" သာသနာပြုခြင်း "
🍃🌸🍂🍂🌸🍃
🌹 ရဟန်းသံဃာတော်များအား ဆွမ်း သင်္ကန်း ကျောင်း ဆေး စတဲ့ ...
ပစ္စည်းလေးပါးနဲ့လှူဒါန်းနေတာတွေ ...
ဘုရားတည် ကျောင်းဆောက် နေတာတွေဟာ ...
သာသနာကိုထောက်ပံ့နေတာပါ ...
ဒါနကုသိုလ်ကောင်းမှုတွေပါ ...
သာသနာပြုနေတာမဟုတ်ပါဘူး ...
🌹 ပြင်ပမှာရှိနေတဲ့ရုပ်ဝတ္တုများဖြစ်ကြတဲ့ ...
ဘုရားကျောင်းကန်စေတီပုထိုးတွေဆိုတာ ...
လူတွေ သဒ္ဓါတရားအားကောင်းဖို့အတွက် ...
မြတ်စွာဘုရားသက်တော်ထင်ရှားရှိသကဲ့သို့ ...
ကြည်ညိုပွားများနေအောင် ...
စေတီပုထိုးတည်ခြင်းသာဖြစ်ပါတယ် ...
🌹 စေတီဆိုတာ ...
သဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ် ...
ဘာသာခြားတွေဖျက်ဆီးလို့ပဲဖြစ်ဖြစ် ...
စစ်မက်တွေဖြစ်လို့ပဲဖြစ်ဖြစ် ...
ပျက်ဆီးခြင်းသို့ဆိုက်ရောက်နိုင်ပါတယ် ...
🌹 တရားပွဲကျင်းပတာ၊တရားအလှူလုပ်တာ ...
တရားစာအုပ်ဖြန့်ဝေတာစတဲ့ ...
ဘုရားရဲ့အဆုံးအမတွေကို ...
လူတွေရဲ့ရင်ထဲ နှလုံးသားထဲကိုရောက်အောင် ...
ပို့ဆောင်ပေးတာကိုမှ ...
သာသနာပြုတယ်လို့ခေါ်ပါတယ် ...
🌹 အသပြာအရင်းအနှီးကအဓိကမဟုတ်ပါဘူး ...
သဒ္ဓါအရင်းအနှီးကသာအဓိကကျပါတယ် ...
🌹 ဘုရားတည် ကျောင်းဆောက်တဲ့အလုပ်ကို...
ဗဟိဒ္ဓသာသနာပြုခြင်းလို့ခေါ်ပြီး ...
ဘုရားအဆုံးအမတွေရင်ထဲရောက်အောင်လုပ်တဲ့အလုပ်ကို တော့ ...
အဇ္ဈတ္တသာသနာပြုခြင်းလို့ခေါ်ပါတယ် ...
နှစ်မျိုးစလုံးကတော့ ...
လုပ်သင့်တဲ့ လုပ်ရမယ့်အလုပ်တွေပါပဲ ...
🌹 စေတီပုထိုးကျောင်းကန်တွေ ...
အနားမှာဘယ်လောက်ပင်ရှိနေပါစေ ...
ရင်ထဲမှာဘုရားအဆုံးအမ မရှိရင်တော့ ...
ဘာသာခြားကိုအလွယ်တကူကူးပြောင်းသွားနိုင်ပြီး ...
စေတီပုထိုးတွေကိုတောင်ဖျက်လိုဖျက်ဆီးလုပ်နိုင်ပါတယ် ...
🌹 လူသားတွေရဲ့ ရင်ထဲနှလုံးသားထဲမှာသာ ...
ဘုရားသာသနာအဆုံးအမတွေတည်ထားခဲ့မယ်ဆိုရင် ...
ပြင်ပအရာတွေဘယ်လိုပဲပြောင်းလဲပျက်စီးသွားပါစေ ...
နှလုံးသားထဲကဘုရားကိုတော့ ...
ဘယ်လိုလူ ဘယ်လိုအရာမျိုးကမှ ...
ဝင်ရောက်ဖျက်ဆီးနိုင်တော့မှာမဟုတ်ပါဘူး ...
ဒါကြောင့် ...
🌹 လူတွေရဲ့နှလုံးသားထဲကို ...
ဘုရားသာသနာဖြစ်တဲ့ဘုရားအဆုံးအမတွေရောက်ရှိအောင် ...
ကိုယ်တတ်အားသရွေ့ပို့ဆောင်ပေးနိုင်ခြင်းမှသာလျှင် ...
သာသနာပြုခြင်းအစစ်အမှန်ဖြစ်ပါတော့တယ် ...
🌹 ကိုယ်တတ်စွမ်းတဲ့နည်းလမ်းတွေနဲ့ ...
သာသနာပြုနိုင်ကြတဲ့ ...
သာသနာပြုပုဂ္ဂိုလ်ကြီးတွေဖြစ်နိုင်ကြပါစေ ...
💥💥💥 မေတ္တာဖြင့်
La War So
No comments:
Post a Comment