#PROFESSIONALစစ်စစ်ဆိုတာ
***********************
FB ပေါ်မှာ
Professional နဲ့ ပါတ်သက်ပြီး
အဆိပ် အတောက် ဖြစ်စေနိုင်တဲ့
Post လေးတစ်ခုတွေ့လိုက်တယ်။
ကျနော်နားလည်သလောက်တော့
အဲဒီ Post မှာ -
တစ်ခုက ...
ကားဒရိုင်ဘာတစ်ယောက်ကို
သူ့ အလုပ်ရှင်က
ဟိုလိုမောင်း ဒီလိုမောင်းဆိုပြီး
ပါဝါပြတယ်ထင်လို့ ဒရိုင်ဘာက
ကိုယ့်ဘာသာ မောင်းသွားတော့၊
ခုအလုပ်ထွက်တယ်ဆိုပြီး
လမ်းခုလတ်မှာဆင်းသွားတယ်တဲ့။
နောက်တစ်ခုက ...
ဆရာဝန်တစ်ယောက်ကို
လူနာရှင်တွေက
ကဂျီကဂျောင်ကျလို့၊
မချေမငံဆက်ဆံလို့
ကုလက်စကလေးငယ်အတွက်
ကုသမှု ရပ်ဆိုင်းပြီး
လူနာရှင်က ရှိခိုးတောင်းပန်မှ
(ကန်တော့ပွဲ နဲ့ ဆိုလား)
ဆက်ကုမယ်ဆိုပြီး တကယ်ကို ...
ရှိခိုးတောင်းပန်မှဆက်ကုပေးတယ်တဲ့။
ပြီးတော့ အဲဒီ Post မှာ
Professionals တွေဆိုတာ
သူတို့ရဲ့ သက်မွေးပညာကို
တန်ဖိုးထားပြီး နဲနဲမှထိပါးမခံနိုင်ဘူး၊
စော်ကားမခံနိုင်ဘူး၊
ဒီလို လာလုပ်လို့ကတော့
ဒီလို ဖြစ်သွားမယ်ဆိုလား။
မှန်တယ် မှားတယ် မဝေဖန်ခင်
Profession နဲ့
Professional ဆိုတာရယ်ကိုတော့
ကွဲကွဲ ပြားပြား နားလည်စေချင်တယ်။
#Profession_နဲ့_Professional
Profession က
ကာယ၊ ဉာဏအခြေပြု
တတ်သိပညာ၊ သက်မွေးပညာ။
ဥပမာ -
Teaching Profession,
Driving Profession,
Medical Profession,
Football Profession,
Art & Craft Profession
စသည်ဖြင့် ...
Professional ဆိုသူတွေက
သက်ဆိုင်ရာ Professionတစ်ခုခုမှာ
ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အများနဲ့မတူ
ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်သူ။
အသိပညာ၊ အတတ်ပညာ၊
သက်မွေးပညာ တစ်ခုခု နဲ့
ဝမ်းကျောင်းနေသူ အားလုံးကို
Professional လို့ခေါ်တာမဟုတ်ဘူး
ဆိုတာ အရင်သိစေချင်တယ်။
ဥပမာ -
Driving Professionနဲ့
အသက်မွေးသူတိုင်း
Driver ဖြစ်ပေမယ့် အကုန်လုံး
Professional Driver မဟုတ်ဘူး။
Teaching Profession နဲ့
အသက်မွေးသူတိုင်း
Teacher လို့ ခေါ်ပေမယ့် အားလုံး
Professional Teacher မဟုတ်ဘူး။
GP နဲ့ အသက်မွေးသူတိုင်း
Doctor ဖြစ်ပေမယ့် အားလုံး
Professional Medic မဟုတ်ဘူး။
____________________________
#Professional_ဆိုတာ ...
____________________________
သက်ဆိုင်ရာ နယ်ပယ် တစ်ခုမှာ
အများသူငါ လုပ်ဆောင်နိုင်တဲ့
စွမ်းဆောင်ရည်ထက် ထူးထူးခြားခြား
သာလွန်စွမ်းဆောင် လုပ်ကိုင်နိုင်သူ၊
သက်ဆိုင်ရာ နယ်ပယ်တစ်ခုမှာ
အများသူငါ မလုပ်နိုင်တာ (သို့)
ခဲယဉ်းစွာ လုပ်နေရတာကို
အလွယ်တကူလုပ်ဆောင်နိုင်တဲ့
အရည်အချင်းနဲ့ ပြည့်ဝနေသူကိုသာ
ရည်ညွှန်းခြင်း ဖြစ်တယ်။
#Professionalတစ်ယောက်ဖြစ်ဖို့။
ဟားဗဒ်က ပညာရေးဆိုင်ရာ
စာတမ်းတစ်ခု ရဲ့ အဆိုအရ
သက်မွေးပညာ တစ်ခုခုမှာ
Professional တစ်ယောက် ဖြစ်ဖို့-
၁။ အဲဒီ ပညာရပ်ပေါ်မှာ
အများနဲ့မတူ တစ်မူထူးခြားစွာ
အဆုံးစွန် ကျွမ်းကျင်ပိုင်နိုင်မှု ရှိရမယ်။
(Extraordinary Skill)
၂။ အဲဒီ ပညာရပ်နဲ့
သက်ဆိုင်တဲ့ ကျင့်ဝတ်
စောင့်ထိန်းနိုင်မှုမှာ စံပြဖြစ်နေရမယ်။
(Ideal Ethical Conduct)
၃။ အဲဒီ ပညာရပ်ကို
အသုံးချ အသက်မွေးတဲ့အခါ
ပါတ်သက်လာရမယ့်
လူ့အသိုင်းအဝိုင်းပေါ်မှာ၊
လုပ်ဖေါ်ကိုင်ဘက်တွေပေါ်မှာ၊
ကောင်းမွန်တဲ့၊
အပြုသဘော ဆောင်တဲ့၊
အပြန်အလှန် လေးစားမှုရှိတဲ့၊
ဆက်ဆံရေးတည်ဆောက်နိုင်ရမယ်။
(Etiquette & Mutual Respect)
အဲဒီ သုံးချက် မှာ
တစ်ချက် ချို့ယွင်းခဲ့ရင်ကို
Professional လို့
မခေါ်ထိုက်ပါဘူးတဲ့။
Pro အစစ်တွေဟာ
ထူးခြားတဲ့ကျွမ်းကျင်မှု အပြင်
ကျင့်ဝတ်စောင့်ထိန်းမှု နဲ့
လူမှုဆက်ဆံရေး
အလွန်ညက်ကြတယ်တဲ့။
(ဒို့နိုင်ငံက Pro ဆိုသူတွေနဲ့တော့ကွာပ)
#Professionalဆန်ခြင်းမဆန်ခြင်း။
ကိုယ့်သက်မွေးပညာကို
တန်ဖိုးထားတာ
ခြွင်းချက်မရှိ လက်ခံတယ်။
ကိုယ့် သက်မွေးပညာကို
ထိခိုက်စော်ကားခံရလို့ဆိုတဲ့
အကြောင်းပြချက် တစ်ခုနဲ့
တစ်ဘက်သားအပေါ်
ကျင့်ဝတ်ချိုးဖေါက်တာ၊
မောက်မာတာ၊
ရိုင်းရိုင်းပျပျတုံ့ပြန်တာတွေဟာ
Professionalမဆန်ခြင်းရဲ့
ပြယုဂ်တွေ။
ပထမ ဖြစ်စဉ်မှာ
Professional Driver
တစ်ယောက်သာဆိုရင်
ခရီးစဉ် ဆုံးသည်ထိ ပို့ပြီးမှ
Resign လုပ်မှာသေချာတယ်။
သူ့ရဲ့ Work Ethicကိုဒီလောက်နဲ့
ထိခိုက်ခံရလောက်အောင်
Pro တွေ ဉာဏ်ရည်မနိမ့်ဘူး။
ပါးကိုက်လို့ နားကိုက်မယ်ဆိုတဲ့
အတွေး Professional
စစ်စစ်တွေမှာ လုံးဝမရှိဘူး။
ဒုတိယ ဖြစ်စဉ်မှာ
Professional Medic
တစ်ယောက်သာဆိုရင်
သူ့ကုသမှု ပြီးမြောက်အောင်
သူ အရင်လုပ်မယ်။
တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။
အကြောင်းမဲ့မခံမရပ်နိုင်ဖြစ်သည်ထိ
စော်ကားခံရတယ်လို့ ယူဆခဲ့ရင်
သူ့ရှေ့နေက တစ်ဆင့်
ဥပဒေကြောင်းက ဖြစ်ဖြစ်၊
အနု ညာတ ခုံရုံးက ဖြစ်ဖြစ်၊
သူဖြေရှင်းချက်တောင်းရင်
တောင်းမယ်။ ဒါမှ မဟုတ် သူ
လျစ်လျူ ရှု့ကောင်းရှု့လိမ့်မယ်။
#Professionalစစ်စစ်တွေက။
Professional စစ်စစ်တွေဟာ
IQ ရော EQ ပါ
ပထမတန်းစားတွေမို့
အကျအန ကောက်တာတို့၊
မလိုအပ်ပဲ ဒေါသထွက်တာတို့၊
စေ့ဆော်မှုကိုပရမ်းပတာ
တုန့်ပြန်တာတို့၊
သူတစ်ပါးရဲ့စိတ်ခံစားမှုကို
လျစ်လျူ ရှု့ပြီး ပြု မူတာတို့၊ အတ္တ
မာနကို စွဲကိုင်ဆက်ဆံတာတို့၊
ဘယ်တော့မှ မလုပ်ကြပါ။
ဒီလိုပြောလို့
Pro ဆိုတိုင်း စော်ကားသမျှ
ငုံ့ခံတာတော့ မဟုတ်။
တုန့်ပြန်နိုင်တယ်။ ဒါပေမယ့်
ဂမူးရှူးထိုး မတုန့်ပြန်ကြဘူး။
စနစ်တကျ အေးအေးဆေးဆေး
တုန့်ပြန် နိုင်ကြတယ်။
Self Control အရမ်းကောင်းတယ်။
သိပ်အရေးမပါ ဘူးထင်ရင်
Neglect လုပ်နိုင်ကြတယ်။
ဒို့နိုင်ငံမှာ
Professionalစစ်စစ်တွေ
ရှားပါးနေတဲ့ အထဲ
တစ်ချို့ Post တွေက
လူငယ်တွေကို လမ်းလွဲအောင်၊
Professional မျိုးသုန်းအောင်၊
တမင်များနှပ်ကြောင်းပေးနေသလား
အောက်မေ့ ရတယ်။
Pro မဖြစ်သေးတောင်မှ
Pro ဆန်ဆန် ပြု မူနေထိုင်ဖို့
ကြို ပြီး ပြင်ဆင်ထားကြရင်
ပိုကောင်းမယ်လို့
အကြံပြု လိုက်ပါကြောင်း။
#COCONUTCRAB
SoeMoe Fb Post ကို
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment