Wednesday, November 14, 2018

မကျန်းမာသူတို့အတွက် အထူးလိုအပ်တဲ့ နှလုံးသွင်းတရားကမ္မဋ္ဌာန်း

မကျန်းမာသူတို့အတွက် အထူးလိုအပ်တဲ့
နှလုံးသွင်းတရားကမ္မဋ္ဌာန်း
===========================

မြတ်စွာဘုရားက
မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေဆိုရင်
ဒီတရားငါးမျိုး နှလုံးသွင်းပါတဲ့

နံပါတ်(၁)က ကိုယ်ခန္ဓာကိုယ်ကြီး
မတင့်မတယ် ရွံစဖွယ်ကောင်းတယ်ဆိုတာကို
မပြတ် ဆင်ခြင်ပေးပါ။

နံပါတ်(၂)က ကိုယ်စားတဲ့ အစာအာဟာရတွေရဲ့
စက်ဆုပ်ဖွယ်အခြေအနေတွေကို
မပြတ် စဉ်းစားပေးပါ။

နံပါတ်(၃)က လောကကြီးရဲ့
ပျော်ရွှင်စရာကင်းမဲ့နေပုံကို
မပြတ် ဆင်ခြင်စဉ်းစားပေးပါ။

နံပါတ်(၄)က သင်္ခါရမှန်သမျှ
ဘယ်အရာမှ မမြဲဘူးဆိုတဲ့
အနိစ္စသညာကို ဆင်ခြင်ပေးပါ။

နံပါတ်(၅)က သေခြင်းနဲ့ပတ်သက်တဲ့
အမှတ်သညာတခု ကိုယ့်ရဲ့သေခြင်းပဲဖြစ်စေ
ကိုယ်နဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သေဆုံးခြင်းပဲဖြစ်စေ
သေဆုံးခြင်းနဲ့ပတ်သက်ပြီး
သတိ သံဝေဂ အသိဉာဏ် အမြဲတမ်းဖြစ်အောင်
ဆင်ခြင်စဉ်းစားပေးပါလို့
ဟောကြားတော်မူတာဖြစ်တယ်

ဒီနှလုံးသွင်းတရားငါးမျိုးဟာ
မကျန်းမာသူတွေအတွက် အထူးလိုအပ်တဲ့
နှလုံးသွင်းတရား ကမ္မဋ္ဌာန်းငါးခုပဲ
ဖြစ်ပါတယ်လို့ ဒီလို ဆိုလိုတာ။

ခုလို ကမ္မဋ္ဌာန်းငါးမျိုးကို
နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့်
ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့အကျိုးကျေးဇူးတွေကို
ရရှိနိုင်တယ်

မြတ်စွာဘုရားက
ဘယ်လောက်ထိအောင် ဟောတုန်းဆိုလို့ရှိရင်
ဒီလိုသာ မှန်မှန်ကန်ကန်နှလုံးသွင်းပြီး
ဒီတရားငါးမျိုး သူ့သန္တာန်မှာ
ပြည့်ပြည့်ဝဝကြီး ရှိမယ်ဆိုရင်
သူဟာ မသေခင်မှာ
ရဟန္တာကြီး ဖြစ်သွားနိုင်ပါတယ် လို့ဟောတယ်။

ရဟန္တာဖြစ်တယ်ဆိုတာ
လောဘတွေကင်းသွားတာ
ဒေါသတွေကင်းသွားတာ
မောဟတွေကင်းသွားတာကိုဆိုလိုတယ်။

အဲဒီလို
လောဘဒေါသမောဟတွေ လုံးဝကင်းစင်ပြီး
စိတ်နှလုံးအေးချမ်းတဲ့အဖြစ်ကို ရရှိနိုင်တယ်လို့
မြတ်စွာဘုရားက ဟောကြားတာဖြစ်တယ်။

ဆရာတော်အရှင်နန္ဒမာလာဘိဝံသ(Ph.D)
ဟောကြားရေးသားတော်မူသော
မကျန်းမာသူတို့အတွက် အထူးနှလုံးသွင်းတရားမှ
နှာ၄၆မှ၄၉
Credit to Dhamma ဓမ္မ

No comments:

Post a Comment