Wednesday, November 14, 2018

အချိန်ဖြုန်းနေလို့ မတော်ဘူး

🔺❝ အချိန်ဖြုန်းနေလို့ မတော်ဘူး

※ အခု ကြုံတွေ့နေရတဲ့ ခဏဟာ
အလွန်ရှားပါတယ် ကြုံခဲ ဆုံခဲတယ်ဆိုတာ
သေသေချာချာ မှတ်ပါ •••
သာသနာနဲ့ မကြုံတွေ့ ကျွတ်တမ်းမဝင်နိုင်တဲ့
ခဏ ရှစ်ပါးတောင်ရှိတယ်..။

※ ဒီတော့ ရပြီးထားတဲ့ •••
ခဏကောင်းလေးကို ဒကာတို့ မလွန်မိကြပါစေနဲ့။
မနက်ဖြန်/သဘက်ခါ သေနိုင်တယ် -
ပြောရက်တာမဟုတ်ဘူး..။

※ ခန္ဓာ ကိုယ် အမြဲတမ်း •••
ဘယ်သွားတုန်းဆိုတာ စဉ်းစားကြ -
နောက်ဆုတ်လို့များ ရမယ်ထင်ကြလား?
ကျုပ်တို့ ရထားတဲ့ ခဏက မဂ်ဥာဏ် ဖိုလ်ဥာဏ်
ရနိုင်တဲ့ ခဏထဲမှာရောက်နေတယ် -
ရောက်နေငြားသော်လည်း •••
ကိုယ်တိုင် ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို
အာရုံမပြုနိုင်သေးလို့ရှိရင်နေရာမကျဘူး
ခန္ဓာ က သွားလမ်းရိုးရာအတိုင်းသွားနေတော့
သေလမ်းမှ တပါး ဘယ်လမ်းမှ မသွားဘူး။

※ ထမင်းစားရင်းလည်း •••
သေလမ်းသွားနေတာ ဘုရားရှိခိုးနေတယ်
ပြောလည်း သူ ကတော့ဖြင့် ဘုရားရှိမခိုးခင်ထက်
အသေနီးအောင် သွားနေတာပဲ ။
ဒါတွေ ထင်ရှားပြီးနေတော့ တကာတွေ ဒီခဏတွင်းမှာ
ခန္ဓာ အသေမဦးခင် လို့ ဘုန်းကြီး သုံးတဲ့စကား
ကောင်းကောင်းရိပ်မိပလား?

※ လေးစားစွာနဲ့ ဒီစကားကို •••
သေချာနားထောင်ကြည့်ပါ မဂ်ဖိုလ် မရနိုင်တာ
ရှစ်ခဏရှိတယ်။ ဒကာ/တကာမတို့ ကတော့ အခု
မဂ်ဖိုလ် ရနိုင်တဲ့ ခဏထဲမှာ -
ရောက်နေကြတယ် ရောက်ငြားလည်း မဂ်ဥာဏ်
ဝမ်းထဲ မကိန်းသေးတော့ ဝမ်းထဲ မမြင်ဘူးပေါ့ဗျာ ။

※ ခန္ဓာ ကတော့ •••
သူ့ အသွားအတိုင်းပဲ သွားနေတယ်
ဇရာ..ဗျာဓိ..မရဏ ထိ..နောက်မဆုတ်ဘူး
သူကလည်း သူ့လမ်းအတိုင်းသွားတော့ ကျူပ်တို့ကလဲ
ကျူပ်တို့ သွားလမ်းကို သွားရလိမ့်မယ်။
ဒီခဏလေးကို အလွဲသုံးစား လုပ်လို့ မတော်ဘူး
သားသမီး ရေး စီးပွားရေး တွေနဲ့ -
အချိန်ဖြုန်းနေလို့ မတော်ဘူး •••
နိဗ္ဗာန် လှမ်းနိုင်တဲ့ခဏကို ရပြီးမှပဲ နေရာကျမယ်။
မသေရာကိုမြင်တဲ့ အလုပ်ကလေးကို အရယူထားမှ
နေရာကျတော့မယ် ။

※ ဒီခဏလေးကို လက်လွတ်သွားလို့ရှိရင်ဖြင့်
စိုးရိမ်ကြောင့်ကြတာနဲ့ပဲ အချိန်ကုန်ကြတော့မယ် •••
ရှင်းပလား ••• ?

➖➖➖

► တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ် တွေဟာ
အင်္ဂါ ငါးပါး ပြည့်စုံရင် မဂ်ဥာဏ် ဖိုလ်ဥာဏ် ရနိုင်တယ်
လို့ ဗောဓိရာဇကုမာရ သုတ်မှာ ဟောထားတာရှိတယ်။

🔼 `ယုံကြည်ရမယ်´
ဘုရားသခင်က သဗ္ဗညူတဥာဏ်နဲ့
သိနေတဲ့ တရားတွေ မှန်တာတွေပဲပြောတယ် ။
ဘုရားအပေါ် ယုံကြည်ရမယ် ။

🔼 `ကျန်းမာရမယ် ´
ဘုရားအပေါ် ယုံကြည်ငြားသော်လည်း
ကိုယ်က မကျန်းမာပြန်ရင်လည်း အားထုတ်တဲ့အရေး
နှောင့်းနှေးပေမယ် •••
ဒါကြောင့် ကျန်းမာရေး လည်း ဂရုစိုက် ပါ ။

🔼`စိတ်ထားဖြောင့်ရမယ်´
စိတ်ကိုလည်း ဖြောင့်ဖြောင့်မတ်မတ် ထားပါ ။

🔼`လွန်စွာအားထုတ်ရမယ်´
အားစိုက်ပြီး ရှူ့ကြ ပါ
နာမ် ကြိုက်ရင် နာမ်ကို •••
ရုပ်ကြိုက်ရင် ရုပ်ကို •••
ရုပ်လှဲ.ရင် နာမ်လည်း လှဲ တာပဲ •••
ရုပ်ပြိုရင် နာမ်လည်း ပြိုတာပဲ •••

🔼`ဖြစ်/ပျက် မြင်ရမယ်´
ဘယ်လို မြင်ရမှာတုံး ဆိုတော့ •••
ဖြစ်တာလေး နဲ့ ချုပ်တာလေးကို
သြော် - ဖြစ်သွားလို့ ပျက်တာပဲ
သြော် - ဖြစ်လို့ပျက်တာပဲ ဆိုပြီး ဖြစ်ပျက်ကို
မြင်ရလိမ့်မယ်နော် ••••

► ဒါဟာ •••
ပဓာနိယင်္ဂမ တရား ငါးပါး လို့ခေါ်တယ် ။

✍  လင်္ကာ •••

📝ယုံကြည်ကျန်းမာ ၊
📝စိတ်ဖြောင့်စွာဖြင့်
📝လွန်စွာအားထုတ်
📝နာမ် နှင့် ရုပ်ကို
📝ဖြစ်ချုပ်ဥာဏ်မြင် ဤငါးအင် -
မှန်ပင် မဂ်ရကြောင်း •••။

☀ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး

  သတ္တဝါ မှန်သရွေ့ တရားတွေ့ " မဂ် ဖိုလ် နိဗ္ဗာန် " ချမ်းသာရကြပါစေ ။

No comments:

Post a Comment