Tuesday, November 6, 2018

နာကြဉ်ကင်းဝေး ကြည်နူးပျော်ရွှင်စေ

•• မနီးချင်လို့ ပြေးနေသူကို
    မရှာပါနဲ့ ~~~

•• မကြည့်ချင်လို့  ငေးနေသူကို
    မခေါ်ပါနဲ့  ~~~

•• မတွေ့ချင်လို့ ရှောင်နေသူကို
    မမျှော်ပါနဲ့ ~~~

•• မချစ်ခင်လို့  ပုန်းနေသူကို
    မမြတ်နိုးပါနဲ့ ~~~

•• မကျွေးချင်လို့ တွန့်နေသူကို
    ဖွင့်မပြောလိုက်ပါနဲ့ ~~~

•• သူစိမ်းချင်လို့ ယိမ်းနေသူကို
    မချစ်ချင်ပါနဲ့ ~~~

•• ကိုယ်က အလိုက်သိပဲ
    ရှောင်ခွာပေးလိုက်တာဟာ …?

•• သူလည်း ကြည်နူးပျော်ရွှင်
    သွားစေခဲ့ရ ပြန်သလို
    ကိုယ်လည်း နာကျင်စရာတွေနဲ့
    ကင်းဝေးသွားစေခဲ့တာပေါ့။

cd-ဇိနပုတ္တ

No comments:

Post a Comment