Wednesday, November 21, 2018

ဝေဒနာကိုရှုမှတ်ပုံတရားတော်

♦   ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး   ♦
ဝေဒနာကိုရှုမှတ်ပုံတရားတော်
♦ မေး
ဝေဒနာကိုဘာတရားနဲ့ ယှဉ်ပြီးမှတ်ရမလဲ ၊
အာရုံပြုရမလဲဘုရား ၊
ဒီဝေဒနာလေးတွေဟာ
ဖြစ်တယ် ၊ တည်တယ် ။ ပျက်သွားတယ် ။
ဖြစ်တယ် ၊ တည်တယ် ။ ပျက်သွားပြန်တယ် ။
ဒါတွေဟာ အနိစ္စ ဒုက္ခ အနတ္တတွေပဲ ၊
မမြဲဘူး ၊ ဆင်းရဲတယ် ၊ ငါမပိုင်စိုးဘူးရယ်လို့ 
လက္ခဏာရေးသုံးပါးနှင့် မယှဉ်ရဘူးလားဘုရား ။
♦ ဝေဘူဆရာတော် ဖြေ
ဝေဒနာဟာဝေဒနာပဲ
ပူတာလေးကို ပူတာလေးနဲ့ သိနေ ။
နောင်တစ်ချိန်ကျလို့ ရှိရင်
ဥပမာ ။   ။ အသက်အောင့်ထားလိုက်လို့ 
ရှိရင်လည်းသိနေရမယ် ။
ဝေဒနာလေးကိုသိနေရမယ် ။
ဒါပဲကပ်
အေး နောင်တစ်ချိန်ကျလို့ ရှိရင်
ဒီကလဲအားကောင်းလာတယ်ဆိုရင်
ဖြစ်ပျက်ကလေးဟာ
သူ့ ဟာသူပေါ်လာလိမ့်မယ် ။
ဟို ရေများစီးနေတဲ့အခါ
ရေစီးထဲကိုလက်ချလိုက်တဲ့အခါ
ထိတ် - ထိတ် - ထိတ် - ထိတ်နှင့်
ရေကတိုက်သလို
သူဟာသူရှိတယ် ။
ခန္ဓာကိုယ်ထဲမှာရှိတယ် ။
တစ်နေရာတည်းလေ ။
အဲဒီအခါမျိုးကျတော့
ထွက်သက် ဝင်သက်ကိုလျော့ပစ်လိုက်
ထွက်သက် ဝင်သက်ကိုမမှတ်နဲ့ တော့ ။
လွှတ်ပစ်လိုက်
ခုနကပြောသလို
ရေစီးထဲကိုလက်ချထားလိုက်တဲ့အခါ
ရေစီးက ထိတ် - ထိတ် - ထိတ် - ထိတ်နဲ့ 
လက်ကိုတိုးနေသလို ဖြစ်နေတာလေးကိုပဲ
မပြတ်မှတ်တော့ ။
အဲဒီအခါကျတော့ အနိစ္စ ဒုက္ခလုပ်နေစရာမလိုတော့ဘူး ။
သူ့ ဟာသူပြနေတယ် ။
ဒီအခါကျတော့ ယောဂီဟာ
သူ့ စိတ်ကိုဖေါ်ပြစရာမလိုတော့ဘူး ။
အနိစ္စကိုတစ်ခါတည်းသိနေတယ် ။
ဗြုန်းကနဲမသိနိုင်ဘူး ။
တဖြည်းဖြည်း ဝေဒနာကိုသိလာတာပေါ့ ။
(ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး)

No comments:

Post a Comment