"နားလည်နိုင်မှ အဖော်"
အဖော်ဆိုတာ
ဘယ်လိုမျိုးကိုခေါ်ပါသလဲ ?
ကိုယ်စိတ်ထဲမှာ
ဘာတွေဖြစ်နေသလဲ ဘာတွေ
ခံစားနေရတယ်ဆိုတာကို
သိတဲ့သူ ကိုယ့်ကို
ကိုယ်ချင်းစာနာနိုင်တဲ့သူ
ကိုယ်ကိုနားလည်တဲ့သူ
နားလည်တယ်ဆိုရာမှာ
ကိုယ့်ရဲ့အကောင်း အဆိုး
အားနည်းချက်တွေကို
အကုန်လုံးကို
နားလည်ပေးနိုင်တဲ့သူကို
အဖော်လို့ခေါ်ပါတယ်
ကိုယ့်မှာချို့ယွင်းချက်တွေ
ရှိနေရင်တောင်မှ
အဲဒါကို ကိုယ်ချင်းစာပြီး
နားလည်ဖို့ကြိုးစားပေးတဲ့သူ
ငါသာသူ့နေရာမှာဆိုရင်
ဘယ့်နှယ်များနေမလဲလို့
ကိုယ်ချင်းစာတတ်တဲ့သူ
ပြီးမှ အဲဒီချို့ယွင်းချက်ကို
မေတ္တာ စေတနာအပြည့်နဲ့
ပြောပြတတ်တဲ့ ကိုယ့်စကားကို
သေသေချာချာနားထောာင်ပြီး
အကောင်းအဆိုး
မျှဝေပေးနိင်တဲ့သူ
ဒါဟာ အဖော်ကောင်းပါ
မိတ်ဆွေမပေါင်းအသင်း
ဖြစ်ဖို့ဆိုရာမှာ
လိုအပ်တဲ့ အင်္ဂါရပ်တွေကတော့
တော်တော်များပါတယ်နော်
ကိုယ့်အနားမှာထိုင်နေရုံနဲ့
အဖော်လို့ ပြောလို့မရနိုင်ပါဘူး
ကိုယ်ပြောတဲ့စကားကို
မှန်မှန်ကန်ကန်နဲ့
ကိုယ်ဆိုလိုတဲ့ အတိုင်း
အဓိပ္ပာယ်အတိုင်း
နားလည်ပေးနိုင်မှသာ
သူနဲ့ကိုယ်နဲ့
အဖော်ကောင်းဖြစ်နိုင်မယ်နော်
နားလည်တယ်ဆိုတဲ့
ကိစ္စဟာလည်း
ရာခိုင်နှုန်းအပြည့်တော့
ဘယ်ရှိနိုင်ပါ့မလဲ
နားလည်ချင်စိတ်ရှိတယ်
နားလည်ဖို့ကြိုးစားတယ်
ဆိုရင်ကိုပဲ
အင်မတန် တော်လှနေပါပြီ
အဲဒီလောက်
နားလည်မှုရှိနေပြီဆိုရင်လည်း
အဲဒီလူနှစ်ယောက်က
အဖော်လုပ်လို့ ရနေပါပြီ
တစ်အိမ်တည်းမှာ
အတူတူနေရသော်လည်း
တစ်ယောက်ကိုတစ်ယောက်
အဓိပ္ပာယ်ကောက်တွေ
လွဲနေတယ်
စကားကိုဆုံးအောင်နား
မထောင်ဘူး ကိုယ်ချင်မစာဘူး
နားမလည်ဘူး
ခန္ဓာကိုယ်ချင်း
ထိပြီးထိုင်နေပေမဲ့လည်း စိတ်ချင်း
တစ်ယောက်ကို တစ်ယောက်
မသိဘူးလို့ ပြောလို့ရတယ်နော်
သူ့လည်း ငါမသိ ၊
ငါ့လည်း သူမသိ တဲ့
လူနှစ်ယောက်က
အဖော်မဖြစ်နိုင်ပါဘူး
တချို့လုပ်ခဲ့တဲ့ ကိစ္စတွေထဲမှာ
ကိုယ့်ဟာကိုယ်ပဲ ပြန်ပြီးတော့
ရှက်ရတဲ့ ကိစ္စမျိုးတွေ ရှိချင်ရှိမယ်
မအောင်မြင်ခဲ့တဲ့
ကိစ္စမျိုးလည်း ရှိချင် ရှိမှာပေါ့
အဲဒီလို ကိုယ့်စိတ်ထဲမှာ
ရှက်တာ ကြောက်တာ
အားငယ်တာ စိုးရိမ်တာ
ဝမ်းနည်းတာတွေကို
ဖွင့်ပြောခဲ့ပေမဲ့
ကိုယ့်အပေါ်ကို
မသိတဲ့သူ နားမလည်နိုင်တဲ့သူ
ကိုယ်ချင်းမစာနိုင်တဲ့သူ
ဖြစ်နေမယ်ဆိုရင်လည်း
အဖော်ကောင်း မဖြစ်နိုင်ပါဘူး
အပေါ်ရံ ဟန်လုပ်ပြီး
ဆက်ဆံနေမှ ဖြစ်တဲ့သူဟာ
ဘယ်လိုမှ မိတ်ဆွေ
အဖော်ကောင်း မဖြစ်နိုင်ပါဘူး
ငါ့ကို သိမှ ငါနဲ့ အဖော်ဖြစ်မယ်
ငါဘယ်လိုခံစားနေရတယ်
ဆိုတာကို သိပါမှ
ငါနဲ့ အဖော်ဖြစ်မယ်နော်...။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment