ကျေနပ်အောင်နေပါ
~~~~~~~~~~~~~
#မကျေနပ်တာတွေ များသွားရင် ကျေနပ်စရာတွေ ရှားသွားလိမ့်မယ်။
#မကျေနပ်တာတွေ ပြည့်သွားရင် ကျေနပ်စရာတွေ မေ့သွားလိမ့်မယ်။
#မကျေနပ်တာတွေ တွေးထားရင် ကျေနပ်စရာတွေ ဝေးသွားလိမ့်မယ်။
#ဘာမှ မကျေမနပ်မဖြစ်နဲ့။
မကျေနပ်တာတွေ သိသွားရင် ကျေနပ်သွားလိမ့်မယ်။
ကျေနပ်ချင်ရင် မကျေနပ်စရာကို မတွေးနဲ့ ကျေနပ်စရာပဲ တွေးပေါ့။
#ကျေနပ်စရာတွေးဖို့ဆိုရင်
၁) လူဖြစ်နေတာကိုက ကျေနပ်စရာ
၂) ခြေလက်အင်္ဂါ အစုံပါနေတာကိုက ကျေနပ်စရာ
၃) သဒ္ဓါတရားရှိနေတာကိုက ကျေနပ်စရာ
၎) သူတော်ကောင်းတရား နားကြားခွင့်ရနေတာ ကျေနပ်စရာ စသဖြင့် အများကြီးပဲ မဟုတ်လား။
#မကျေနပ်တဲ့အခါ ဖြေဆည်ရာကတော့
၁)။ အသတိယာ = မကျေနပ်ချက်အားလုံးကို မေ့နိုင်အောင် ကြိုးစားပါ။
၂)။ အမနသိကာရေန = စိတ်ထဲမှာ မကျေမနပ်ဖြစ်စရာပေါ်လာပါက လက်မခံပါနဲ့။
၃)။ ကမ္မပစ္စဝက္ခဏေန = ဘယ်သူကြောင့်မှမဟုတ် ကံအကြောင်းကြောင့်ဆိုတာ ဆင်ခြင်လိုက်ပါ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
No comments:
Post a Comment