တရားပိုင်ရှင် အစစ် ဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ။
သိ,ပွား,ပယ်, ဆိုက် လေးပါးကိုက်
*******************************
အမြိုက်နိဗ္ဗာန်ဝင်
***************
..... နိဗ္ဗာန်သည် တည်ရာမရှိ၊ ဘယ်မှာရှိတယ်လို့ မညွန်ပြနိုင်၊ ပတ်ဝန်းကျင်မှ မ ဟာသမုဒ္ဒရာသို့ မသက်ဆင်းနိုင်တဲ့ ဆိပ်ကမ်းလို့ မရှိနိုင်ဘိသကဲ့သို့ သိ,ပွား,ပ ယ်,ဆိုက်,လေးပါးကိုက်၊ အမြိုက်နိဗ္ဗန်ဝင် ဆိုတဲ့ ခန္တီးဆရာတော် ဘုရားကြီး၏ ဆောင်ပုဒ်လင်္ကာအရ---
၁။ သိ...
ဒုက္ခသစ္စာကို သက်ဆိုင်ရ မဂ်အလိုက် ပိုင်ပိုင်နိုင်နိုင် သိခြင်း။
၂။ ပွား...
မဂ်အစဉ်အလိုက် မဂ္ဂသစ္စာကိုပွားခြင်း။ (မဂ်စဉ်ကိုကျော်တက်၍မရ၊ ဒိဋ္ဌိမပြုတ် ဘဲနှင့် တဏှာကိုပယ်လို့မဖြစ်၊ အရှင်းဆုံးပြောရလျှင် သောတာပန်မဖြစ်ဘဲနှင့် အနာဂါမ်မဖြစ်နိုင်။)
၃။ ပယ်...
မဂ်အစဉ်အလိုက် သက်ဆိုင်ရာ သမုဒယ သစ္စာကို ပယ်ခြင်း။ (သောတာပန် ၊ သ ကဒါဂါမ် ဖြစ်လို့ ဒိဋ္ဌိကိုပယ်၊ အနာဂါမ်ဖြစ်ဖို့ ကာမတဏှာ တွေကို ပယ်၊ ရဟန္တာဖြစ်ဖို့ ရူပတဏှာ,အရူပတဏှာ တွေကို အားလုံးပယ်ရမည်။)
၎။ ဆိုက်...
မဂ်အစဉ်အလိုက် ငြိမ်းအေးခြင်းဆိုတဲ့ နိ ရောဓသစ္စာ ကို မြက်မှောက်ပြုခြင်း(သောတာပန် နှင့်ဆိုင်ရာ နိရောဓသစ္စာကို ရှေးဦးပထမ မဆိုက်ရောက်နိုင်ဘဲ ( ဝါ) ပထမအဆင့် နိဗ္ဗန်ကို မရဘံနှင့် အနာဂါမ်တို့ ရအပ် ရောက်အပ်တဲ့ တတိယအဆင့် နိဗ္ဗာန်သို့ ဘယ်တော့မျှမတ က်လှမ်းနိုင် မရောက်နိုင်။)
..... ဤအချက်လေးခုနှင့် ကိုက်ညီအောင် ကျင့်ကြံအားထုပ်ပါလျှင် ဘယ်နေရာကမဆို နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတ ယ်လို့ ဆိုလိုပါတယ်။
ဒုက္ခနှင့်နိဗ္ဗာန်မှ
***************
No comments:
Post a Comment