Friday, November 30, 2018

သေခါနီးအချိန်အတွက်စဉ်းစားပါ

သေခါနီးကာလအချိန်ကို လေးလေးနက်နက်
စဉ်းစားကြပါနော်..
သေခါနီးကာလဆိုတာ လွယ်လွယ်လေးနဲ့
သေတာမျိုး မဟုတ်ဘူး

ဆင်းရဲတဲ့ ဒုက္ခဝေဒနာက သေလောက်အောင်
ဖိစီးနှိပ်စက်နေပြီ..

ဒီလိုဖိစီးနှိပ်စက်တဲ့ အချိန်အခါမှာလည်း
ဒုက္ခဝေဒနာရဲ့ ဖိစီးနှိပ်စက်တဲ့ဒဏ်ချက်ကို
ကြိုတင်လေ့ကျင့်မှု မထားခဲ့ဘူးဆိုရင်

တရားဘာဝနာကို အဲ့ဒီအချိန်မှ
စနစ်တကျလုပ်တော့မယ်ဆို
မလွယ်ကူနိုင်တော့ဘူး..

"သေခါနီးအချိန်ကာလမှ ငါ့စိတ်ကလေးကို
ငါထိန်းမယ်"တဲ့..တစ်ချို့က ဆင်ခြေပေးတယ်..

"သေခါနီးကာလမှ ကိုယ့်စိတ်ကို
ထိန်းနိုင်ရင် ပြီးတာပဲ"တဲ့..

၁နာရီလောက် တရားထိုင်ကြည့်စမ်းပါ"..
"ထိုင်ပြီး ဝင်လေထွက်လေအာရုံမှာပဲ
၁နာရီလောက် စိတ်ကိုငြိမ်အောင် ရှူကြည့်စမ်းပါ"..

"ရှူလို့ ရသလား"..
ရှူလို့မရဘူး နော်

အခုချိန်က သေခါနီးကာလလို
ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်ခါမဟုတ်ဘူး..
တရားထိုင်နိုင်တဲ့ အချိန်ပဲ..
အဲ့ဒီလို အချိန်ခါမျိုးမှာတောင်မှ လေ့ကျင့်ခန်းမရှိတဲ့
ပုဂ္ဂိုလ်တွေက
အာနာပါနကဲ့သို့သော ဘာဝနာအပေါ်၌
မိမိစိတ်ကို တည်နေအောင် ချမထားနိုင်ဘူးဆိုရင်

သေခါနီးကာလ..
ဆင်းရဲဒုက္ခတွေကလည်း ဝိုင်းနေပြီ..
အနားမှာ လွမ်းမယ့်သူတွေကလည်း ဝိုင်းနေပြီ..
ဟုတ်တယ် မဟုတ်လား..

ဒီတော့ မိမိတို့ရဲ့သံသရာခရီးကို
တတ်သိနားလည်မယ်ဆိုရင်
ပေါ့ပေါ့ဆဆ မနေကြပါနဲ့..

စနစ်တကျ အားကိုးထိုက်တဲ့တရားတွေကို
မသေမီမှာ ကြိုးစားထားဖို့လိုပါတယ်..

ကျိန်းသေတဲ့ကုသိုလ်ကံကို ကြိုးစားကြစမ်းပါ..
မကျိန်းသေတဲ့ ကံတွေကိုတော့ မကြိုးစားကြစမ်းပါနဲ့..

ဘဝတစ်ခုက မတော်လို့ဆုံးသွားခဲ့ရင်
သာသနာတော်နဲ့တွေ့ရတာ
အကျိုးမရှိဖြစ်သွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်..

ဒီတော့ သေခါနီးကာလ မရဏာသန္နဇော
အချိန်အခါရောက်ပြီး
စိတ်တွေက မိမိစိတ်ကိုမိမိ ထိန်းနိုင်တဲ့
စွမ်းအားကလည်း မရှိပြန်ဘူး..

မိမိထူထောင်ခဲ့တဲ့ကုသိုလ်ကံတွေကလည်း
ကျိန်းသေတဲ့ကံမျိုးမဟုတ်ဘူးဆိုရင်
ရင်လေးဖွယ်အချက်တွေ များစွာရှိနိုင်ပါတယ်..

ဘာဝနာတစ်ခုခုက ကုသိုလ်အရာမှာလည်း
ကျိန်းသေတဲ့ ကံဆိုတာရှိပါတယ်..
ဒါကို ခုကတည်းက ကြိုးစားကြပါ..

ဖားအောက်တောရဆရာတော်ဘုရားကြီး

No comments:

Post a Comment