Thursday, November 29, 2018

နောက်ဘဝအဆက်ဆက်မှာ မြင့်သွားမယ့် ပုဂ္ဂိုလ်တွေ

လောကကြီးက ဘယ်လိုပဲ
ကမောက်ကမ ဖြစ်စေကာမူ၊
မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ပုဂ္ဂိုလ်က
တစ်ခဏမျှသာ ဖြစ်ပြီးတော့
မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက်
ရုန်းကန်နေရတဲ့ ပုဂ္ဂိုလ်ဟာ
ရုန်းကန်နေရသော်လည်းပဲ
ဒုက္ခပင်လယ်ဝေစေတတ်တဲ့
“အကုသိုလ်တွေ” သူ့မှာ မရှိဘူး။
မရှိသည့်အတွက်ကြောင့် သူခံရတဲ့ဒုက္ခဟာ
တစ်ခဏမျှသာ ဖြစ်တယ်။

ထာဝရကျတော့ မေတ္တာ၊စေတနာတွေ
အရင်းခံပြီး လုပ်သည့်အတွက်
“အဘယဒါန” မိမိပစ္စည်းကိုစားသုံးတဲ့
ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ၊
“ဇိဝိတဒါန” မိမိပစ္စည်းကိုစားသုံးတဲ့
ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ၊
“ဇိဝိတဒါန” မိမိပစ္စည်းကိုစားသုံးတဲ့
ပုဂ္ဂိုလ်တွေ အသက်ရှည်ကြပါစေဆိုတဲ့
မေတ္တာအခြေခံတရားကြောင့် ဒီပုဂ္ဂိုလ်ဟာ
တစ်ဘဝထက်တစ်ဘဝ မြင့်သွားဖို့သာရှိတယ်။

တစ်ခဏအနေအားဖြင့် ကြည့်မယ်ဆိုရင်တော့ခဲခဲယဉ်းယဉ်း အသက်မွေးရလို့ ဒီဘဝမှာနိမ့်ကျသယောင်ယောင်ရှိသော်လည်းပဲ
“နောင်ဘဝအဆက်ဆက်မှာ မြင့်သွားမယ့်ပုဂ္ဂိုလ်တွေ” ပါ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

(popular news ဂျာနယ်)

www.bawr99.blogspot.com

No comments:

Post a Comment