Tuesday, November 13, 2018

️သေခါနီးဘာအားကိုးကြမလဲ

🔺️သေခါနီးဘာအားကိုးကြမလဲ
🔺️မဂ်တားဖိုလ်တားတော့မခံနဲ့

ဝေဒနာ သညာဆိုရင်
အပယ်ဆင်းရမယ်။

ဒါကြောင့် သေခါနီး
ဘာအားကိုးကြမလဲ။
လူတိုင်း၊ လူတိုင်းကတော့
အားကိုးရှာကြတာပဲ။

ပုထုဇဉ်များက
အတိတ် နဲ့ အနာဂါတ်ကို
အားကိုးကြတယ်။

အရိယာ သူတော်ကောင်းများကတော့
ပစ္စုပ္ပန်ကိုသာ အားကိုးတယ်။

အတိတ် အားကိုးတာက ...
ငါ လှူခဲ့တာပဲ။
ငါ သီလဆောက်တည်ခဲ့တာပဲ။
လွန်ခဲ့လို့ ပျက်ခဲ့ပြီးတဲ့
သဘောတရားတွေကို
အားကိုးကြတယ်။

အနာဂါတ်ကို အားကိုးတာက ...
မရောက်သေးတဲ့ ကုသိုလ်တွေကို
အားကိုးကြတယ်။

ပစ္စုပ္ပန်ကို အားကိုးတာက ...
မိမိ ခန္ဓာ၊ ရုပ် နဲ့ နာမ်ကို
အားကိုးကြတယ်။

ရုပ် နဲ့ နာမ်ကိုသာ အားကိုးတာက
ပစ္စုပ္ပန် ရုပ် နာမ် တို့၏
သဘော သဘာဝ လက္ခဏာတွေကို
ဆင်ခြင် သုံးသပ် နေခြင်းပါ။

ဒါ့ကြောင့်
အရိယာသူတော်ကောင်းတွေဟာ
ပစ္စုပ္ပန် ရုပ်နာမ် သဘောတရားတွေကို
အမှန်အတိုင်း သိလာတော့

ရုပ် အနတ္တ ... နာမ် အနတ္တကို
ကိုယ်တိုင်မြင်နေပြီး
သေရမှာ မကြောက်ကြတော့ဘူး။

ကျေးဇူးတော်ရှင်
မူလသဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥက္ကဋ္ဌ

🍃🌼 မဂ်တားဖိုလ်တားတော့ မခံကြနဲ့ 🌼🍃

ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။
ကျင့်တုန်းများ သေသွား
နတ်ပြည်သွားတာပဲ။

မကျင့်ဘဲနဲ့ နာရုံပဲနာပြီးများ မနေကြနဲ့။
ကျင့်ကြ ...
ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။

မကျင့်ဘဲ ပုဂ္ဂိုလ်ကတော့
နာရုံသက်သက်နဲ့
တို့လည်း သိထားတာပဲလို့ မလုပ်နဲ့။
သေတော့ လူးလှိမ့်သေရမယ်သာ မှတ်။

သိလို့ ပြောတာ။
သေမှာကတော့ ကျိန်းသေတယ်၊
ဒီရုပ်နဲ့ ဒီနာမ်ဖြစ်လာ သေမှာပဲ။

သေပင်သေရငြားသော်လည်း
အသိလေးနဲ့ သေရရင်
မမြတ်ဘူးလား။

အသိမရှိတဲ့ပုဂ္ဂိုလ်
မောဟနဲ့ သေလို့ ရှိရင်
လူရော၊ နတ်ရော၊ ဗြဟ္မာရော
သီလရှင်ရော၊ ဘုန်းကြီးရော
မောဟနဲ့ သေမယ်ဆိုလို့ ရှိရင်
ရုပ်လည်းမသိ ... နာမ်လည်းမသိ
ပညတ် ပရမတ်လည်း မသိ၊
သဘောတရားလည်း မသိတဲ့
ပုဂ္ဂိုလ် မှန်သမျှကတော့
လေးဘက်ထောက် လှိမ့်သာချတော့။

လူသေလို့ လူဖြစ်မယ်များ
ထင်သလား။

ဘယ်တော့မှ မဖြစ်ဘူး။
လူသေလို့ လူဖြစ်တာ၊
လူသေလို့ နတ်ဖြစ်တာ၊
လူသေလို့ ဗြဟ္မာဖြစ်တာ၊
လူသေလို့ နိဗ္ဗာန်ဖြစ်တာ၊
ဒါကတစ်မျိုးစီ။

စိတ်တွေ။
စိတ်တွေ ... စိတ်တွေ၊
လူသေလို့ အပါယ်ကျတာ
စိတ်တွေပဲ။

အဲတော့ လူတော့ လူပဲ
ခေါ်ဝေါ်သမုတ်ထားတာ ပညတ်ပဲ။
စိတ်ကရှိသေးတယ်။

ပြိတ္တာစိတ်၊ တိရစ္ဆာန်စိတ်၊ ငရဲစိတ်၊
လူစိတ်၊ နတ်စိတ် ရှိသေးတယ်၊
ဗြဟ္မာစိတ် ရှိသေးတယ်၊
နိဗ္ဗာန်စိတ် ရှိတယ်။
အဲဒီစိတ်တွေက သူ့ စိတ်နဲ့သူ။

ဘုရားက စိတ်ပဲဟောတယ်။

စိတ်ကိုတော့ ဘယ်သူမှမသိဘူး။

ပညတ်ကြီးကြည့်ပြီးတော့
တောပြော တောင်ပြောမပြောကြနဲ့။

ကျင့်တဲ့သူတွေက
အသေခံကျင့်ပြီးတော့ လုပ်ကြတာ။

မကျင့်တဲ့သူတွေက
တောပြောတောင်ပြောပြောတော့
မစားရဘဲနဲ့ အပြစ်ခံရမယ်။

ဒီသာသနာကြီးမှီတဲ့ အချိန်ခါမယ်
မဂ်တားဖိုလ်တားတော့ မခံကြနဲ့။

ကျေးဇူးတော်ရှင်
မူလသဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥက္ကဋ္ဌ

ဓမ္မဒါန မေတ္တာဖြင့်
သဲအင်းဂူဆရာတော်ဘုရားကြီးအရှင်ဥက္ကဋ္ဌ၏တရားတော်များ

credit::original uploader

No comments:

Post a Comment