🚩❝ မဟာဂန္ဓာရုံဆရာတော်၏ သြဝါဒကထာ❞
❝ သေဖို့ မကြောက်ရအောင် ပြင်နေတယ် ❞
💀💀💀
"အကုသိုလ်နည်းပါးအောင် •••
ကြိုးစားနေတယ်။ သေဖို့ပြင်နေတယ်"
"ဘုန်းကြီးက ဘယ်လိုပြင်နေလဲဆိုတော့
သမ္မပ္ပဓာန် လုံ့လဝီရိယ အတိုင်းပေါ့။
💀💀💀
အကုသိုလ် ဖြစ်မယ့်ကိစ္စ -
ကြုံလာတဲ့အခါ ကြာကြာမဖြစ်စေဘဲ
သတိထားပြီး ချက်ချင်း ရပ်ပစ်လိုက်တယ်၊
ကုသိုလ်ဆိုင်ရာကိစ္စတွေမှာတော့ မှန်မှန်
တိုးပွားဖို့ အချိန်ရှိသမျှ ကြိုးစားနေပါတယ်"။
💀💀💀
ဒီလို သတိ ဝီရိယဖြင့် မှန်မှန်
ကြိုးစားနေရတာက သေရေးအတွက်
မကြောက်ရအောင်လို့ပါပဲ" "ဘုန်ကြီးက
ကိုယ်ကိုယ်ကို မေးကြည့်တယ် "သေရမှာ
ကြောက်သလား" လို့ ဒီတော့ -
✧ သောဟံ ကိဿ နု ဘာယိဿံ,
ယဿ မေ နတ္ထိ ဒုက္ကဋံ၊
ကာယေန ဝါစာ မနသာ,
ယေန ဂစ္ဆေယျ ဒုဂ္ဂတိံ။
💀💀💀
"ဒုဂ္ဂတိ•••
ရောက်သွားနိုင်လောက်အောင်
မကောင်းသော ကိုယ် နှုတ် စိတ်တို့ဖြင့်
ပြုမိထားသော အကုသိုလ်များ ငါ့မှာ
မရှိ၊ ဒါကြောင့် သေရမှာ ဘာလို့
ကြောက်ရမှာလဲ" ။
💀💀💀
ဒီလိုပဲ •••
ဘုန်းကြီးယုံကြည်ထားတယ်၊
သိထားတယ်၊ ဒါကြောင့် သေရမှာ
မကြောက်ရအောင်လဲ ကြိုးစားနေပါတယ်,
သေဖို့ ပြင်နေပါတယ်" ။
📝 သေရေး နေရေး, နှစ်ထွေအေးဖို့,
📝 လေးလေးနက်နက်, စဉ်းစားလျက်ပင်,
📝 နေ့ရက်လတွေ, ကုန်သွားလေလည်း,
📝 စိတ်နေမပြောင်း, စိတ်ထားကောင်း၍,
📝 စိတ်ကောင်းမပျက်, မလှုပ်ယှက်ဘဲ,
📝 စိတ်စက်တည်ကြည်, သေဖို့ရည်သည်...,
📝 သေမည် မကြောက်အောင်တကား။"
➖
✧ ဤကဲ့သို့ မဟာဂန္ဓာရုံဆရာတော်၏
သြဝါဒကထာများကို နေ့စဉ် မျှဝေပေးပါမည်။
※ စောင့်မျှော်လျှက် ဖတ်ရှု့ပူဇော်နိုင်ပါသည်။
► အများဖတ်ရှု့နိုင်ဖို့လည်း Share နိုင်ပါသည်။
❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
No comments:
Post a Comment