တွစ်တာ(Twitter)ကို စတင်သုံးစွဲတော့မယ်ဆိုရင်
===========================
အင်တာနက်အသုံးများလာချိန်မှာ Twitter ဆိုတာကို လူမှုကွန်ရက်တစ်ခုအဖြစ် လူအများစု က ကြားဖူးကြမှာဖြစ်ပေမယ့် ဘယ်လိုသုံးရလဲဆို တာကိုတော့ နည်းပညာနဲ့ နီးစပ်တဲ့ လူငယ်ပိုင်း ကသာ သေသေချာချာသိနိုင်ပြီး အများစုကတော့ ကိုယ်တိုင်မသုံးဖူးကြသလို သိကြမှာလည်း မဟုတ် ပါဘူး။ ဒါကြောင့် Twitter ဆိုတာ ဘာလဲဆိုတာနဲ့ Twitter ကို စတင်သုံးစွဲမယ်ဆိုရင် ဘယ်လို စလုပ်ရမလဲ၊ ဘယ်လိုတွေ သုံးရမလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။
Twitter ဆိုတာ ဘာလဲ
Twitter ဆိုတာ အခမဲ့အသုံးပြုနိုင်တဲ့ အင်တာနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး သုံးနေကြတဲ့Facebookလို၊ အရင်က အသုံး များခဲ့တဲ့Friendster နဲ့ Tagged တို့လို လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတကာမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်နေ၊ လူသုံးများနေတဲ့ လူမှုကွန်ရက်တစ်ခုပဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် အိုင်တီကုမ္ပဏီကြီးဖြစ်တဲ့Twitter Inc က twitter.com ကို ၂ဝဝ၆ ခုနှစ် က ဖန်တီးခဲ့ပြီး အခုဆိုရင် အသုံးပြုသူပေါင်း ၃၂၈ သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာမှာFacebook၊Twitter နဲ့ Instagram တို့ဟာ လူသုံးများတဲ့ လူမှုကွန်ရက်တွေဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ င်္Facebook တစ်ခုတည်းကိုသာ လူသုံးများပြီး ကျန်တဲ့ဆိုရှယ်နက်ဝပ်တွေကိုတော့ အသုံးနည်းပါ တယ်။ ဒါပေမယ့်LinkedInလို နည်းပညာပိုင်း ဆိုင်ရာ လူမှုကွန်ရက်မျိုးကလွဲရင် ကျန်တဲ့လူမှု ကွန်ရက်တွေရဲ့ အသုံးပြုပုံ သဘောသဘာဝက ခပ်ဆင်ဆင်တွေပဲမို့ Facebook အသုံးပြုနေကျ လူတစ်ယောက်အနေနဲ Twitterမှာ ကွာခြား ချက် အနည်းငယ်ရှိတာကလွဲရင် စတင်သုံးစွဲချိန် မှာ သိပ်အခက်အခဲရှိမှာမဟုတ်ပါဘူး။
Twitter ကို ဘယ်လိုစသုံးမလဲ
Twitter ကို စသုံးမယ်ဆိုရင်Facebookလို ပဲAccountတစ်ခုရှိဖို့ လိုပါတယ်။ Account ဖွင့်တာကလည်း Facebook Account ဖွင့် သလိုပဲ ဘာမှအခက်အခဲမရှိဘဲ လွယ်လွယ်ကူကူ ဖွင့်နိုင်ပါတယ်။ အီးမေးလ်ရှိရင် အီးမေးလ်လိပ်စာ နဲ့ဖြစ်စေ၊ ဖုန်းရှိရင် ဖုန်းနံပါတ်နဲ့ဖြစ်စေ ဖွင့်နိုင်ပါ တယ်။
Account ဖွင့်ဖို့အတွက် ကွန်ပျူတာ သို့ မဟုတ် ဖုန်းရဲBrowser မှာ twitter.com လို့ ရိုက်ပြီး တက်လာတဲ့ စာမျက်နှာကSign Up နေရာမှာ သုံးချင်တဲ့ witter Account နာမည်၊ အီးမေးလ်နဲ့ Password တို့ကို ဖြည့်ပေးရုံပါပဲ။ အီးမေးလ်ဟာ Twitter အကောင့် ဖွင့်ထားပြီး သားမရှိရင် အကောင့်သစ်အနေနဲ့ လက်ခံလိုက် မှာဖြစ်ပြီး အဲဒီနောက်မှာ အကောင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အကောင့်ဖွင့်တဲ့ အီးမေးလ်ထဲကို Confirmation Linkတစ်ခု ရောက်လာမှာဖြစ်ပြီး အဲဒီLink ကို ကလစ်နှိပ် ပြီး ကိုယ့်ရဲ့ Accountမှန်ကန်ကြောင်း အတည် ပြုပေးလိုက်ပြီးရင် Twitter ကို စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တာဟာTwitterကို ကွန်ပျူတာ သို့မဟုတ် ဖုန်းရဲ့Browserကနေ အကောင့်ဖွင့်တာကို ပြောခဲ့တာဖြစ်ပြီး မိုဘိုင်း အပလီကေးရှင်းကို သုံးရင်လည်း အပလီကေးရှင်း ကနေ အကောင့်ဖွင့်နိုင်ပါတယ်။Twitterအပလီ ကေးရှင်းကို Google Playstore အပါအဝင် အဆင်ပြေတဲ့နေရာကနေ ရယူနိုင်ပြီး အပလီကေး ရှင်းကနေဆိုရင်တော့ ဖုန်းနံပါတ်နဲ့ပါ အကောင့် ဖွင့်နိုင်ပါတယ်။ ဖုန်းမှာအင်စတောလ်လုပ်ထားတဲ့ အပလီကေးရှင်းကိုဖွင့်ပြီး အကောင့်မရှိသေးရင် ဖုန်းနံပါတ်ကတစ်ဆင့်ပဲ အလွယ်တကူ အကောင့် တစ်ခု ဖွင့်နိုင်ပါတယ်။ အန်းဒရွိုက်အတွက် နောက်ဆုံးထွက်ထားတဲ့ Twitter မိုဘိုင်းအပလီ ကေးရှင်းက 7.11.0ဖြစ်ပေမယ့် အသုံးပြုတာ တော့ ကိုယ့်ဖုန်းနဲ့ အဆင်ပြေတဲ့ဗားရှင်းကို အသုံး ပြုနိုင်ပါတယ်။
Twitterကို ဘယ်လိုသုံးရမလဲ
လူမှုကွန်ရက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Twitter မှာ Facebook အပါအဝင် အခြားလူမှု ကွန်ရက်တွေလိုပဲ သတင်းအချက်အလက်၊ စိတ် ခံစားမှု၊ ဆွေးနွေးချက်စတာတွေကို မျှဝေရေး သားလို့ ရပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တင်ပြီး တော့ လည်း မျှဝေလို့ ရပါတယ်။ Twitter မှာ သတင်းတွေ၊ စိတ်ခံစားမှုတွေကို ရေးသားတာကွှိုTweet လို့ ခေါ်ပြီး Facebook မှာPost တင် တာနဲ့ တူပါတယ်။ Twitter ရဲ့ အဓိက အစိတ် အပိုင်းကလည်း အသုံးပြုသူတွေက တင်လိုက်တဲ့ Tweet လို့ ခေါ်တဲ့Postတွေပဲဖြစ်ပါတယ်။Twitter အသုံးပြုသူတွေ တင်လိုက်တဲ့ပို့စ်တွေကို Tweet လို့ခေါ်ပြီး ကိုယ်တိုင်ပို့စ်တင်တဲ့အကြိမ် အပေါ် 1 Tweet, 2 Tweets စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်ပါတယ်။
Facebook နဲ့ မတူတဲ့ အဓိကအချက်ကTw- eet တစ်ခုစီမှာ စာလုံးရေ ၂၈၀အထိပဲ ရေးနိုင်ပါ တယ်။ ဒါကြောင့် Twitter မှာ ရေးတဲ့အခါ Facebook လို ရှည်ရှည်ဝေးဝေး ရေးလို့မရဘဲ ဘာပဲရေးရေး လိုတိုရှင်း ရေးရမှာဖြစ်ပါတယ်။ အဲဒီ Tweetတစ်ခုချင်းစီကို တစ်ခုနဲ့တစ်ခု ချိတ် ဆက်ထားခြင်းအားဖြင့် ဆက်စပ်နေတဲ့ အကြောင်း အရာတွေ၊ အပိုဆောင်းသတင်းတွေကို ထပ်တိုးရ နိုင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးနဲ့ ကိုယ်ရေးကိုယ်တာကို အဓိကထားပြီး သုံးမယ် ဆိုရင်Facebookက ပိုမိုသင့်တော်ပြီး စီးပွား ရေး၊ ပညာရေး၊ နိုင်ငံရေး စသည်ဖြင့် အကြောင်း အရာတစ်ခုခုမှာ ဦးစားပေးသုံးချင်ရင် Twitter က ပိုထိရောက်မှာဖြစ်ပါတယ်။
Twitter ကို စသုံးချိန်မှာ ကိုယ့်အကောင့်မှာ ဘယ်သူမှရှိမှာမဟုတ်လို့ Friend လိုပါတယ်။Facebook မှာဆိုရင်Friend Request တွေ လိုက်ပို့ရပေမယ့် Twitter မှာတော့Follow လုပ်ထားရုံနဲ့ Tweet တွေကို မြင်ရပါတယ်။ အကောင့်စဖွင့်ချိန်မှာ မြင်သမျှ တွေ့သမျှ tweetတွေ၊ သတင်းစာမျက်နှာတွေနဲ့ လူတွေကို Follow လုပ်ထားလိုက်ဖို့လိုပါတယ်။
ဒါမှ နောက်ပိုင်း မှာ သူတို့တင်တာတွေကို ဆက်မြင်ရမှာဖြစ်ပြီး သူတို့က ကိုယ့်ကို ပြန် င်္Foll ow လုပ်ရင် ကိုယ်တင် တဲ့ tweet တွေကိုလည်း သူတို့က မြင်ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် ကိုယ်ကြည့်ချင်တဲ့ စာမျက်နှာ တွေကိုလည်း လိုက်ရှာပြီး င်္Follow လုပ်ထားသင့် ပါတယ်။
Hash Tag သင်္ကေတ(#)ကိုခံပြီး ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို ရေးခြင်းဖြင့် အခြားသူတွေ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။
ဥပမာ အကြမ်း ဖက်မှုတွေကို မလိုလားတဲ့အကြောင်းကိုRe-tweet ( share )လုပ်တာဆိုရင်#Stop #Terrorism စတာတွေ ဖြည့်ရေးပြီးRetweet လုပ်သင့်ပါ တယ်။
ပုံချည်းပဲ သက်သက်တင်တဲ့အစားHash Tag နဲ့ အကြောင်းအရာကိုပါရေးပြီး တွဲတင်တာက ရှာဖွေရတာ ပိုပြီးလွယ်ကူစေမှာဖြစ် ပါတယ်။
ဒီထက်ပိုပြီး ကိုယ်တင်တဲ့ အကြောင်းအရာကို မြင်စေချင်တာမျိုးရှိရင်တော့ ကိုယ်မြင်စေချင်သူဆီကို တိုက်ရိုက်သွားပြီး Tweet လုပ်ပေးဖို့ လိုအပ်ပါတယ်။
လူတစ်ယောက်ဆီကို အကြောင်းအရာတစ်ခု ပို့ချင်တာဖြစ်ဖြစ်၊ သတင်းဌာနတစ်ခုဆီကို သတင်းတစ်ခု ပို့ချင်တာဖြစ်ဖြစ် သူတို့ရဲ့ Acc-ount သို့မဟုတ် Page ကိုသွားပြီး Tweet to(….)ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး ကိုယ်တင်ထားတဲ့ Tweet ကို မူရင်းစာအတိုင်းဖြစ်စေ၊Tweet ရဲ့Link ကို ကော်ပီကူးပြီးဖြစ်စေ၊ အခြားသူတွေတင် ထားတဲ့ Tweet ရဲ့ Link ကို ကော်ပီကူးပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်။Link ကို ကော်ပီကူးဖို့အတွက် ကူးချင်တဲ့ Tweetရဲ့ ညာဘက်အပေါ်ထောင့်လေး မှာပါတဲ့ အောက်စိုက်နေတဲ့မြားပုံကိုနှိပ်ပြီးCopy Link To Tweet ကိုနှိပ်ရင်Copy ယူပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။
Twitter ကို ဘာကြောင့်သုံးမလဲ
၂ဝဝ၆ ခုနှစ် စတင်ချိန်ကတည်းကနေTwitter အသုံးပြုသူ အရေအတွက်ဟာ အလျင်အမြန် ဆုံးနှုန်းနဲ့ တိုးတက်ခဲ့တာကြောင့် အခုအချိန်မှာ ဆိုရင် Twitter အသုံးပြုနေသူပေါင်းဟာ ၃၂၈ သန်းကျော် ရှိနေပါတယ်။Twitter ရဲ့Search မှာ ရှာဖွေမှုပေါင်းဟာလည်း တစ်ရက်ကို သန်း ပေါင်း ၇၅ဝ လောက် ရှိနေတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ပေါ်မှာ သတင်းတစ်ခုတင်လိုက်ပြီး ပျံ့နှံ့အောင်လုပ် နိုင်ရင် က္ဘာမှာ လူအများကြီးက အဲဒီသတင်းကို သိသွားပါတယ်။ အဲဒီအချက်ကို အသုံးချပြီး မဟုတ်မမှန်တဲ့ သတင်းတွေကိုလည်း ကမ္ဘာပေါ် က လူအများကြီးထံရောက်အောင် ဖြန့်နိုင်သလို တကယ်လည်း မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေသူတွေ ရှိပါတယ်။
ဒါကြောင့် သတင်းအမှားတွေ ဖြန့်ဝေပြီး တိုက် ခိုက်တာကို ခံနေရတဲ့အခါမျိုးမှာ သတင်းအမှန် တွေ ပြန်ဖြန့်ပြီး အမှန်တရားကို ပျံ့အောင်လုပ်ဖို့ လိုအပ်သလို သတင်းအမှန်ကို ဖြန့်ဝေပေးနိုင်ဖို့ အတွက် သတင်းအမှန် ဖြန့်ဝေမယ့်ဘက်ကလည်း လူအင်အားအရေအတွက်နဲ့ သတင်းမှန်တွေ လိုက်ဖြန့်ဝေပေးနိုင်ဖို့ လိုပါတယ်။
နိုင်ငံတကာက သိစေဖို့အတွက် စာရေးတဲ့အခါ အင်္ဂလိပ်လိုရေးရ မှာဖြစ်ပေမယ့် ကိုယ်တိုင်မရေးနိုင်ရင်လည်း ရေး နိုင်တဲ့လူတွေ ရေးတင်ထားတဲ့ သတင်းမှန်တွေကိုRetweet တွေလုပ်ပေးပြီး သတင်းမှန်တွေ ဖြန့်ပေးနိုင်ပါတယ်။
နိုင်ငံတကာမှာFacebook ကို အသုံးပြုတာဟာ အဓိကအားဖြင့် ကိုယ်ရေး ကိုယ်တာအနေနဲ့ အသုံးပြုကြတာကြောင့် ကိုယ်ရေးကိုယ်တာမဟုတ်တဲ့ တခြားအကြောင်း အရာကို နိုင်ငံတကာကလူတွေသိအောင်ဆိုရင်Twitter ကနေ မျှဝေတာကမှ ပိုထိရောက်စေမှာ ဖြစ်ပါတယ်။
Twitter မှာ သတင်းအမှန်တွေကို ဖြန့်ဝေဖို့ အတွက်Facebook မှာလို အငြင်းအခုံ လုပ်နေ တာထက် ကိုယ့်ရဲ့ Account မှာ သတင်းတွေကိုRetweet တွေလုပ်သလို သိသင့်တဲ့ သတင်း အချက်အလက်တွေကို သိစေချင်တဲ့နေရာတွေမှာ လိုက် Tweet ပေးတာက ပိုထိရောက်ပါတယ်။ အဓိကအားဖြင့် သတင်းဌာနတွေ၊ အဖွဲ့အစည်း တွေရဲ့ Pageတွေကိုရှာပြီး Tweet aတွေ လုပ်ပေး တာက ပိုထိရောက်ပါတယ်။
ဒါ့အပြင် လူသိများတဲ့Account တွေကို ရှာဖွေမှတ်သားထားပြီးတော့ လည်း သိစေချင်တဲ့ သင့်လျော်တဲ့ အကြောင်း အရာတွေကို လိုက် Tweet ပေးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ င်္Facebookကို အလွန်တွင် တွင် ကျယ်ကျယ်ပဲ သုံးနေကြပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကိုလည်း မြန်မာ နိုင်ငံ Facebook User တွေက အင်နဲ့အားနဲ့ ချေဖျက်နိုင်ကြပါတယ်။
ဒါပေမယ့် နိုင်ငံတကာမှာ အသုံးများတဲ့ Twitter ကိုတော့ မြန်မာနိုင်ငံကလူ တွေ အသုံးပြုနှုန်း အလွန်နည်းနေတာကြောင့် နိုင်ငံတကာကလူတွေအနေနဲ့ Twitter ပေါ်က မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ မမှန်သတင်းတွေကို အမှန် ထင်နေကြတာတွေ အများအပြားရှိနေပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ပျံ့နေတဲ့ မမှန်သတင်းတွေကို ချေဖျက်ပြီး သတင်း အမှန်တွေ အစားထိုးနိုင်ဖို့ Twitter ကိုလည်း သုံးနိုင်သူတွေအနေနဲ့ သုံးကြဖို့ လိုအပ်လျက်ရှိပါ တယ်။ ။
သူရဖြိုး
Moe Kyaw
August 29, 2017 · Yangon ·
"Twitter Media အသုံးပြုပြီးမီဒီယာတိုက်ခိုက်ရေးနည်းစနစ်များ"
************************************************************
...""Twitter ဘာကြောင့်သုံးရတာလဲ""
************************************
...Twitter မီဒီယာဟာ..ကမ္ဘာမှာလူဦးရေTotal Number of Monthly Active Twitter Users:328 million Last updated: 8/12/17၂၀၁၇ခုနှစ်သြဂုတ်လ၁၂ရက်နေ့နောက်ဆုံးစာရင်းအရ ၃၂၈သန်းအသုံးပြုနေပြီး၊Facebook မီဒီယာထက်စာရင်တော့..သန်းနှစ်ထောင်ကျော်သုံးနေတဲ့Facebookထက်နဲတယ်လို့ယူဆနိုင်ပါတယ်။
...ဒါပေမည့် Twitter Features တွေက ပိုမိုလုံခြုံမှူပေးနိုင်တာရယ်။Privacy နဲ့ Media တွေအတွက်ပိုထိရောက်မှူတွေရှိတာရယ်၊နိုင်ငံတကာအကြီးအကဲတွေလက်ခံသုံးစွဲနေကြတာရယ်၊US နိုင်ငံသားသန်း၇၀နီးပါးကအများဆုံးအသုံးပြုနေကြတာတွေရယ်ကြောင့်နိုင်ငံတကာကိုတင်ပြတဲ့သတင်းတွေဟာတွစ်တာမှာပိုမိုထိရောက်စေတော့တာဖြစ်ပါတယ်။
Facebook မီဒီယာကသုံးစွဲသူUser အနေနဲ့ရှုပ်ထွေးပြီးသတင်းမှန်ရရှိဖို့ခက်ခဲတဲ့အတွက်နိုင်ငံတကာမီဒီယာတွေကTwitter ကိုပိုမိုပြီးယုံကြည်တဲ့အလေ့အထဟာလည်းအနောက်နိုင်ငံတွေမှာထွန်းကားနေလျှက်ရှိပါတယ်။
ဒါကြောင့်မို့Twitter Media အသုံးပြုပြီးမီဒီယာတိုက်ခိုက်ရေးနည်းစနစ်ကို
ရေးသားတင်ပြရတာပဲဖြစ်ပါတယ်။
""Twitter မှာအသေးစိတ်ဆောင်ရွက်ရန်အချက်များ"'
***************************************************
...Twitter အကောင့်ရယူပုံ။
၁။မိမိဖုန်းရှိ..Google Playstore သို့ဝင်ပါ။ပုံတွင်ပြထားသည့်အတိုင်းTwitter ကိုရှာပြီးInstall လုပ်ပါ။
၂။Get Started ကိုနှိပ်ပါ။မိမိအကောင့်အမည်ထည့်ပါ။လက်ရှိဖွင့်နေသောအကောင့်ရှိမည့်ဖုန်းနံပါတ်ထည့်ပါ။ဖုန်းကိုမက်ဆေ့ပို့ပြီးVerifyလုပ်ခိုင်းပါ။မက်ဆေ့တွင်ရသောCodeရိုက်သွင်းပါ။
၃။SMS မက်ဆေ့မရပါကမိမိဖွင့်ထားသောgmailကိုထည့်ပါ။gmailနှင့်ဖွင့်ပါကအကောင့်ပိုခိုင်ပါသည်။gmailကိုလည်းverifyလုပ်ရပါမည်။
၎။ပုံ၁၂တွင်ပြထားသည့်ပြီးပြည့်စုံသောအကောင့်တစ်ခုရရှိပါလိမ့်မည်။
..............................................................................
ဒီတော့..Twitterအကောင့်တစ်ခုလက်ထဲရောက်လာပြီဆိုရင်၊အသေးစိတ်ဆောင်ရွက်ရမည့်အချက်တွေရှိလာပါတယ်။ သူ့ရဲ့အသုံးအနှုန်းတွေကလည်းကွဲပြားပါတယ်။အောက်ပါအချက်တွေသတိထားပါ။
၁။ Facebook မှာ Post ကို Tweet လို့သုံးပါတယ်။
၂။ Facebook မှာ Tag လုပ်တာကို ပုံကိုအရင်Upload လုပ်ပြီး Tweet မလုပ်ခင်၊ပုံရဲ့ဘယ်ဖက်အောက်မှာWho is in this Photo?ဆိုတဲ့စာလုံးနဲ့ဖော်ပြပါတယ်။အဲ့ဒီစာကိုနှိပ်မှ Tag လုပ်မည့်အကောင့်တွေကိုရှာနိုင်တဲ့Search Box ကျလာမှာဖြစ်ပါတယ်။(အသေးစိတ်ပုံနဲ့ဖော်ပြထားပါတယ်)
၃။ Facebook မှာ Add Friend လုပ်ပြီးလက်ခံရပေမည့် Twitter မှာကျတော့ မိမိ မိတ်ဆွေအကောင့်ကို Follow ပဲနှိပ်ပေးရပါတယ်။Following ပေါ်နေရင်သူနဲ့မိတ်ဆွေဖြစ်တဲ့သဘောဖြစ်ပါတယ်။
၎။ Facebook မှာ See First လုပ်တာကို လုပ်ချင်ရင်တော့ သက်ဆိုင်ရာကြည့်ချင်တဲ့အကောင့်ကိုဝင်ပြီးညာဖက်ထိပ်ကအစက်သုံးစက်ကိုနှိပ်ပြီးဝင်ရပါတယ်။အဲ့ဒီမှာတွေ့တဲ့Account Notification ကို အမှန်ခြစ်ပေးပြီးသူတင်သမျှကိုယ်သိနေမည့်Tools ကိုသုံးထားပါတယ်။
............................................................
မိတ်ဆွေရှာဖွေခြင်း
*******************
...Twitter မှာမိတ်ဆွေရှာနည်းတွေများပါတယ်။ပထမသိရမှာက.Account Name နဲ့ @on Name ပဲဖြစ်ပါတယ်။ဥပမာ-ကျွန်တော့အကောင့်ဆိုရင်အခုလိုပေါ်ပါတယ် Moe Kyaw @moe13kyaw လို့ပေါ်ပါတယ်။ရှေ့ကMoe Kyaw ကအကောင့်အမည်ဖြစ်ပါတယ် ။နောက်က @moe13kyaw က@on Name ဖြစ်ပါတယ်။@on Name ကိုဘယ်လိုသုံးတာလဲဆိုရင် Post (Tweet)လုပ်တဲ့အခါတိုက်ရိုက်ရောက်ရှိစေရန် ဖန်တီးထားတာဖြစ်ပါတယ်။
...ဒီတော့မိတ်ဆွေရှာမယ်ဆိုရင် သူ့အကောင့်အမည်တစ်ခုထဲနဲ့ရှာရခက်ပါ
လိမ့်မယ်။@on Nameကိုပါသိမှရှာရလွယ်ပါတယ်။Search Box ထဲမှာကျွန်တော့အကောင့်ကိုဒီလိုရှာရပါမယ် Moe Kyaw@moe13kyaw လို့ရိုက်ထည့်ရမှာပါ။အခြားသူတွေကိုလည်းဒီတိုင်းပဲရှာရပါတယ်။အလွယ်နည်းကတော့ကျွန်တော့ကိုရှာမယ်ဆိုရင် @moe13kyaw (တစ်ဆက်တည်းမခြားရ)ရိုက်ရှာရ ပါတယ်။အခြားသူများကိုလည်းဒီအတိုင်းရှာပါ။ဒါမှမတွေ့ရင်တော့အစအဆုံးအထက်ကဖော်ပြသလိုရိုက်ရှာရပါမယ်။ အကောင်းဆုံးကတော့
ကျွန်တော်ပုံတင်ထားသလိုမိမိProfile ပုံကိုပြသပြီးရှာစေခြင်းကအလွယ်ဆုံးဖြစ်ပါတယ်။
...ရှာနည်းကတော့Search Box ကရှာလို့ရသလို မိမိရဲ့Time Line လို့ခေါ်လို့ရတဲ့ ခေါင်းလောင်းပုံNoti Bar လေးကိုနှိပ်ပြီးကျလာတဲ့ပုံတွေကနေ
တွေ့တဲ့အကောင့်တွေကိုနှိပ်ပြီး Followလုပ်လို့ရပါတယ်။
...Facebook နဲ့မတူတာက မိတ်ဆွေဖြစ်တာမရှိပါဘူးအပြန်အလှန်Follow လုပ်တာပဲရှိပါတယ်။ အပြန်အလှန်မက်ဆေ့ပို့လို့ရသလို Tweet လည်းလုပ်လို့ရပါတယ်။ ကိုယ်တင်တာတွေကိုကိုယ့်ကိုFollow လုပ်ထားသူက သာမြင်နိုင်ပြီး မလုပ်ထားသူတွေက မတွေ့နိုင်ပါဘူး။ဒါကြောင့်သူတို့သိစေချင်ရင်သူတို့ဆီတိုက်ရိုက်Tweetလုပ်ပေးရတာဖြစ်ပါတယ်။
..............................................................................
""မိမိTwitterအကောင့်ကိုFollow ထားသူများအားအမြန်စစ်ဆေးနည်း နှင့်ပြန်လည်Followလုပ်နည်း""ကတော့
ပုံ၁၂၊၁၃၊၁၄၊၁၅စုစုပေါင်း(၄)ပုံကိုကြည့်လိုက်ပြီးလိုက်လုပ်ပါ။
***************************************************************
Tweet လုပ်ခြင်း
*****************
Facebook မှာ Post လုပ်သလို Tweet လုပ်ရပါတယ်။စာလုံးချည်းပဲက၁၄၀၊ဗီဒီယိုက 50Mb ၊LiveVideoက၂မိနစ်စာတင်လို့ရပါတယ်။၊ဓါတ်ပုံက၄ပုံ၊ဓါတ်ပုံ၎ပုံတွဲတင်နည်းဖုန်းနဲ့တင်နည်းကိုပုံနဲ့ရှင်းပြထားပါတယ်။
...Facebookထက်အားသာချက်က Post လုပ်တဲ့စာရေးတဲ့နေရာမှာ@on Nameတွေ တိုက်ရိုက်ထည့်ပြီးအကောင့်၁၅ခုနီးပါလောက်ကိုတိုက်ရိုက်ပို့နိုင်တာဖြစ်ပါတယ်။
...ဒီအချက်ဟာအရေးကြီးတဲ့စွမ်းဆောင်ချက်တစ်ခုဖြစ်ပါတယ်။
..သူ့ရဲ့အားနဲချက်ကစာလုံးရေနဲတဲ့အတွက်ပုံနဲ့စာလုံးတွေတွဲပြီးထည့်သွင်းတာကအားသာချက်ရရှိစေမှာဖြစ်ပါတယ်။
.......................................................................................
Twitter Media အသုံးပြုပြီးမီဒီယာတိုက်ခိုက်ရေးနည်းစနစ်
********************************************************
...Twitter Media အသုံးပြုပြီးသတင်းတွေကိုစနစ်တကျဖြန့်ချိတော့မယ်ဆိုရင် ..မိမိရဲ့Community ကြီးမားဖို့လိုပါတယ်။ဒီလိုကြီးမားဖို့အတွက်
အပြန်အလှန်Follow လုပ်ထားတဲ့အကောင့်အုပ်စုကြီးအနဲဆုံးထောင်ဂဏ္ဍန်းရှိရပါလိမ့်မယ်။
..ဒီလိုရှိဖို့အတွက်ကျွန်တော့Post အောက်ကLinkကPostမှာComment ရေးထားတဲ့မိတ်ဆွေများအပြန်အလှန်စတင် Follow လုပ်ကြဖို့လိုအပ်ပါတယ်။
ဒီလိုရှိပြီးပြီဆိုရင်တော့..ထောင်ဂဏ္ဍန်းရှိတဲ့ Community တစ်ခုဟာ မိမိတို့ပေးပို့ မည့်ပစ်မှတ်ရွေးချယ်သတ်မှတ်ရပါတယ်။
ဒီလိုသတ်မှတ်ရာမှာ.အောက်ပါအချက်တွေနဲ့အခြေခံရပါတယ်။
၁။ နိုင်ငံတကာသို့ဖြန်ချိပေးနိုင်သည့်ဒေသအလိုက်အကြီးဆုံးသောမီဒီယာကြီးများ
၂။ နိုင်ငံတကာအကြီးအကဲများနှင့်၎င်းတို့၏လက်အောက်ခံဌာနများ
၃။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ..တို့ပဲဖြစ်ပါတယ်။
...........................................................................
ဒီလိုရှိပြီးပြီဆိုရင်တော့..အခုကျွန်တော့အနေနဲ့အပိုဒ် ၁က ဌာနတွေကို
Post Box ကနေပို့စေချင်ပါတယ်။
ဒီလိုပို့တဲ့ပုံကိုလူတိုင်းက ပြန်Save ပြီးပြန်ပို့ရုံမက Re-tweet ခလုပ်ကိုပါနှိပ်ပေးရင် အကြောင်းအရာတစ်ခုကိုလူထောင်နဲ့ချီတဲ့ပေးပို့မှူပေါင်းထောင်သောင်းမကဟာသက်ဆိုင်ရာပစ်မှတ်တွေကိုရောက်ရှိသွားတော့မှာပဲဖြစ်ပါတယ်။
လုပ်စေချင်သည့်အချက်များ
**************************
၁။Tweet လုပ်တိုင်း #Myanmar စာလုံးထည့်ရိုက်ပေးပါ(Tweet Boxတွင်ဖြစ်ပါတယ်)
၂။Tweet Boxကတိုက်ရိုက်ပို့ရမည့်အကောင့်တွေကိုကျွန်တော်နှစ်ပိုင်းခွဲပေးထားပါတယ်။
နှစ်ခါပို့ပေးကြပါ။ဒီအကောင့်တွေဟာကမ္ဘာ့တိုက်ကြီးအားလုံးကအကြီးဆုံးမီဒီယာတွေဖြစ်ပါတယ်။(ဒီနေရာကကော်ပီလုပ်ပြီးလိပ်စာတွေသိမ်းထားပေးပါ.ဒါမှမဟုတ်Twitter မှာတန်းထည့်လို့ရပါတယ်။)
@SkyNewsAust @abcnews @aawsat_eng @NewsNowUK @dailytelegraph @Independent @WhiteHouse @FairladyMedia
@ChannelNewsAsia @nytimes #Myanmar
........................................................................................................
@yandexcom @RT_com @Reuters @EU_Commission @eu_eeas @cxense @SputnikInt @PutinRF_Eng @POTUS @realDonaldTrump @DonaldJTrumpJr #Myanmar
.........................................................
@staronline @AbeShinzo @UN_Spokesperson @BBCNews @VOANews @UNHumanRights @UNHCRUSA @Pontifex @AJENews @memetsimsek @Malala @finkd @MuckZuckerburg #Myanmar
..............................................................................
၃။ဒီမီဒီယာတွေနဲ့လူတွေကိုတိုက်ရိုက်ပို့ပြီးရင် UNနဲ့သက်ဆိုင်တဲ့အဖွဲ့တွေကိုတော့ မိမိဘာသာမိမိရှာပို့လိုက်ကြရမှာ ဖြစ်ပါတယ်။
၎။မီဒီယာလွှမ်းမိုးမှူကိုတိုက်ဖျက်ဖို့မီဒီယာတွေကိုအရင်ဦးစားပေးပြီးသတင်းစစ်ပွဲဆင်နွှဲကြရမှာဖြစ်ပါတယ်။
ရှောင်ရန်အချက်များ
*******************
၁။မိမိရရှိသောဓါတ်ပုံပေါ်တွင်စာလုံးဝမရေးပါနှင့်၊ကျွန်တော့အကောင့်တွင်တင်ထားသလိုမိမိရေးလိုသောစာကိုပုံအပေါ်တွင်ရေးပြီးဖြန့်ပါ။
၂။ဆန့်ကျင်ဖက်အဖွဲ့များကိုစကားသွားမပြောပါနှင့်၊သူတို့တင်တာကိုသာစောင့်ကြည့်ရန်ဖြစ်ပါသည်။သူတို့အတွက်အချိန်ပေးခြင်းကမိမိရည်မှန်းချက်မအောင်မြင်နိုင်ပါ။
၃။ ပုံအတုသတင်းအတုများကို Re-Tweet မလုပ်မိပါစေနှင့်။
......................................................................
...အားလုံးရေးပြရင်ဆန့်ကျင်ဖက်အဖွဲ့တွေလည်းမြင်နေတာကြောင့်ဒီလောက်ဆိုရင်လုံလောက်ပြီထင်ပါတယ်။ကျွန်တော်ထူထောင်တဲ့ Twitter Community မှာပါဝင်ပြီးမြန်မာနိုင်ငံကြီးရဲ့အချုပ်အခြာအာဏာအတွက်ကျရာနေရာကပါဝင်လိုက်ကြရအောင်လားဗျာ။
No comments:
Post a Comment