🌴🌍🌾 အခိုက် အတန့်  🌴🌍🌾
🍁🍁🍁
လောက မှာ အရာအားလုံး ဟာ
အခိုက်အတန့်တွေ ပါပဲ။
ပျော်ရွှင်ကြည်နူးရတာလည်း အခိုက်အတန့် ၊
ဝမ်းနည်းကြေကွဲရတာလည်း အခိုက်အတန့်  ၊
စွဲလမ်း တက်မက်ဖွယ် အရာတွေဟာလည်း
အခိုက်အတန့်  ၊
ထိပ်လန့်တုန်လှုပ်စရာတွေဟာလည်း အခိုက်အတန့်  ၊
ပိုင်ဆိုင်ရချိန်. ကြည်နူးစွတ်ပျံ့ခြင်းတွေဟာလည်း
အခိုက်အတန့်  ၊
ဆုံးရှုံးရချိ န် ပူဆွေးငိုကြွေးခြင်းတွေဟာလည်း
အခိုက်အတန့်  ၊
🌾
လူတွေဟာ အခိုက်အတန့်  ကို
ထာဝရ မှတ်နေလို့ သာ
ဘယ် အရာကို မှ
မလွှတ်ချင် ဖြစ်နေကြတာ။
အခိုက်အတန့်ကို ထာဝရ မှတ်နေလို့သာ
စွဲလမ်း တပ်မက် နေကြတာ။
အခိုက်အတန့်ကိုထာဝရ မှတ်နေလို့သာ
ခိုက်ရန် ဖြစ်နေကြတာ။
🌷
တကယ်တမ်းတော.့ အရာရာဟာ
အခိုက်အတန့်တွေ ပါပဲ လို့
နားလည် သဘောပေါက်နိုင်မယ် ဆိုရင်
ကြည်နူးရလည်း... ကျေ နပ်တယိ။
ကြေကွဲရလည်း... ကျေ နပ်လိမ့်မယ်။
အရာရာဟာ အခိုက်အတန့် ပါပဲလေ...။
................
.................အရှင်တေဇာနန္ဒ
................စေတနာပန်းခင်းဆရာတော်
🌴 မေတ္တာဖြင့်
🌴 ရွှင်လန်းချမ်းမြေ့ကြပါစေ ။
#MgShweOo
Ngaoh
No comments:
Post a Comment