သို့/ FB User ကြီးရေ...
“ခင်များ..သည် ..”
🍀FaceBook သုံးနေတယ် - ရည်ရွယ်ချက်မှန်လား?
🌸Acc ဖွင့်ထားပါတယ် - လည်ပတ်မှုရှိလား?
🍀Friend တွေရှိတယ် - တန်ဖိုးထားတတ်လား?
🌸ဘေလ် အကုန်ခံတယ် - အမြတ်ကျန်ရဲ့လား?
🍀အချိန်ကုန်သွားတယ် - အဖတ်တင်ရဲ့လား?
🌸'ပျော်'အောင်လိုင်းသုံးတယ် - 'တော်'အောင်သုံးရဲ့လား?
🍀လိုင်း အမြဲတက်တယ် - စာရော ဖတ်ရဲ့လား?
🌸ထင်ရာ လေ့လာတယ် - ပညာတိုးရဲ့လား?
🍀Like တွေ ဝင်ပေးတယ် - ဘာတင်မှန်း သိလား?
🌸Comment ဝင်ရေးတယ် - ပို့စ် နဲ့ ဆိုင်ရဲ့လား?
🍀ဝေဖန် ပြချင်တယ် - ဉာဏ်ရော မီရဲ့လား?
🌸Post တွေ တင်လိုက်တယ် - အပြစ်ကင်းရဲ့လား?
🍀ဆရာလုပ်ချင်တယ် - ပညာမြင့်ရဲ့လား?
🌸ဝိ လုပ်ပြချင်တယ် - ဝ ရောရှိရဲ့လား?
🍀နဂိုင်း ထွက်ချင်တယ် - နဂို ရှိရဲ့လား?
🌸သူ့Like ကျ မျှော်တယ် - ကိုယ်ရော ပေးတတ်လား?
🍀လေးစားခံချင်တယ် - လေးစားတတ်ရဲ့လား?
🌸ကြိုက်ရင် Share တယ် - အရေးပါရဲ့လား?
🍀ဖတ်တုန်းကဖတ်တယ် - ပြီးရင် မှတ်မိလား?
🌸Save ထားလေ့ရှိတယ် - ပြန်ကြည့်လေ့ရှိလား?
🍀ဖတ်ပြီးသိသွားတယ် - လက်တွေ့ကျင့်ရဲ့လား?
🌸ဒီစာကို ဖတ်တယ် - ဒေါသထွက်ရဲ့လား? (အဟစ်..အဟစ်..)
🍀ဖတ်လို့ ပြီးသွားတယ် - ဘာ'မန့်'ဖို့ တွေးလား?(အဟမ်း..အဟမ်း)
“ဂျင်းခြံလည်က ဥယျာဉ်မှူး”
No comments:
Post a Comment