Monday, November 12, 2018

သူ့လမ်းကြောင်းနဲ့သူ မြတ်စွာဘုရားက ဟောထားတယ်

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

🌷 တစ်ချို့တခြားဘာသာတွေကို ကြည့်လေ, ဘုရားသခင်ရဲ့အလိုတော်ကျ နေထိုင်ပြီး, ဘုရားစကားနားထောင်ရင်,
ဘုရားနဲ့အတူ ကောင်းကင်ဘုံ ရောက်တယ်၊ , ဒါကိုဘယ်သူကအာမခံလဲ။ ဘုရားသခင်ရှိတယ်ဆိုတာလည်း,
ဘယ်သူက အာမခံလဲ၊ ဘယ်သူမှ အာမမခံနိုင်ဘူး။ လမ်းစဉ်လည်းမရှိဘူး။

🌷 ဗုဒ္ဓဘာသာမှာ အဲဒီလိုမဟုတ်
ဘူး , အပြည့်အစုံရှိတယ်။ လမ်းစဉ်ရှိတယ်။ ဒီလိုကျင့်ရတယ်။ ဒီလိုလုပ်ရတယ်။ မြတ်စွာဘုရားက ငါ့အားကိုးလို့ တစ်ခါမှ မဟောဘူး၊ ဓမ္မကို အားကိုးလို့သာ ဟော
တာ။ ဓမ္မကိုကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်။ ဒါကလက်တွေ့လည်း ကျတာပေါ့။ မိဘတွေက ကိုယ့်သား သမီးကိုတောင် , ကိုယ် “မ” နိုင်တာမှ မဟုတ်တာ၊
မိဘက မ 'မ'နိုင်တာ ဘာမှမဆိုင်တဲ့ ဘုရားသခင်က 'မ' မလား။ ဘယ်“မ”နိုင်မှာတုန်း ဘယ်နေမှန်းတောင် မသိဘူး။

🌷 နတ်ကိုးကွယ်တဲ့လူတွေ နတ်တွေဘာတွေ မြင်ဘူးလား၊ မမြင်ဘူးဘူး၊ ဘယ်သူပြောတာ ယုံရသလဲ။ နတ်ကတော်ပြောတာ, ယုံရမယ်၊ နတ်ကတော်ကရှိတယ်ပြောရင်, အဟုတ်မှတ်နေတာ၊ နတ်ကတော်စကား ယုံ
ရသလိုဘဲ၊ တခြားဘာသာတွေမှာ တမန်တော်တွေက ပြောတာဘဲရှိတယ်။ ဘယ်သူမှ မမြင်ဘူးဘူး။

🌷 မြတ်စွာဘုရားတရားတော်က အဲသလိုမဟုတ်ဘူး , လက်တွေ့ကျတယ်။ စဉ်းစားကြည့်ရတယ်။ မစဉ်း
စားဘဲမနေရဘူး၊ လူဆိုတာ မှန်ကန်တဲ့ အသိဉာဏ်ရဖို့အတွက် မှန်မှန်ကန်ကန်, စဉ်းစားတတ်ဖို့လိုတယ်။
သမ္မာသင်္ကပ္ပ တဲ့ , အမှန်ကို တွေးတတ်ရမယ်။ အမှန်တွေးမှ , သမ္မာဒိဋ္ဌိ အမှန်မြင်တယ်ဆိုတာ ရှိတာ။ အမှန်မြင်မှ,  လမ်းကြောင်းမှန်မှာ ဖြစ်တယ်နော်၊ ဒါကြောင့်မို့လို့ , အင်မတန်မှ ကျေနပ်စရာကောင်းတယ်။

🌷 သို့သော်ကိုယ်လုပ်ရမယ့် ကိစ္စကို လုပ်ကြည့်ဖို့,အရေးကြီးတယ်။ ဒါနလုပ်ခြင်းဖြင့် လောဘကိုဖယ်ရှားပြီးသားဖြစ်တယ်။ မစ္ဆရိယကို ဖယ်ရှားပြီးသားဖြစ်တယ်။ သီလလုပ်ခြင်းအားဖြင့်, ကိုယ်ကျင့်သီလ
ပျက်ပြားတဲ့ , အကျင့်ဆိုးတွေကို ဖယ်ရှားပြီးသားဖြစ်တယ် သမာဓိဖြစ်ခြင်းအားဖြင့်, ကုသိုလ်တရားတွေကို
ပိတ်ဆို့တတ်တဲ့ , နီဝရဏတရားတွေကို ဖယ်ရှားပြီးသားဖြစ်တယ်။ ပညာကို လေ့ကျင့်ခြင်းအားဖြင့်, မှားမှားယွင်းယွင်း သိနေတဲ့ မောဟတွေကို, ဖယ်ရှားပြီးသား
ဖြစ်တယ်။ သူ့လမ်းကြောင်းနဲ့သူ မြတ်စွာဘုရားက ဟောထားတာ။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

{ ပါ​မောက္ခချုပ်​ဆရာ​တော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ }

No comments:

Post a Comment