❦ ❦ စိတ်၏အတွေးများ ❦ ❦
#လူအများက ` စိတ် ´ နဲ့ ` တွေးတာ ´ကို အတူတူပဲလို့
မှတ်ထင်ကြတယ်။ သို့သော် အဘိဓမ္မာသဘောကို သေချာကြည့်
မယ်ဆိုရင် အာရုံကို သိတတ်တဲ့စိတ်က တစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီး
ဖြစ်ပေါ်လာတဲ့ စေတသိတ်ဆိုတဲ့သဘာဝက တစ်မျိုးလို့ ` စိတ် ´ နဲ့
` စေတသိတ် ´ နှစ်မျိုးခွဲပြီး သိနိုင်တယ်။
#စိတ်၏အတွေးဆိုတဲ့ စကားလုံးထဲမှာ အတွေးဆိုတာ စေတသိတ်
တစ်ခုရဲ့ နာမည်ပဲလို့ မှတ်ရမယ်။ စိတ်ကိုဖြူစင်အောင် လုပ်တဲ့အခါမှာ
တစ်ချို့အတွေးတွေကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုအပ်တယ်။
#စိတ်ရဲ့အတွေးတွေထဲက မကောင်းတဲ့အတွေးတွေကို
၁။ အာရုံပြောင်းပြီး ဖြေရှင်းတဲ့နည်း၊
၂။ အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း၊
၃။ မေ့ပစ်တဲ့နည်း၊
၎။ အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း၊
၅။ စိတ်နဲ့ဖိညှစ်ပြီး မရ, ရအောင် ကြိုးစားတဲ့နည်း။
#ဒီငါးမျိုးနဲ့လုပ်ရင် စိတ်ရဲ့မကောင်းတဲ့အတွေးတွေဟာ လုံးဝကင်းစင်
သွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့စွမ်းရည်တစ်ခု ရလာနိုင်
တယ်။ အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့အတွေးကို တွေးနိုင်၊ ကိုယ်
မတွေးချင်တဲ့အတွေးကို ထိန်းချုပ်သွားနိုင်တယ်။
#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment