအခါ ဘုရင်ကြီး နားပူနေလိမ့်မယ်။အတွေ့ မခံနဲ့ ။
ရော့..ငွေတသိန်း လှုပါတယ်။"
အဲဒီခေတ် ငွေတသိန်း တံစိုး လက်ဆောင်ပေး လာဘ်ထိုးတာကို ဘုရင်ကြီး လက်ခံယူလိုက်တာပေါ့။
အဲဒီနောက် တိတ္ထိတွေ မြေ၀ယ်လို့  ကျောင်းဆောက်ကြတာကို မြတ်စွာဘုရားရှင်က သတင်းကြားတော်မူပြီး သာဝကကြီး၂ပါးကို ခေါ်ပြီး မိန့် တယ်။
"ဇေတ၀န်ကျောင်းနားမှာ တိတ္ထိတွေက
ကျောင်းဆောက်နေကြတယ်။တော်ကြာ ငါ့သာဝကတွေနဲ့  သူတို့ သာဝကတွေ ရောနှော လို့  မငြိမ်မသက်ဖြစ်ရင်
နောင်ရေး မကောင်းဘူး။ ကောသလ ဘုရင်ထံ သွားပြီး
အသိပေးလိုက်။ ကျောင်း မဆောက်ခိုင်းဖို့ ။
ဒီကိစ္စကို ပြတ်သားအောင် လုပ်ပေးဖို့ 
သတိသွားပေးလိုက်"လို့ 
မြတ်စွာဘုရားက လွှတ်လိုက်တယ်။
ဒါကို ကောသလဘုရင်က သူ့ ကို တရားဟောဖို့ ရောက်လာတဲ့ သာဝကကြီး၂ပါး နန်းတော်ထဲ ရောက်လာတာလည်း သိရော...ကောသလဘုရင်ကြီး ရှောင်တိမ်းနေပါရောလား။
တိတ္ထိတို့ ရဲ့  တံစိုးလက်ဆောင် လာဘ်ငွေတစ်သိန်း ယူထားပြီးတဲ့ ဘုရင်ကောသလဟာ သာဝကကြီးတွေကို
အတွေ့ မခံဘဲ ရှောင်နေလေတော့တယ်။
ဟိုတုန်းက ငွေတသိန်းက တန်ခိုးကြီးတယ်။
အဲဒီ တံစိုးလက်ဆောင်ကြောင့် ဘုရားကို
အင်မတန်ကြည်ညိုလွန်းလို့  ဘုရားကျောင်းတော် ဇေတ၀န်ကျောင်းကို တနေ့ ၃ခေါက် အမြဲရောက်တဲ့
ကောသလ ဘုရင်ကြီးတောင်မှ တိတ္ထိတွေက တသိန်းပေးလိုက်တာနဲ့  နန်းတော်ထဲ ကြွလာတဲ့
သာဝကကြီးတွေကိုတောင် အတွေ့ မခံဘဲ
ရှောင်တိမ်းနေလေတော့တယ်။
ကောသလ ရှင်ဘုရင်တောင် လာဘ်ငွေတသိန်းကြောင့် ဘုရားရဲ့ သာဝက သူတော်ကောင်းတွေကို
ရှောင်တိမ်းနေသေးတယ်ဆိုရင် ..
ယခုခေတ် အာဏာပိုင်တွေလည်း ဘာသာခြားတွေ က
လာဘ်ထိုးပြီး ခွင့်ပြုချက်ရလို့  ဘာသာခြားအဆောက်အုံတွေ ဆောက်ကြတယ် ဆိုတာလည်း ဖြစ်နိုင်တာပေါ့။
မဖြစ်ဘူးလို့  ဘယ်သူငြင်းနိုင်မလဲ။
ကဲ..တံစိုးလက်ဆောင်ရဲ့ ..တန်ခိုး ဘယ်လောက်တောင်
စွမ်းဆောင် ထက်မြက်သလဲ ဆိုတာ။
သာဝကကြီးတွေကလည်း ဇွဲမလျှော့ဘဲ မြတ်စွာဘုရား
တားမြစ်ခိုင်းတဲ့စကားကို ကောသလဘုရင်ကို ဟောဖို့ ရာ
၃ကြိမ်၃ခါအထိ တွေ့ ဖို့  ကြိုးစားခဲ့ပေမယ့် ကောသလက အတွေ့ မခံတော့ဘူး။
(မြတ်စွာဘုရားက ဘာ့ကြောင့် တားမြစ်ခိုင်းခဲ့သလဲ ???။ဘုရားကို ကြည်ညိုနေသူ ဘုရင်ကြီး အကုသိုလ် အလုပ်တွေ
ဘ၀နိဂုံး အဆုံးမလှ မှာကို ကြိုသိနေလို့ 
အယူမှားသူတွေနဲ့ အတူယှဉ်တွဲ မနေနိုင်တာကို သိလို့
တားမြစ်ခိုင်းခဲ့တာဖြစ်တယ်။
ဘုရင်ကြီး လက်ခံတာ လက်မခံတာထက် နောင် တချိန်
သူ့ အကုသိုလ်ကြောင့် အရာရာ ရှုံးနိမ့်လို့  ဘ၀နိဂုံး အဆုံးမလှ လမ်းဘေးမှာ သေရတဲ့အခါ ..
(ဂေါတမဘုရားကို ကြည်ညိုသူ ဘုရင်ကြီး ကို ဘုရားက
ဘာလို့  မဆုံးမခဲ့တာလဲ လို့  ဘာသာခြားတွေ ကဲ့ရဲ့ မှာကို မဖြစ်စေချင်လို့  ..ဘုရားက သာဝကကြီး၂ပါးကို
ဘုရင်ကောသလထံ စေလွှတ်ခဲ့တာပဲ လို့ 
ကောက်ချက်ချရပါမယ်။)
ဒါနဲ့ သာဝကကြီး၂ပါးလည်း မြတ်စွာဘုရားထံ
အကျိုးအကြောင်း ပြန်လျှောက်ထားကြတယ် ။
"မြတ်စွာဘုရား....တပည့်တော်တို့  ကောသလ
ရှင်ဘုရင်ကို တွေ့ ဖို့  ၃ကြိမ်၃ခါသွားခဲ့တာ ကောသလ က အတွေ့ မခံဘဲ ရှောင်တိမ်းနေပါတယ် ဘုရား"
မြတ်စွာဘုရား မိန့် တော်မူတာက..
"ချစ်သားကြီး သာရိပုတ္တရာနဲ့  မဟာမောဂ္ဂလာန်တို့...
ကောသလရှင်ဘုရင်က တိတ္ထိတွေရဲ့ 
လာဘ်ငွေတသိန်းဘက် အစောကြီးတည်းက ပါသွားပြီ။
အဲဒီငွေတသိန်းကို သူ့ နောင်ရေးကို နားမလည်လို့  လက်ခံထားမိပြီးပြီ။ ဇေတ၀န်ကျောင်းနားမှာ
တိတ္ထိတို့ ဌာနချုပ်လုပ်ဖို့ ရာကို တားလို့  မရတော့ဘူး။"
"ငါ ဘုရားထံ တနေ့ ၃ခေါက် ရောက်နေကျ
ဘုရင်ကောသလဟာ ...မလုပ်သင့် မလုပ်အပ်
မလုပ်ကောင်းတာတွေလုပ်ခဲ့မိလို့  မကြာခင် လမ်းဘေးက ဇရပ်တခုပေါ်မှာ အသေဆိုးနဲ့ သေရလိမ့်မယ်။"လို့  ဘုရား ဗျာဒိတ်ပေးတော်မူခဲ့တယ်။
ဘုရား ဗျာဒိတ်တော်ပေးပြီး မကြာခင်မှာဘဲ ..
ဘုရားစကား သံဃာစကား နားမထောင်ချင်တဲ့
ကောသလဘုရင် ဟာ သူ့  တူတော် အဇာတသတ်နဲ့ 
စစ်ဖြစ်လို့  ..ကောသလဘုရင် ကြီး စစ်ရှံးကာ နန်းတော်က စွန့် ခွာထွက်ပြေးရပြီး လမ်းဘေးဇရပ်တခုမှာ သေခဲ့ရတယ်။ ဘုရားဗျာဒိတ် မလွဲဘူးနော်။ ဒါ့ကြောင့် ဘုရားစော်ကားရင် တရားစော်ကားရင် သံဃာစော်ကားရင် ကိုယ့်အိမ်ကိုယ်
မသေရဘဲ .. လမ်းဘေးမှာ ကောသလ
သေရသလို သေရတတ်တယ်။
ဘုရားကျောင်းကို တနေ့သုံးခါ သွားရောက် ကြည်ညိုကာ
ကောင်းမှုကုသိုလ်တွေလုပ်ခဲ့တဲ့ ကောသလဘုရင်ကြီးဟာ ...ဘာသာခြား တိတ္ထိတွေရဲ့ လာဘ်ငွေယူ
မိပြီး ...ဇေတ၀န်ကျောင်းဘေး မြေ၀ယ်ကျောင်းဆောက်
ဌာနချုပ်လုပ်တာကို ဘာမှ မတားမြစ်ဘဲ ပြုလုပ်စေခဲ့တဲ့
အကုသိုလ်ကံကြီးတွေက အကျိုးပေးလိုက်တာ တူတော်
အဇာတသတ်နဲ့ လည်း စစ်ရှုံးခဲ့ရ...လမ်းဘေးဇရပ်မှာ သေခဲ့ရတဲ့အထိ ဖြစ်ပျက်ခဲ့ရတယ်။
ဘုရားနဲ့  သံဃာတွေရဲ့  တရားစကားကို နားမထောင်ချင်ခဲ့တဲ့ ကောသလ။ ဘုရားနဲ့ သံဃာတွေကို စိတ်ညစ်
စိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့ ကောသလ။
သာသနာတော်ကို အနှောင့်အယှက်ဖြစ်အောင် မဟုတ်တဲ့ အလုပ်တွေ ပြုလုပ်ဖို့  ခွင့်ပြုခဲ့တဲ့ ကောသလရဲ့
အကုသိုလ်ကံကြီးတွေကြောင့် ..
သာဝတ္ထိပြည့်ရှင် ပသေနဒီ ကောသလလို့  အမည်တွင်ခဲ့တဲ့ ရှင်ဘုရင်ကြီး ဟာ.. ဘ၀နိဂုံးမှာ နန်းတော်မှာ မသေရဘဲ
လမ်းဘေးဇရပ်မှာ သေခဲ့ရတဲ့ အကြောင်းကို ..
ယနေ့ ခေတ် အာဏာပိုင်တွေ ခရိုနီသူဌေးတွေ
ဖတ်ရှုသိရှိပြီး သံဝေဂယူစေချင်ပါတယ်။
ဘာသာခြားတွေ လာဘ်ထိုးတဲ့ ငွေတွေယူပြီး ဘာသာခြား အဆောက်အအုံတွေ ဆောက်လုပ်ခွင့်ပေးခဲ့ကြတဲ့
အာဏာပိုင်တွေ ခရိုနီတွေ ..ပါဝင်ပတ်သက်တဲ့လူတွေ သံဝေဂယူ အတုယူ စေချင်လို့  ..
မတူညီတဲ့ ဘာသာရေးတန်းညှိလိုသူတွေ
အကုသိုလ်ကံအမှုတွေကို
ထိတ်လန့်စေချင်လို့ ..
တမင်တကာ စေတနာနဲ့ ဖွေရှာ ရေးသားလိုက်ရပါတယ်။ ။
တဆင့်ပြန်လည်မျှဝေသည်။
မူရင်း;crd
No comments:
Post a Comment