ဖတ်ကြည့်နော်…
တစ်ခါတုန်းက…
သီဟိုဠ်ကျွန်းမှာ မိလက္ခဆိုတဲ့ မုဆိုကြီး
တစ်ယောက် ရှိပါတယ်။
သူဟာ မိသားစုအတွက် မုဆိုးလုပ်ပြီး ကျွေးပါတယ်။
ဒါတင်မကပါဘူး။
တောထဲသွားတဲ့ အခါ တောထဲမှာပဲရတဲ့
သားကောင်တွေကို
ဖုတ်ကင် စားသောက်လေ့ ရှိပါတယ်။
တစ်နေ့မှာတော့…
သားကောင်တွေ ဖုတ်ကင် စားသောက်ပြီး
ရေဆာလို့
အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဝင်ပါတယ်။
ရေအိုးကို ဖွင့်လိုက်တော့ ရေက တစ်စက်မှ
မရှိပါဘူးတဲ့။
ဒီတော့ မုဆိုးကြီးက ဘာပြောလိုက်သလဲ
ဆိုတော့…
ရဟန်းတွေက ခရီးသွားတွေအတွက် ရေလေးတောင်
ထည့်မထားကြဘူး။
ပျင်းလိုက်ကြတာ။
ဒကာ ဒကာမတွေ လှူတာစားပြီးတော့
အိပ်နေကြတာပဲလို့ အသံထွက် ကဲ့ရဲ့လိုက်ပါတယ်။
ဒါကို ကျောင်းထိုင်မထေရ်က ကြားပြီး ရေအိုးကို
ဖွင့်ကြည့်လိုက်တော့…
ရေအိုးထဲမှာ ရေတွေ အပြည့် ရှိနေပါသတဲ့။
မထေရ်က…
အင်း လူစင်စစ်က ပြိတ္တာဖြစ်နေပြီ ဆိုပြီး ရေကို
ကိုယ်တိုင် တိုက်ပေးပါတယ်။
အကုသိုလ်ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။
တစ်ဆင့် ကြားဖူးတာလေးပါ။
တစ်ခါတုန်းက…
အင်းသူကြီးတစ်ယောက် ရန်ကုန်မြို့ကို လာရင်း
ရွှေတိဂုံစေတီကို တက်ဖူးပါသတဲ့။
ဒါပေမဲ့… ရင်ပြင်ပေါ်ရောက်တော့ ရွှေတိဂုံစေတီကို
မမြင်ရပါဘူးတဲ့။
ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့အခါ
ချောင်းထဲက သူ့အင်းတိုင်တွေကို…
ဒီ အင်းတိုင်တွေက ငါတို့မိသားစုကို ထမင်းကျွေးတာပဲ
ဆိုပြီး
အင်းတိုင်တွေကို ရွှေချထားပါသတဲ့။
အကုသိုလ်ကံ သိပ်များလာရင် သဘာဝတရားတွေက
ပုံမှန်အတိုင်း ဖြစ်နေပေမယ့်
သူတို့အတွက်တော့ ပြောင်းပြန် ဖြစ်ချင် ဖြစ်နေတတ်ပါ
တယ်။
အပြင်မှာ ဘယ်လောက်ပဲ အေးနေ အေးနေ သူ့တို့
အတွက် ပူချင် ပူနေတာပါ။
မိတ်ကောင်း ဆွေကောင်းတွေက တရားစကားတွေနဲ့
ဘယ်လောက်ပဲ ဖေးမ ဖေးမ
မတရားစကား လို့ပဲ ထင်နေတော့တာပါ။
ဘယ်သူ့ကိုမှလည်း အကောင်း မမြင်တော့ပါဘူး။
ကိုယ့်မှာ တရားနဲ့ ဖေးမပေးတဲ့ မိတ်ကောင်း ဆွေကောင်း
လည်း သိပ်လိုအပ်ပါတယ်။
မိတ်ကောင်း ဆွေကောင်းဆိုတာ ငွေထက် တန်ဖိုး
ရှိပါတယ်။
အချိန်မှီ သိပြီး အချိန်မှီ ကုစားနိုင်ဖို့ သိပ်အရေးကြီး
ပါတယ်။
အကုသိုလ်နွံ နစ်သွားရင် ကယ်ဖို့ ခက်သွားပါပြီ။
ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပါ။
ကျောင်းထိုင်မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး
ဒကာ…
သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး။
သင်ဟာ လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ။
ကိုယ့်ဟာကိုယ် စဉ်းစားပေတော့ လို့ မိန့်ပါတယ်။
မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ
ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်စီးပစ်လိုက်
ပါတယ်။
အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မိထား လှောင်ထားတဲ့
သားကောင်တွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။
ခွင့်ပြုချက်ရတာနဲ့ တရားဟောလိုက်တဲ့ မထေရ်ဆီ
ပြန်လာပြီး ရဟန်းဝတ်လိုက်ပါတယ်။
ရဟန်းဝတ်ပြီးတော့ ဝိပဿနာတရားကို ကြိုးကြိုးစားစား
အားထုတ်ပါတယ်။
ဒါပေမဲ့…တရားထိုင်တဲ့အခါ မုဆိုးဘဝက သတ်ခဲ့
ဖြတ်ခဲ့တာတွေ အကုန်ပြန်ပေါ်နေလို့
တရားကို ဘယ်လိုမှ အားထုတ်လို့ မရဘူး ဖြစ်နေပါ
တယ်။
နောက်ဆုံး စိတ်ဓာတ်ကျပြီးတော့ လူထွက်တာပဲ
ကောင်းပါတယ်ဆိုပြီး
မထေရ်ထံမှာ လူပြန်ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။
ဒီတော့ မထေရ်က မုဆိုးဦးဇင်းကြီးကို ငရဲအကြောင်း
ဟောပြပါတယ်။
ပြီးတော့…သင် လူထွက်ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်လို့
ဟောလိုက်ပါတယ်။
မုဆိုးဦးဇင်းကြီးကလည်း အဲဒီငရဲကို ကြည့်လို့ မရဘူး
လားလို့ လျှောက်ထားပါတယ်။
ကျောင်းထိုင်မထေရ်က…ငရဲတော့ ကြည့်လို့ မရဘူး။
တခြား တစ်နည်းနဲ့ ပြတာပေါ့ ဆိုပြီး
ကိုရင်တွေကို သစ်သားထင်း အစိုတွေ အများကြီး
ရှာခိုင်းလိုက်ပြီး
ကျောက်ဖျာပေါ်မှာ ပုံခိုင်းလိုက်ပါတယ်။
တန်ခိုးနဲ့ ငရဲကနေ မီးပွားလေးတစ်ခု ယူပြီး ထင်းအစိုပုံ
ကြီးပေါ် ပစ်ချလိုက်တာ
တစ်ခါတည်း ထင်းအစိုပုံကြီးဟာ ပြာ ဖြစ်သွားပါသတဲ့။
ဒါကို မြင်လိုက်ရတော့ မုဆိုးဦးဇင်းကြီး ငရဲကို
ပိုကြောက်သွားပါတယ်။
လူမထွက်တော့ဘူး ဆိုပြီး တရားကို ကြိုးကြိုးစားစားနဲ့
ပြန်အားထုတ်ပါတော့တယ်။
ညပိုင်းမှာ သိပ်ပြီး အိပ်ငိုက်လာရင် ကောက်ရိုး ကရွတ်ခွေ
ကြီး လုပ်ပြီး
အဲဒီ ကောက်ရိုးကရွတ်ခွေကြီးကို ရေစိမ်
ရေတွေ တစ်စက်စက် ကျနေတဲ့ ကရွတ်ခွေကြီးကို
ခေါင်းပေါ် တင်ထားလိုက်ပါတယ်။
ဒီတော့ အိပ်ချင်စိတ်တွေ ပျောက်သွားပါသတဲ့။
ဆက်လက်ပြီးတော့ အားထုတ်လိုက်တာ ရဟန္တာဖြစ်သွား
ပါတော့တယ်။
ဒီ သာဓကလေးကို ထောက်ပြီးတော့
သူတော်ကောင်းတို့လည်း အကုသိုလ်စိတ်တွေ ဝင်လာရင်
ငရဲကို ဆင်ခြင်ပြီး ဖျောက်ပစ်လိုက်ပါနော်…
ဆရာတော်အရှင်ရာဇိန္ဒ( ရဝေနွယ်-အင်းမ )
No comments:
Post a Comment