🍃🌼 လှုပုံလှုနည်းလေး အသိပေးမယ် 🌼🍃
.
ဘုရားရှင်ကိုယ်တော်မြတ်ကြီးလဲ
အတုမရှိ ရွှေဥာဏ်တော်ရမှပြောတာ။
.
ဒါန ဥပပါရမီ
ဒါန ပရမထ္ထပါရမီဆိုတာ
ရုပ်ပရမတ် ... နာမ်ပရမတ်တင်လှုတာ။
.
မြင်တဲ့ဥစ္စာ
ရုပ်သဘောတရားဘဲ မဟုတ်လား။
နာမ်လေးက စေ့ဆော်ပြီး
ညွှတ်ပေးလိုက်တာ
နာမ်သဘောတရားဘဲ မဟုတ်လား။
.
အလှူခံပုဂ္ဂိုလ်ကလည်း ... နာမ် - ရုပ်။
အလှူပေးပုဂ္ဂိုလ်ကလည်း ... နာမ် - ရုပ်။
လှူဖွယ်ဝထ္ထုကလဲ
ရုပ်တရားသက်သက်။
.
လှုချင်တဲ့စိတ်ကလေးကလဲ
မြဲလို့လား။
စေတနာက ...
ညွှတ်လိုက် ... မညွှတ်လိုက်နဲ့
ပြောင်းလဲနေတယ်။
လှူချင်လိုက် ... မလှူချင်လိုက်နဲ့
ပြောင်းလွဲခြင်းသဘာဝတရားပါလား။
.
ငါ၏လက်ထဲမှနေပြီး
အလှုခံပုဂ္ဂိုလ်လက်ထဲရောက်သွားတာပါလား
ငါ၏လှူဖွယ်ဝထ္ထုရုပ်တရားကြီးကလည်း
ပြောင်းလဲခြင်းသဘောတရားပါလား။
အစဉ်ဝိပရိနာမသဘောတရားပါလား။
.
ငါ့ပစ္စည်းဘဲ
ငါလှူတယ်ဆိုတာမရှိပါလား။
.
အဲ့ဒါနိဗ္ဗာန်သွားတဲ့ ဒါန။
အတိတ်ကဥစ္စာတွေ
အကုန်အကျိုးပေးလိမ့်မယ်။
.
အဲ့ဒါ
ဒိဌိနဲ့တဏှာအစွန်းနှစ်ပါးလွတ်အောင်လှုတာ။
အကျိုးအကြီးဆုံးပဲ။
ကံတွေချုပ်ပြီးဥာဏ်တွေဖြစ်ကုန်တယ်။
.
အဲ့ဒီတော့
နောင်လှုလဲလှုတတ်အောင် ...
ဒါနပရမထ္ထပါရမီဖြစ်အောင် ...
နိဗ္ဗာန်နပစ္စယောဟောတုမဖြစ်ရအောင် ...
လှူတဲ့နည်းကို ဦးပဉ္ဇင်းသင်ပေးတာ။
.
ဦးပဉ္ဇင်းတို့ ... နိဗ္ဗာန်နပစ္စယောဟောတုတွေ
များခဲ့တာကိုး ဒကာကြီးရဲ့။
သံသရာလဆန်း၁ရက်ထဲလှူလာခဲ့တဲ့
အလှူတွေမှန်သမျှက
နိဗ္ဗာန်နပစ္စယောဟောတုဆိုတာကလှူနေတာ
နိဗ္ဗာန်ကိုအာရုံပြုနေတဲ့အလှူ
ကိုယ်လဲမရောက်သေးဘဲအာရုံပြုရင်
အနာဂတ်မဟုတ်လား။
.
နိဗ္ဗာန်လဲမြင်လို့လား။
နိဗ္ဗာန် ... နိဗ္ဗာန်နဲ့
ပညတ်ကြီးကိုသာအာရုံပြုနေတယ်။
.
နိဗ္ဗာန်ဆိုတာကိလေသာချုပ်ငြိမ်းတာ။
ကိလေသာချုပ်ငြိမ်းအောင်တော့ မလုပ်ဘူး။
ကိလေသာချုပ်ငြိမ်းအောင်တော့ မလှူဘူး။
.
အခုတော့
နိဗ္ဗာန်နပစ္စယောဟောတုဆိုပြီး
အာရုံပြုလိုက်တဲ့ဥစ္စာ
မရှိပညတ်ကြီး အာရုံပြုတာ။
.
ဒါကြောင်.
ဒါနပါရမီကနေ
ဒါနဥပပါရမီ
ဒါနပရမထ္ထပါရမီဖြစ်အောင်
စိတ်ကလေးတွေကို ပြင်ပေးတာ။
အသိလေး ပြင်ပေးတာ။
.
ကျေးဇူးတော်ရှင်
မူလသဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥက္ကဋ္ဌ
Wednesday, November 14, 2018
လှုပုံလှုနည်းလေး အသိပေးမယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment