Saturday, November 3, 2018

အဝီစိက စောင့်ကြိုနေပြီ... စိတ်ချ

အဝီစိက စောင့်ကြိုနေပြီ... စိတ်ချ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
တစ်ခြမ်းတည်း ကျန်ချင်ကျန်ပါစေ ...
အရေးမကြီးပါဘူး ...
ဝိနည်းလွတ်ပြီး သာသနာပြုရမယ်ဆိုတာ ...
မဟုတ်သေးပါဘူး ...

*ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး*

ဦးပဉ္စင်းတို့ စိတ်ကူးနဲ့ သေကြည့်ကြ ...
ကိုယ့်မှာ မြင့်မြတ်တဲ့ တရားမပါဘဲနဲ့ သေရဲပါ့မလား ...

စာမေးပွဲအောင်ထားတဲ့ ဂုဏ်တို့ ကျော်စောမှုဂုဏ်တို့
ဘုန်းကြီးမှု ဂုဏ်တို့ဟာ ...
သေရဲတဲ့ လက်နက် ဟုတ်ရဲ့လား ...
*စဉ်းစားကြည့်ကြစမ်း။

စာမေးပွဲ မအောင်လို့ ဘာမှမဖြစ်ဘူး။
ဂုဏ်မရှိလို့လည်း ဘာမျှ မဖြစ်ဘူး။
ဝိနည်းကို မလေးစားလို့ သီလမပါဘူးဆိုရင်တော့
သေချာပြီ *အဝီစိက စောင့်ကြိုနေပြီ … စိတ်ချ။*

လူတွေမှာလည်း ထို့အတူပါပဲ ...
ဂုဏ်သိမ်ငယ်လို့ ပိုက်ဆံမရှိလို့
ဒါနမပြုလို့ ဘာမျှ မဖြစ်သေးပါဘူး။

သီလမရှိရင်တော့ ...
သူ့လမ်းစဉ်အတိုင်း သွားမှာပဲ မနေဘူး။
အဲဒါ … ကိုယ့်လမ်းနဲ့ကိုယ် မမေ့ကြနဲ့။

ခေတ်အလိုက် ကိုယ်ကျင့်တရားတွေ
ပျက်နေကြပေမဲ့
အဲဒီထဲ *တို့မပါစေရဘူး* လို့
စိတ်ကို ခိုင်ခိုင်မြဲမြဲ ဆောက်တည်ထားပါ။
ကိုယ့်ဘာသာကိုယ် ပြုပြင်နေတတ်မှ
တော်ကာ ကျမယ်နော်။ ။*******

(အရှင်ဇနကာဘိဝံသ၏ နံနက်ခင်း သြဝါဒများမှ)
ရေးသားပူဇော်အပ်ပါသည်။

No comments:

Post a Comment