""မတွေးအပ်တဲ့ ဒေါသအတွေးများ""
******************************
တရားချစ်ခင်သူတော်စင်အပေါင်းတို့~
နောက် မတွေးသင့်တဲ့ အတွေးတစ်ခုက
"""ဒေါသူပသံဟိတ"" ဒေါသစိတ်နဲ့ ယှဉ်
လာတဲ့ အတွေးမျိုးကို မတွေးရပါဘူးတဲ့။
မိမိစိတ်ဆိုးနေတဲ့အခါ တွေးတဲ့အတွေးနဲ့
စိတ်ကြည်နေတဲ့အခါ တွေးတဲ့အတွေးဟာ
""မတူနိုင်ဘူး""ပေါ့။
ဒေါသနဲ့တွေးတဲ့အတွေးဟာ လူကိုစိတ်
ငြိမ်းချမ်းမှု မပေးနိုင်တဲ့အပြင် ကိုယ့်ရဲ့ရန်
သူကို အမြဲတမ်း ရန်ပြုဖို့ပဲ တွေးနေတတ်
ပါတယ်။
ဒီလို အတွေးမျိုးဟာ ကောင်းတဲ့အတွေး
မျိုး မဖြစ်နိုင်ပါဘူး။ စာပေလိုကျတော့
""ဗျာပါဒဝိတက်"" လို့ခေါ်တာပေါ့။
အာရုံတစ်ခုကို တွေးတဲ့အခါတိုင်း မကျေ
မနပ်စိတ်တွေဖြစ်နေတယ်။ မကျေနပ်မှုမှာ
လည်း ""ပုဂ္ဂိုလ်ကို မကျေနပ်မှုနဲ့ ပစ္စည်း
ဝတ္ထုကို မကျေနပ်မှု""ဆိုပြီး နှစ်မျိုးရှိတယ်
လူ့စိတ်ဆိုတာ အလွန်မှ ဆန်းကြယ်
တယ်။ ပုဂ္ဂိုလ်သတ္တဝါအပေါ်မှာ မကျေနပ်
သလို သက်မဲ့ပစ္စည်းတွေပေါ်မှာ မကျေ
နပ်တာက ရှိသေးတယ်။ ဒါ့ကြောင့်
""အာဃာတဝတ္ထု (၉)မျိုးထဲကို သက်မဲ့
ထည့်လိုက်ရင် ၁၀ မျိုးဖြစ်သွားတယ်။
လူတစ်ဦးမှာ ဒေါသနဲ့ယှဉ်တဲ့ အတွေး
ဟာ လူသတ္တဝါသက်ရှိပေါ်မှာ ၉ မျိုး၊
သက်မဲ့ဝတ္ထုပေါ်မှာ တစ်မျိုး ဖြစ်ပါတယ်။
""သက်ရှိပေါ်မှာ ဖြစ်တဲ့ ဒေါသအတွေး""
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီအတွေး ၉ မျိုးဆိုတာ~~~
ဒီလူဟာ ငါ့ရဲ့အကျိုးမဲ့ကို အရင်ကလုပ်
တယ်၊ အခုလည်းလုပ်တယ်၊ နောင်လည်း
လုပ်နေဦးမှာ""ပဲလို့ မကျေနပ်မှု ၃ မျိုးပါ။
ငါနဲ့ခင်မင်တဲ့ ပုဂ္ဂိုလ်ရဲ့ ပျက်စီးနစ်နာဆုံး
ရှုံးမှုကို အရင် အခု နောင် ကာလသုံးပါး
လုံး လုပ်နေဦးမှာ ဆိုတဲ့ မကျေနပ်မှု ၃ မျိုး။
ငါ့နဲ့ မတည့်တဲ့ ပုဂ္ဂိုလ်ကို မြှောက်ပင့်ပေး
ပြီး ကောင်းကျိုးချမ်းသာတွေရအောင်
ဒီလူက ""အရင် အခု နောင်ကာလသုံးပါး
လုံး""မှာ လုပ်နေတယ်လို့ မကျေနပ်မှု
၃ မျိုး ဆိုတော့ လူပုဂ္ဂိုလ်အပေါ်မှာ
မကျေနပ်မှု ဖြစ်တာ ၉ မျိုးပါပဲ။
ဒီဒေါသနဲ့ တွေးတဲ့အတွေးဟာ ရန်ညှိုး
ထားမှုကို အခြေပြုနိုင်တယ်။ ဒီအတွေး
မျိုးတွေက လူ့လောက အတွေ့အကြုံ
များများရပြီးသားဖြစ်တယ်။
ပုထုဇဉ်တွေမှာ ဖြစ်တတ်တဲ့"အာဃာတ
ဝတ္ထု ၉ မျိုး""လို့ခေါ်ပါတယ်။
""သက်မဲ့ပေါ်မှာ ဖြစ်တဲ့ဒေါသအတွေး""
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သက်မဲ့ဝတ္ထုပေါ်မှာ ဖြစ်တဲ့ဒေါသတွေးကျ
တော့ ""အဋ္ဌာနကောပ"" လို့ခေါ်ပါတယ်။
လူတိုင်းဖြစ်နေတဲ့ အတွေး ဥပမာ~~
သွားလာရင်း ခလုတ်တိုက်ရင် စိတ်ဆိုး
တယ်၊ တိုက်မိတဲ့ ခဲ ငုတ်တို့ကို ဆဲရေး
ပါသေးတယ်။
နေပူရင်လည်း စိတ်ဆိုးတယ်။ မိုးရွာရင်
လည်း စိတ်ဆိုးတယ်။ လေတိုက်ရင်လည်း
စိတ်ဆိုးတယ်။ မီးပူရင်လည်း ပူရမလား
ဆိုပြီး စိတ်ဆိုးတယ်။
ဒေါသအတွေးနဲ့ လူတစ်ယောက်ဟာ
မြင်မြင်သမျှ တွေ့ရသမျှ စိတ်ဆိုးဒေါသ
ဖြစ်နေတယ်။ ဒါ့ကြောင့် ဒေါသနဲ့ပတ်
သက်တဲ့ အတွေး ၁၀ မျိုးရှိတယ်ပေါ့။
"ရွက်လှေသမား ဥပမာ""
°°°°°°°°°°°°°°°°°°°°°°
ရွက်လှေ သမားတစ်ဦးဟာ ရွက်လွှင့်
ပြီး သူ့ရဲ့ရွာကို ပြန်တယ်ပေါ့။ သူလည်း
ရွက်တွေဖွင့်ရော လေကငြိမ်နေပြီး
လိုရာခရီး မရောက်ဘူးပေါ့။
ဒါကို လေမတိုက်ရလားဆိုပြီး ကြိုးတစ်စ
ကို လှေမှာ ချီ၊ ကျန်တဲ့ကြိုးတစ်စကို သူ့ရဲ့
ခါးမှာ ချီနှောင်ပြီး လူက ကုန်းပေါ်ကနေ
လှေကို ဆွဲယူသွားပါတယ်။
သူ့ရွာလည်းရောက်ပါရော လေကတိုက်လာတယ်။ ဒီလို ရွာရောက်
မှ လေတိုက်ရမလားလို့ ဒေါသအတွေး
ဝင်ပြီး လှေပေါ်တက် ရွက်ဖွင့်ကာ ခရီး
ဆက်နှင်တော့ ရွာကိုကျော်သွားတာပေါ့။
ဒါဟာ မဖြစ်သင့်တဲ့ ဒေါသအတွေးပါ။
နောက်တစ်ဦးကတော့ ကိုယ့်ပါးမှာခြင်
ကိုက်နေတာကို ဒေါသအတွေးနဲ့ ကိုယ့်ရဲ့
လက်နဲ့ အားထည့်ပြီး ရိုက်လိုက်တာမှာ
ကိုယ်ပဲ နာကျင်ရသလိုမျိုင်္းပေါ့။ ခြင်က
တော့ လွတ်သွားပါတယ်။
ဒီလို ဗျာပါဒဝိတက် ဆိုတာ မတွေးသင့်
တဲ့ အတွေးဖြစ်ပေတယ်။
**ပါချုပ်ဆရာတော်ဘုရားကြီးအား
ဦးခိုက်ပူဇော်လျှက်**
~~စိတ်၏ အတွေးများ~~
No comments:
Post a Comment