Thursday, November 29, 2018

နေ့စဉ် လူတို့ဘဝ အလုပ် ၃ မျိုး လုပ်ရပုံ

ရာဇဂြို ဟ်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ
သာလိဒ္ဒိယပုဏ္ဏားရွာကြီးရှိတယ်=တဖန် အဲ့ပုဏ္ဏားရွာကြီးရဲ့အရှေ့မြောက်ဘက်မှာတော့
ကောဋသိမ္ဗလီ လက်ပန်တောကြီးမှာဘုရားအလောင်း ကေဒါရကျေးမင်းနှင့်
ကျေးငှက်အပေါင်းတို့နေထိုင်ကြပါသတဲ့=
       #####
      ထိုပုဏ္ဏားရွာကြီးမြောက်ဘက်တောစပ်အနီးမှာလဲ
ကောသိယဂေါတ္တပုဏ္ဏားပိုင်သော လယ်သည်ရှိ၍
နှစ်စဉ်သလေးစပါး တို့ကိုစိုက်ပျိုးထားပါတယ်=
(ဇာတ်လမ်းက ဒီမှာစမှာပါ)
(စာထဲမှာတော့ ဘုရားအလောင်းကျေးမင်းရဲ့ကိုယ်ဟာ
လည်းပုံတောင်းလောက်ရှိတယ်လို့လဲဆိုပါတယ်
ထားပါတော့)

   ဒါနဲ့     ဘုရားအလောင်းကျေးမင်းနှင့် ကျေးအပေါင်းတို့ဟာ နေ့စဉ် ထိုပုဏ္ဏားပိုင်သော
သလေးစပါးခင်းမှာ တအုပ် တမကြီးလာရောက်
စားသောက်ကြပါတယ်=
သို့သော် အချို့ သော ကျေးသားတွေကတော့ ဗိုက်တင်းအောင် စိတ်ကြိုက်စားပြီး ကိုယ်ချ ည်း
ဗလာသက်သက် ထပြန်သွားကြတယ်=
ကျေးမင်းကတော့ ဗိုက်တင်းအောင်လဲစား
အပြန်ကြတော့လည်း စပါးနံတွေ ချီယူသွားပါတယ်=
*******
        ဒါကိုလယ်ရှင် ပုဏ္ဏားမြင်တော့
လယ်စောင့်ပုဏ္ဏားကို ကျေးမင်းအားကျော့ကွင်းဖြင့်
ထောင်ဖမ်းစေခဲ့ပါတယ်=
ကျေးမင်းကျော့ကွင်းမှာမိသွားပြီ ဆိုပါတော့****?
        ဒီအခါမှာ လယ်ရှင်ပုဏ္ဏားက
" အမောင်ကျေးမင်း အခြားကျေးသားတွေကတော့
စားရုံသာစားပြီးပျံ သွားကြတယ်-=
အမောင် ကျေးမင်းကတော့ စားလဲစားတယ်=
အပြန်ကြတော့လဲ စပါးနံတွေသယ်ဆောင်သွားတာ
ကျီထဲများလှောင်ထားသလား*******?
ဒါမှမဟုတ် ဖျ က်လိုဖျက်ဆီးများလုပ်သလား*****?
****
    နောက်ကျေးမင်းက******?
"" မဟုတ်ရပါ ပုဏ္ဏားကြီး
အကျွ န်ုပ်မှာ အစာ လှောင်စရာကျီလဲမရှိပါ
ဖျ က်လိုဖျက်ဆီးလုပ်တာလဲမဟုတ်ပါ*****?
အသင်ပုဏ္ဏားရဲ့ စပါးနံတွေ သယ်ယူသွားရတဲ့
အကြောင်းရင်းကတော့ အကျွန်ုပ်မှာ နေ့စဉ်
နေ့တိုင်း  အလုပ်၃မျိုး လုပ်နေရပါတယ်""တဲ့
*******
၁# ကြွေးသစ်လည်း ချ နေရတယ်=
၂# ကြွေးဟောင်းလည်းဆပ်နေရတယ်=
၃# ရွှေ အိုးလည်းမြှု ပ်နေရပါတယ်"တဲ့
****
      ဒီနေရာ ကြွေး ဆိုတဲ့စကားလုံးတစ်လုံးဟာ
အတော်စိတ်ဝင်စားစရာကောင်းပါတယ်=
ဘုရားရှင်က ကြွေး ကင်းခြင်းသည် ချမ်းသာ၏ လို့
ဟောပါတယ်=
လူတိုင်းကို" သင်ကြွေးကင်းပြီလား"လို့မေးရင်
"မကင်းသေးဘူး"လို့ဖြေရမှာပါ =
မှန်ပါတယ်=
   လူတိုင်းမှာ သူများဆီက ပိုက်ဆံချေးထားတဲ့
အကြွေး မရှိလျှင်တောင် ပေးတာယူ ကျွေးတာစားထားတဲ့
" အကြွေး" ကတော့ရှိနိုင်ပါသေးတယ်=
ဒါကိုလည်း ကျေ အောင်ဆပ်ရပါမယ်=

နောက်တစ်ခု အကြွေး ကတော့******?
အရေးအကြီးဆုံးပါ  ကံကြွေး ဝဋ်ကြွေး ခန္ဓာကြွေး
တို့ပဲဖြစ်ပါတယ်=ဒီအကြွေး သုံးကြွေးကတော့
နိဗ္ဗာန်ကိုမျက် မှောက်ပြု နိုင်မှ ကျေ ကြမှာပါ=
ဒီကြွေးတွေလဲ ကျေ နိုင်အောင်ကြိုးစားကြရပါမယ်=
ထားပါတော့ *******?

၁ #  လူတိုင်းနေ့စဉ် ကြွေးသစ်ချ နေကြရပါတယ်=
မိဘတွေက သားသမီးတွေကို အရွယ်ရောက်ပြီး
သူ့အိုး သူ့အိမ်တည်ထောင်နိုင်သည်အထိ
ကျွေးမွေးစောင့်ရှောက်နေတာ ပညာသင်ပေးနေတာ
ဒါဟာ မိဘတွေက သားသမီးတွေအပေါ်မှာ
ကြွေးသစ်ချ နေတာပါတဲ့=
ဒီကြွေးတွေဟာသားသမီးတွေအပေါ်မှာတင်ရှိသွားပြီ
ဖြစ်လို့ သားသမီးတွေက အသိ ရှိပြီး ပြန်ဆပ်မှသာလျှင်
ဒီကျွေးကြွေးဟာ ကျေ နိုင်မှာဖြစ်ပါတယ်=
မိဘတွေကလည်း "တို့အိုမင်းမစွမ်းရှိတဲ့အချိန်မှာ
တို့ကို ပြန်လည် စောင့်ရှောက် ကျွေးမွေးကြလိမ့်မယ်"လို့
လည်း မျှော်လင့်ခဲ့ကြပါတယ်တဲ့=
( အပျို ကြီး လူပျို ကြီးတွေကတော့
တူတွေ တူမတွေကို ကြွေးသစ်ချ ရမှာပေါ့လေ)
*****
၂ # ကြွေးဟောင်းလည်းဆပ်နေရပါတယ် တဲ့
မိဘတွေကို ကျွေးမွေးစောင့်နေတဲ့ သားသမီးတွေဟာ
ကြွေးဟောင်းတွေ ပြန်ဆပ်နေကြတာပါ=
သို့သော် ကြွေးဆပ်တဲ့နေရာမှာ " ရော့ အင့် စား အိပ်"
ဆူဆူပူပူ ဆပ်နေကြရင်တော့ မကျေ နိုင်ကြပါဘူး=
မိဘတွေ စိတ်ချမ်းသာအောင် ကျွေးမွေးစောင့်ရှောက်
ပါမှ ကြွေးဟောင်းကျေ နိုင်မှာဖြစ်ပါတယ်=
****
       အထူးသဖြင့် ကြွေးဟောင်းဆပ်တဲ့နေရာမှာ
ဒီတစ်ဘဝစာ စိတ်ချမ်းသာဖို့ ထက် တစ်သံသရာလုံး
စိတ်ချ မ်းသာအောင် ကြွေးဟောင်းဆပ်နိုင်ရင်
( သို့) မွေးကျေးဇူးဆပ်နိုင်ရင် ဘုရားတောင်ချီးမွမ်း
တော်မူပါတယ်=
အဲ့နည်းကတော့*******?

   သဒ္ဓါ တရားမရှိသေးတဲ့ မိဘကို သဒ္ဓါ တရားရှိလာအောင် စည်းရုံး ဟောပြောရမှာပါ=

    ဒါန မပြု ချ င်တဲ့ မိဘကို ဒါနပြု ချ င်လာအောင်
စည်းရုံးဟောပြောရမှာပါ=
( ပထမတော့ ကိုယ့်အိပ်ကပ်ထဲက စိုက်လှူ  ပေးရမှာပေါ့လေ)

,  နှမြောတဲ့ မိဘကို ပေးကမ်း စွန့်ကြဲတတ်အောင်
တိုက်တွန်းပေးရပါမယ်=

   ဥပုသ် သီလ မစောင့်ချင်တဲ့ မိဘ တွေကို
ဥပုသ်စောင့်ဖြစ်အောင် စောင့်ချင်အောင်
မရရအောင် တိုက်တွန်းပေးရပါမယ်=

     တရားစခန်းဝင်ရမှာ ကြောက်တဲ့မိဘတွေကို
တရားစခန်းဝင်ဖြစ်အောင် တရားထိုင်ချင်အောင်
တရားသဘောပေါက်အောင် တိုက်တွန်း
ဟောပြောပေးရပါမယ်=

   အိပ်ရာဝင်ဘုရားရှိမခိုးချင်တဲ့မိဘတွေကိုတောင်
ချော့မော့ပြီ ဘုရားရှိခိုးဖြစ်အောင်တိုက်တွန်းပေးရပါမယ်
   *****
   ဒါတွေ အကုန်လုံးမဟုတ်ရင်ဘဲ
တစ်ခုတလေ မိဘတွေ သဘောပေါက် ကျ င့်သုံးသွားပြီ
ဆိုရင်တော့ ဒီသားသမီးဟာ ကျွေးကျေးဇူး
မွေးကျေး ဇူး နို့တစ်လုံးဖိုးတင်မက
နို့နှစ်လုံးဖိုးတောင် ကျေ ပါသတဲ့=

၃ # နေ့စဉ်ရွှေ အိုးကြီးတွေလည်း မြှု ပ်နံနေရပါသတဲ့=
ဒါကတော့ နေ့စဉ် စွမ်းနိုင်သမျှ  ပေးကမ်းလှူ ဒါန်းတာ
သရဏဂုံ ၃ ပါး နဲ့ ငါးပါးသီလကို မြဲမြန်စွာကျင့်သုံးတာ
တရားဘာဝနာပွားများအားထုတ်တာကိုဆိုပါတယ်=

  # ဘုရားအလောင်းကျေးမင်းဟာ
ကြွေးသစ်ချ ခြင်း
ကျေးသားလေးတွေကို ကျွေးမွေးစောင့်ရှောက်ရခြင်း

#ကြွေးဟောင်းဆပ်ခြင်း
ကျေး မိအိုဖအိုကြီးတွေကို ကျွေးမွေး
စောင့်ရှောက်ခြင်း

ဒါ့အပြင်*******?
အစာရှာမလိုက်ပါနိုင်တဲ့  သက်ကြီးရွယ်အိုကျေးတွေ-
အနာတရဖြစ်နေတဲ့ ကျေးတွေ  -ခိုကိုးရာမဲ့
ဖြစ်နေတဲ့ ကျေးငယ် တွေကို နေ့စဉ် ကျွေးမွေး
စောင့်ရှောက်နေရခြင်းဆိုတဲ့
ရွှေအိုးကိုလည်း မြှု ပ်နံနေရပါသတဲ့=

      ဒီအကြောင်းတွေကို ပုဏ္ဏားကိုရှင်းပြတော့
ပုဏ္ဏားကြီးလည်း သဘောပေါက်ပြီး ဘုရားအလောင်း
ကျေးမင်းကို ကြည်ညိုသွားပါတယ်=

  " လူတွေတောင် မလုပ်နိုင်တဲ့ ခက်ခဲတဲ့
အလုပ်ကိစ္စ ၃ မျိုးကိုနေ့စဉ် လုပ်နိုင်ပေတယ်
နောင်လည်း လိုသလောက် သလေးစပါးများကို
လာယူဖို့ "ဖိတ်မန်ပြီး ဘေးမဲ့ပေးလိုက်ပါသတဲ့=
#######
    ဒါ ကြောင့် ဤ စာကိုဖတ်မိသူများလည်း
ကျေးမင်းကဲ့သို့ နေ့စဉ် လူတို့ဘဝ အလုပ် ၃ မျိုးကို
လုပ်နိုင်ကြပါစေ*** ကြွေးကင်းသောသူများဖြစ်ကြပါစေ=
=======
နေ့စဉ်****?
ကြွေးသစ်ကိုလည်းချကြပါ
ကြွေးဟောင်းကိုလည်းဆပ်ကြပါ
ရွှေအိုးကြီးတွေလည်း မြှု ပ်နံကြပါ*******?
========================----
    ပကိဏ္ဏကနိပါတ်-ကေဒါရဇာတ်
              @@@@@@@@@@@@@
           ဝန်းသို အရှင်-25-11-2018

No comments:

Post a Comment