Wednesday, November 14, 2018

ဖြတ်​သင့်​ရင်​ ဖြတ်​၊ ဒီထက်​အ​ရေးကြီးတာ​တွေရှိ​သေးတယ်

" ဖြတ်​သင့်​ရင်​ ဖြတ်​၊ ဒီထက်​အ​ရေးကြီးတာ​တွေရှိ​သေးတယ်​  "

ခန္ဓာကိုယ်​ပြင်​ပမှာရတဲ့ဒဏ်​ရာထက်​ ရင်​ဘတ်​မှာရတဲ့ဒဏ်​ရာက ပိုပြီးကုသရခက်​ပါတယ်​ ။ဒါ​ပေမဲ့ ဘယ်​ဒဏ်​ရာပဲဖြစ်​ဖြစ်​ ဂရုစိုက်​ကုသရင်​​တော့ အလျင်းမ​ပြောက်​ရင်​​တောင်​ အမာရွက်​ကျန်​ရုံ​လောက်​အထိ​တော့ ကုသနိုင်​ပါတယ်​ ။ အမြန်​ဆုံးမကုသပဲ တနုံ့နုံ့ခံစား​နေရင်​​တော့ အချိန်​ကြာလာတာနဲ့အမျှ အ​လျော်​အစားကြီးမားလာတတ်​တယ်​ ။ တခါတ​လေ ဒဏ်​ရာတခုခု​ကြောင့်​ လက်​ဖြတ်​ရ ​ခြေဖြတ်​ရတာ​တွေရှိတတ်​တယ်​ ။ ဘာဖြစ်​လို့လဲဆို​တော့ ပိုအ​ရေးကြီးတဲ့ အသက်​ကိုဦးစား​ပေးရလို့ပါဘဲ ။

ရင်​ဘတ်​ထဲကဒဏ်​ရာပုပ်​သွားရင်​​တော့ လက်​​တွေ ​ခြေ​တွေ​တော့ မ​ပေးဆပ်​ရပါဘူး ။ သူ့ထက်​တန်​ဘိုးကြီးတဲ့ ဘဝတခုလုံးကို ​ပေးရတတ်​တယ်​ ။ အပုပ်​​တော့မခံပါနဲ့​နော်​ ။ သင့်​ဘဝက သူ့တ​ယောက်​ထဲအတွက်​ အ​ရေးကြီးတာမှ
မဟုတ်​တာ ။ သင့်​ကိုချစ်​တဲ့ မိသားစု သူငယ်​ချင်း အမျိုး ဘာသာ သာသနာ နိုင်​ငံ အစရှိတာ​တွေအများကြီးရှိ​သေးတယ်​ဆိုတာ သင်​သတိထား အမှတ်​ရ​နေရမယ်​ ။ နည်းနည်း​တော့နာမယ်​ ။ ဒါ​ပေမဲ့ ပြန်​​ကောင်းဖို့ အလားအလာမရှိတာ​သေချာရင်​ ​စော​စောစီးစီးဖြတ်​လိုက်​ပါ ။ သင်​အသက်​ရှင်​ဖို့ ပြန်​လည်​နိုးထလာပါလိမ့်​မယ်​ ။သင့်​ရဲ့ မနက်​ဖြန်​​တွေ ပြန်​ပြီး အဓိပ္ပါယ်​ရှိလာပါလိမ့်​မယ်​ ။ မနက်​ဖြန်​​တွေကို သူမယူသွားနိုင်​ပါဘူး ။ သူ့အတွက်​မလိုအပ်​တဲ့မနက်​ဖြန်​​တွေကို သင်​ ရူးမိုက်​စွာနဲ့ လက်​​ဆောင်​မ​ပေးလိုက်​မိဖို့ပဲလိုတယ်​ ။ သင့်​ကိုလိုအပ်​သူ​တွေအတွက်​ အဲ့ဒီမနက်​ဖြန်​​တွေပြန်​ယူပြီး ရှင်​သန်​လိုက်​ပါ ။

သင့်​ရဲ့မနက်​ဖြန်​​တွေကို သင်​ကိုယ်​တိုင်​သာပိုင်​ဆိုင်​ထားတယ်​ဆိုတာမ​မေ့ဖို့ ဦးဇင်းက ​မေ့​နေသူ​တွေသတိ​ပေးတဲ့အ​နေနဲ့ Post ​လေး​ရေးလိုက်​ပါတယ်​ ။

လောကကြီးမှာ အဓိပ္ပါယ်​အပြည့်​ရှိတဲ့သူ​တွေဖြစ်​နိုင်​ကြပါ​စေ ။

               ရွှေစည်းခုံ

No comments:

Post a Comment