#ကုသိုလ်ကံ_ရှိပါစေ
___________________
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ~
အနန္တတန်ခိုးရှင် ဖြစ်ပေမယ့်လို့
လူတစ်ယောက် ဒုက္ခရောက်နေလို့ရှိရင်
အကုသိုလ်ကံက ကြီးမားလွှမ်းမိုးလာတဲ့ ပုဂ္ဂိုလ်ကို
မြတ်စွာဘုရား ကယ်လို့မရဘူး
( ကုသိုလ် မပါရင် ) မြတ်စွာဘုရား မ,မစနိုင်ဘူး။
လောကမှာ ~
တစ်ချို့ပုဂ္ဂိုလ်တွေက
မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်
ဘုရားသခင်က မ,တယ် နဲ့ ပြောကြတယ်
တကယ်တော့ ဘုရားသခင်က မ,တာ မဟုတ်ဘူး
#ကံ က မတာနော် ။
ကိုယ်လုပ်ခဲ့တဲ့ ကံက မ,တာ
တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ် ဆိုရင်
ဒါဟာ မှားယွင်းတဲ့ အမြင်ပဲ
ကိုယ့်ကို တကယ်မ,တာ ဘုရားမဟုတ်ဘူး
ကံတရားပဲ ဖြစ်တယ် ။
ကြည့်လေ ~
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က
တရားဓမ္မ ဟောလို့
တရားထူး တရားမြတ် ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို -
"ဧဟိ ~ ဘိက္ခူ "
"ချစ်သား ရဟန်း - လာခဲ့ " လို့
သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါ
လူ့အသွင် ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်လာတယ်
ဆိုတာ ~
ပရိက္ခရာရှစ်ပါး လှူ ပြီးတော့ ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ
လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး
အကယ်၍သာ ရရင်
မြတ်စွာဘုရားက ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့်
လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့
#ကံ မပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။
--------------------
ပုံဝတ္ထုလေး တစ်ခုရှိတယ်
သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို မ,ချင်တယ်
မ,ချင်တော့ ဘယ်လို လုပ်တုန်းဆို ?
အဲဒီလူက အဲဒီလမ်းကနေ အမြဲတမ်းသွားတယ်
သွားတိုင်း သွားတိုင်း သူက အပေါ်မော့ပြီး သွားလေ့ရှိတယ်
ဒါကြောင့်မို့ သူမြင်အောင်လို့ ဆိုပြီး
အဲဒီပစ္စည်းလေးကို အပေါ်မှာ သူမြင်အောင် ချိတ်ထားတယ်
အဲဒီနေ့ကျ ဘာလုပ်သွားလဲ
ငုံ့သွားတယ်
အော် ဒီကောင် ငုံ့သွားတာပဲ ဆိုပြီး
နောက်ရက်ကျ အောက်ချထားပေးတယ်
အဲဒီကျတော့ မော့သွားပြန်ရော ။
ကံ မရှိတဲ့လူကျတော့
ကြံဖန်ပြီးတော့ကို လွှဲမှာပဲ ဟုတ်လား
ကူညီချင်လို့ မရဘူး
ကံက မပေးရင် ဘာမှ မရဘူး
ဒါကြောင့် ~
ကံကောင်းအောင်သာ လုပ်ပေးလို့ရတယ်။
အဲဒီတော့ ဘာလုပ်ရမတုန်းဆို ~
#ကုသိုလ်ပဲ လုပ်ရတယ် ။
ပါချုပ်ဆရာတော်
ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ
No comments:
Post a Comment