Friday, November 9, 2018

ချီးမွမ်းမှုဒဏ် ကြံ့ကြံ့ခံ

''ချီးမွမ်းမှုဒဏ် ကြံ့ကြံ့ခံ''

ချီးမွမ်းထောမနာ ပြုလာမယ်ဆိုလို့ရှိရင်
ဝမ်းမသာနဲ့  တက်ကြွမနေနဲ့။
မဖြစ်အောင်ထိန်း
မထိန်းနိုင်ဘူးဆိုရင် မင်းရဲ့တိုးတက်မှု
ခြေလှမ်းတွေ ပျောက်သွားလိမ့်မယ်။
*ဝမ်းသာလို့ရှိရင် ကိုယ့်အတွက်ပဲ
အန္တရာယ် ဖြစ်လိမ့်မယ်။
မှန်ရင် သူတို့ချီးမွမ်းတဲ့အတိုင်း ဟုတ်ရင်
ဟုတ်တယ်လို့ ဝန်ခံချက်ပေးလိုက်တဲ့။

(ဗြဟ္မဇာလသုတ်)
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ

''ကဲ့ရဲ့မှုဒဏ် ကြံ့ကြံ့ခံ''

*အပြစ်ပြောလာ ကဲ့ရဲ့လာပြီဆိုလို့ရှိရင်
စိတ်မဆိုးနဲ့ အာဃာတမဖြစ်စေနဲ့
မကျေမနပ် မဖြစ်စေနဲ့  မဖြစ်အောင်ထိန်း
#မထိန်နိုင်ဘူးဆိုရင်  မင့်ရဲ့တိုးတက်လမ်း
ပိတ်သွားလိမ့်မယ်
#ဒေါသဖြစ်နေမယ်ဆိုရင် ဒီဒေါသက
မင်းအတွက် အန္တရာယ်ချည်းပဲ။
#စိတ်ဆိုးနေမယ်ဆိုရင်  သူပြောတဲ့
အနက်အဓိပ္ပာယ် အကောင်းအဆိုး ခွဲခြား
သိပါ့မလား မသိတော့ဘူး။
#စိတ်ဆိုးနေမယ့်အစား  မဟုတ်ရင်
မဟုတ်တဲ့ အကြောင်း ဖြေရှင်းချက်ပေးပါ။

(ဗြဟ္မဇာလသုတ်)
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
.
Cradit*****ဓမ္မရသစာပေ

No comments:

Post a Comment