Friday, November 9, 2018

အနုမာနအားဖြင့်​ နိဗ္ဗာန်​ကို အာရုံယူခြင်း

*         အနုမာနအားဖြင့်​  နိဗ္ဗာန်​ကို  အာရုံယူခြင်း

       ကလျာဏပုထုဇဉ်​တို့အား နိဗ္ဗာန်​ကို မရဖူး​သေးသည်​ဖြစ်​၍ ပစ္စက္ခအားဖြင့်​ပင်​ မသိ​သော်​လည်း သင်္ခတတရားလျင်​ အာရုံရှိ​သော ဉာဏ်​တို့သည်​ ထိုက်​သည့်​အား​လျော်​စွာ ကိ​လေသာတို့ကို  တဒင်္ဂအားဖြင့်​ ပယ်​ခြင်းကိစ္စ၊  ဝိက္ခမ္ဘနအားဖြင့်​  ပယ်​ခြင်းကိစ္စသာ စွမ်းနိုင်​၍  သမု​စ္ဆေဒအားဖြင့်​ ပယ်​ခြင်းကိစ္စ၊ ပဋိပဿဒ္ဓိအားဖြင့်​  ပယ်​ခြင်းကိစ္စ၌ မစွမ်းနိုင်​​သော​ကြောင့်​  မဂ်​ဖိုလ်​တို့သည်​ သင်္ခတအာရုံ  ပညတ်​အာရုံကို အာရုံပြုခဲ့​သော်​ -

       ကိ​လေသာတို့ကို သမု​စ္ဆေဒ၊  ပဋိပဿဒ္ဓိအားဖြင့်​ ပယ်​ခြင်းငှါ  မစွမ်းနိုင်​ရာ။  ကိ​လေသာတို့ကို အကြွင်းမဲ့ ပယ်​ဖြတ်​ခြင်းဟူ​သော  သမု​စ္ဆေဒအားဖြင့်​ ပယ်​ခြင်းကိစ္စ၊  တစ်​ဖန်​ငြိမ်း​စေခြင်းဟူ​သော ပဋိပဿဒ္ဓိအားဖြင့်​ ပယ်​ခြင်းကိစ္စမည်​သည်​လည်း  ​လောက၌ ထင်​ရှားခဲ့ရကား -

       သင်္ခတအာရုံ ပညတ်​အာရုံတို့မှ ပြန်​​သော သင်္ခတ ပညတ်​မဟုတ်​​သော ကိ​လေသာတို့ကို အကြွင်းမဲ့ ပယ်​ဖြတ်​ခြင်း၊ တဘန်​ငြိမ်း​စေခြင်းကို ပြုတတ်​ကုန်​​သော  မဂ်​ဖိုလ်​တို့၏  အာရုံဖြစ်​​သော  နိဗ္ဗာန်​မည်​​သော  တစ်​ပါး​သောတရားသည်​  ပရမတ္ထအားဖြင့်​ စင်​စစ်​ဧကန်​ ရှိသည်​မှန်​၏ဟု  ဆ၍ သိ​သောအားဖြင့်​ ထင်​ရှား၏။  ဤသို့ အနုမာနအားဖြင့်​ ထင်​ရှားသည်​။

       အဝိဇ္ဇာ တဏှာဟူ​သော  ဝဋ်​မြစ်​ မူလ မကင်း မကုန်​ မငြိမ်း​သေးသမျှ  ပဋိသ​န္ဓေ​နေခြင်း၊ အိုခြင်း၊ နာခြင်း၊ ​သေခြင်းဒုက္ခ မကင်း မငြိမ်းနိုင်​။  ထို အဝိဇ္ဇာ တဏှာစ​သော ကိ​လေသာတို့ ကုန်​ငြိမ်းမှ ကုန်​ငြိမ်းသည်​။
   ထို ကိ​လေသာတို့ကို ကုန်​ငြိမ်း​စေတတ်​​သော တရားကား-

       ကာမ ကုသိုလ်​ဉာဏ်
       မဟဂ္ဂုတ်​ ကုသိုလ်​ဉာဏ်
       အရိယမဂ်​ဉာဏ်​ သာတည်း။

       ထိုတွင်​ ကာမကုသိုလ်​ဉာဏ်​သည်​ သင်္ခတတရားကို အာရုံပြု၍ ကိ​လေသာကို ပယ်​ဖျက်​ရ​သော​ကြောင့်​  တဒင်္ဂမျှသာ ကုန်​ငြိမ်း​စေနိုင်​သည်​။  ထိုထက်​လွန်​၍  မကုန်​ငြိမ်း​စေနိုင်​။

       မဟဂ္ဂုတ်​ ကုသိုလ်​ဉာဏ်​သည်​လည်း  ပညတ်​ကို အာရုံပြု၍ ပယ်​ဖျက်​ရ​သော​ကြောင့်​ ဝိက္ခမ္ဘနဖြင့်​သာ ကုန်​ငြိမ်း​စေနိုင်​သည်​။ သမု​စ္ဆေဒအားဖြင့်​ မကုန်​ငြိမ်း​စေနိုင်​။

       အရိယာမဂ်​ဉဏ်​မူကား  နိ​ရောဓသစ္စာ နိဗ္ဗာန်​ကို အာရုံပြု၍ ပယ်​ဖျက်​ရ​သော​ကြောင့်​ ​နောင်​တဖန်​ မဖြစ်​နိုင်​​အောင်​  သမု​စ္ဆေဒအားဖြင့်​ ကုန်​ငြိမ်း​စေနိုင်​သည်​။

       ထိုသို့ ငြိမ်း​စေရာ၌  ​လောကူပမာအားဖြင့်​  ထင်​စွာပြလိုက်​ဦးအံ့-  ​လေက၌ ရန်​သူကို နှိပ်​စက်​​သောသူသည် ​တံပြာကြိမ်​လုံးမျှဖြင့်​ ရိုက်​ခတ်​ညှင်းဆဲ နှိပ်​စက်​သည်​ရှိ​သော်​  အဖီးအစင်းထင်​ရုံမျှသာ နာကျင်​​အောင်​ နှိပ်​စက်​နိုင်​သည်​။  ထိုထက်​ နာကျင်​​အောင်​ မနှိပ်​စက်​နိုင်​။

       တုတ်​လက်​နက်​ဖြင့်​ ရိုက်​နှက်​ညှင်​ဆဲ နှိပ်​စက်​​သောသူသည်​လည်း ကျိုးပဲ့​ပေါက်​ပြတ်​ရုံသာ နှိပ်​စက်​နိုင်​သည်​။  ဦး​ခေါင်းဖြတ်​၍ ​သေဆုံးခြင်းသို့​ရောက်​​အောင်​ မနှိပ်​စက်​နိုင်​။

       ဓါးသန်​လျက်​ လက်​နက်​ဖြင့်​ ဦး​ခေါင်းကိုဖြတ်​၍ နှိပ်​စက်​သည်​ရှိ​သော်​  အသက်​​သေဆုံးသည့်​တိုင်​​အောင်​ နှိပ်​စက်​နိုင်​သည်​။

       ရန်​သူနှင့်​  ကိ​လေသာတူ၏။
       ရန်​သူနှိပ်​စက်​​သောသူနှင့်​ ဉာဏ်​တူ၏။
       နှိပ်​စက်​​ကြောင်းလက်​နက်​နှင့်​ အာရုံတူ၏။
      
       တံပြာကြိမ်​လုံးမျှဖြင့်​ ရိုက်​နှိပ်​စက်​​သောသူနှင့်​ သင်္ခတတရားကို အာရုံပြု၍ ကိ​လေသာတို့ကို ငြိမ်း​စေ​သော ကာမကုသိုလ်​ဉာဏ်​ တူ၏။

       တုတ်​ဖြင့်​ ရန်​သူကို နှိပ်​စက်​​သောသူနှင့်​ ပညတ်​တရားကို အာရုံပြု၍ ကိ​လေသာကို ငြိမ်း​စေ​သော မဟဂ္ဂုတ်​ ကုသိုလ်​ဉာဏ်​ တူ၏။

       ဓားသန်​လျက်​နှင့်​ ရန်​သူကို ခုတ်​ဖြတ်​နှိပ်​စက်​​သောသူနှင့်​ နိဗ္ဗာန်​ကို အာရုံပြု၍ ကိ​လေသာကို ငြိမ်း​စေ​သော အရိယာမဂ်​ဉာဏ်​ တူ၏။

       တံပြာကြိမ်​လုံးမျှကိုင်​၍ ရန်​သူကို နှိပ်​စက်​​သောသူသည်​ အဖီးအစင်းထင်​ရုံမျှဖြင့်​သာ နှိပ်​စက်​နိုင်​သကဲ့သို့ သင်္ခတတရားကို အာရုံပြု၍ ကိ​လေသာကို ငြိမ်း​စေ​သော ကာမကုသိုလ်​ဉာဏ်​သည်​ တဒင်္ဂမျှသာ ကိ​လေသာကို ငြိမ်း​စေနိုင်​သည်​။

       တုက်​လက်​နက်​ကိုကိုင်​၍ နှိပ်​စက်​​သောသူသည်​ ကျိုးပဲ့​ပေါက်​ပြတ်​ရုံမျှသာ နှိပ်​စက်​နိုင်​သကဲ့သို့  ပညတ်​ကို အာရုံပြု၍ ကိ​လေသာကို ငြိမ်း​စေ​သော မဟဂ္ဂုတ်​ ကုသိုလ်​ဉာဏ်​သည်​ ဝိက္ခမ္ဘနမျှဖြင့်​သာ ငြိမ်း​စေနိုင်​သည်​။

       ဓားသန်​လျက်​ လက်​နက်​ကိုကိုင်​၍ ခုတ်​ဖြတ်​နှိပ်​စက်​​သောသူသည်​ ရန်​သူကို ဦး​ခေါင်​ပြတ်​၍ အသက်​​သေဆုံး​အောင်​ နှိပ်​စက်​သကဲ့သို့ နိ​ရောဓသစ္စာဖြစ်​​သော နိဗ္ဗာန်​ကို အာရုံပြု၍ ကိ​လေသာကို ငြိမ်း​စေ​သော အရိယာမဂ်​ဉာဏ်​သည်​ ကိ​လေသာကို ​နောင်​တဘန်​ မဖြစ်​​စေရ။ ဆုံးခန်း​ရောက်​​အောင်​ သမု​စ္ဆေဒအားဖြင့်​ ကုန်​ငြိမ်း​စေနိုင်​သည်​။

       တံပြာကြိမ်​လုံးနှင့်​  သင်္ခတအာရုံ၊
       တုတ်​လက်​နက်​နှင့်​ ပညတ်​အာရုံ၊
       ဓားသန်​လျက်​နှင့်​  နိ​ရောဓသစ္စာ နိဗ္ဗာန်​အာရုံ တူ၏။

       ရာဂ​ဒေါသအစရှိ​သော ကိ​လေသာအားလုံး အရိယာပုဂ္ဂိုလ်​၏ သန္တန်​ဝယ်​ တဘန်​အသစ်​ ​မဖြစ်​​သောအားဖြင့်​ မဖြစ်​ခြင်းဟူ​သော ကင်းကုန်​​ကြောင်းဖြစ်​​သော တရားသည်​ နိဗ္ဗာန်​မည်​၏ ဟူလို။

       နိ​ရောဓသစ္စာဖြစ်​​သော နိဗ္ဗာန်​ကို ရာဂက္ခယ စသည်​ဖြင့်​ ​ဟော​တော်​မူသည်​ဖြစ်​၍  ဤ၌ ရာဂက္ခယစသည်​  အရကို အသင်္ခတ သ​ဘောရှိ​သော နိ​ရောဓသစ္စာဖြစ်​​သော နိဗ္ဗာန်​ကိုသာ ​ကောက်​ယူရမည်​။  ပရမတ္ထမဟုတ်​​သော ကုန်​ငြိမ်းခြင်းကို မ​ကောက်​ယူသင့်​ ဟူလို။

       ရာဂက္ခယစသည်​ အရကို နိ​ရောဓသစ္စာဖြစ်​​သော နိဗ္ဗာန်​ကိုသာ ​ကောက်​ယူရမည်​။  ယင်းနိဗ္ဗာန်​ကိုသာ ရာဂက္ခယ စသည်​ဟူ၍ ​ဟော​တော်​မူအပ်​သည်​ ဟူ၏။

       အဘယ်​​ကြောင့်​ကား နိ​ရောဓသစ္စာဖြစ်​​သော နိဗ္ဗာန်​ကို ရာဂက္ခယ စသည်​ဟူ၍ ​ဟော​တော်​မူအပ်​​လေသနည်း ဟူဘွယ်​ရှိ၍ -

       ယသ္မာ ပ​နေတံ အာဂမ္မ
       ရာဂါဒ​ယော ခီယန္တိ တသ္မာ။ ( ဝိဘင်းဖွင့်​)

       အရိယာမဂ်​အား  အာရမ္မဏာဓိပတိဖြင့်​ ​ကျေးဇူးပြုတတ်​​သော နိ​ရောဓသစ္စာ နိဗ္ဗာန်​သို့ အရိယာမဂ်​ဖြင့်​ မျက်​​မှောက်​ပြု​သောအားဖြင့်​ အရိယာပုဂ္ဂိုလ်​၏ ​ရောက်​ခြင်းရခြင်း​ကြောင့်​သာလျှင်​ ရာဂအစရှိ​သော ကိ​လေသာအလုံးစုံ ကုန်​ကင်းရကား ရာဂအစရှိ​သော ကိ​လေသာတို့၏ ကုန်​ကင်း​ကြောင်းဖြစ်​​သော​ကြောင့်​ ရာဂက္ခယ စသည်​ဟူ၍ ​ဟော​တော်​မူအပ်​သည်​ ဟူ၏။

       သင်္ခါရတို့မှ  ကင်းရာကင်း​ကြောင်းနိဗ္ဗာန်​၌  ညွတ်​​သောပုဂ္ဂိုလ်​သည်​ ​ရောက်​နိုင်​၏။  နိဗ္ဗာန်​သည်​ သင်္ခါရတို့မှ အဘယ့်​​ကြောင့်​ ကင်းရာဖြစ်​သနည်း။  နိဗ္ဗာန်​အား  သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ အစရှိသည်​ဖြင့်​ ​ကျေးဇူးပြုနိုင်​​သော တစ်​စုံတစ်​ခု​သော  တရားမည်​သည်​  မရှိသည်​သာဖြစ်​​သော​ကြောင့်​ အလုံးစုံ​သော သင်္ခါရတို့၏ ကင်းရာဖြစ်​သည်​ဟူ၏။

       အရိယာမဂ်​၏ အာရုံဖြစ်​​သော နိဗ္ဗာန်​သည်​ ဝဋ်​သုံးပါးပြတ်​ခြင်းအား  ဥပနိဿယသတ္တိအားဖြင့်​ ​ကျေးဇူးပြုရကား  ဝဋ်​သုံးပါးပြတ်​ခြင်းဟူ​သော သင်္ခါရအားလုံးစုံ ကုန်​ကင်းခြင်း၏  အ​ကြောင်းဖြစ်​သည်​ဟူ​လေ။

       ပသုံးလုံးဆရာ​တော်​ ဦး​ဇောတိက

No comments:

Post a Comment