Tuesday, November 13, 2018

သူ့နေရာနဲ့သူရှိတယ်

🌷 စာတူတာတွေ့တိုင်း အကုန်လုံး ဒါချည်းပဲလို့ သွားလုပ်ရင်, မှားမှားယွင်းယွင်းတွေ,
အကုန်ဖြစ်ကုန်တတ်တယ်။ဒါလေးတွေကလည်း , သူ့နေရာနဲ့သူ ရှိတယ်နော်၊

🌷 ဘယ်အရာပဲဖြစ်ဖြစ် definition, လုပ်​တယ်​လို့ ခေါ်တယ်၊ define, လုပ်ရတယ်၊ define , မလုပ်လို့ ရှိရင် စာမစုံလို့ရှိရင် ဒါမျိုးတွေက, မှားကုန်တတ်တယ်ပေါ့၊ Define မလုပ်တတ်ရင် မှားတယ်လေ၊

🌷 တစ်ခါတလေ နိုင်ငံခြားသားတွေ, အင်္ဂလိပ်လိုပြန်တဲ့စာတွေထဲမှာ,
မှားမှားယွင်းယွင်းတွေ ဖြစ်တယ်၊ ဘာဖြစ်လို့တုန်းဆို 'သင်္ခါရ ' လို့, ပြောလိုက်တာနဲ့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” တွေ့ဖူးတာနဲ့,Volitional activity လို့ပဲ, အကုန်ပြန်တယ်၊ Volitional activityတွေ အကုန်ဖြစ်ကုန်ရော၊ “သဗ္ဗေသင်္ခါရာ အနိစ္စာ”ကျတော့, volitional activity မဟုတ်ဘူး၊ Conditioned things ဖြစ်သွားတယ်၊ " သင်္ခါရက္ခန္ဓာ " ကျတော့,  Mental formation လို့ ပြန်ရတာ,
စကားလုံးက တစ်ခုနဲ့ တစ်ခု မတူဘူး၊ အသံတူတယ်, အဓိပ္ပါယ်ချင်း မတူဘူး၊ Word Contact လို့ ခေါ်တဲ့ , စကားလုံးရဲ့ ဆက်သွယ်မှုတွေက, မတူဘူးပေါ့၊

🌷 စာပေအယူအဆမှာ အဲဒါတွေက,
အင်မတန်မှ အရေးကြီးတယ်၊ ဒါက ဘာသာစကားတိုင်းမှာ, Language တိုင်းမှာ , ဘယ် language ပဲဖြစ်ဖြစ် , ဒါက ရှောင်လွဲလို့ မရဘူး၊ Language တွေရဲ့, အားနည်းမှုလို့ ပြောရမှာပေါ့၊ ဘယ်ဘာသာ စကားပဲဖြစ်ဖြစ်ရှိတယ်ဒါက၊ အဲဒါကြောင့်မို့လို့,
define လုပ်ပေးရတယ်။ ဒီနေရာမှာ, ဒါသာ လိုအပ်တယ်, ဒါသာ ဆိုလိုတယ်​ဆိုတာ သိရမယ်​​ပေါ့ ။

  🙏🙏🙏🙏🙏🙏🙏🙏🙏

{ ပါ​မောက္ခချုပ်​ဆရာ​တော်​ ​ဒေါက်​တာနန္ဒမာလာဘိဝံသ }

No comments:

Post a Comment