Monday, November 5, 2018

ငရဲပြည် နတ်ပြည် ရှိမရှိ - ကြာနီကန်ဆရာတော် ဦးဇဋိလ

မန္တလေးမှာ မန္တလေးမှာ ကျုပ်တပည့်ဖြစ်နေပါပြီး ခုတော့ ခုကျူ ရှင်ပြနေတယ်။ ကျူရှင်ကျောင်းဆရာလုပ်နေတယ် BA. BA သူနဲ့ ကျုပ်နဲ့  တနင်္ဂနွေနေ့ ကြီး သွားတွေ့ တယ်။

အရှင်ဘုရားတဲ့ ငရဲပြည် နတ်ပြည်ဆိုတာ ရှိသလားတဲ့။ ကျုပ်နဲ့  သူနဲ့ မရင်းနှီးသေးဘူး။

ငရဲပြည် နတ်ပြည်ဆိုတာ ရှိသလားလို့ မေးတော့ ကျုပ်ကဖြေလိုက်တယ် မရှိပါဘူးကွာလို့ ။ မရှိပါဘူးကွာဆိုတော့ သူမျက်လုံးကြီး လှန်ကြည့်တယ် မကြည့်နဲ့ လို့ မရှိဘူး။

သူကမရှိဘူး ထင်လို့ မေးတဲ့လူ ကျုပ်ကမရှိဘူး ပိတ်ပြောတော့ မျက်လုံးပြူးကြည့်တာပေါ့။

အရှင်ဘုရားတို့  ဟောဟောနေတော့ ငရဲပြည် နတ်ပြည် ရှိတယ်ဆို။

အေးလေ... အဲဒါ စာအုပ်ထဲက ကြည့်ဟောတာပဲ။ ငရဲပြည် နတ်ပြည် ငါကမမြင်လို့  မရှိဘူးပြောတာ။ သူက မမြင်လို့ မရှိဘူးလို့  ငြင်းမလို့  လုပ်တဲ့လူကို ကျုပ်က မမြင်လို့ မရှိဘူး ပြောတော့ ဟိုလူ ဘေးထိုးရင်ကြပ်ဖြစ်နေပြီ။

ဒီလိုပါကွာလို့  မင်းတို့ က မမြင်ရင်မရှိဘူး' မတွေ့ ရင် မရှိဘူး' လက်တွေ့ မဟုတ်ရင် မယုံဘူး လုပ်လုပ်နေကြပါတယ်။

ကိုင်း... ငါပြောမယ်ကွာလို့  မမြင်လို့ မရှိဘူးဆိုရင် ရှိတော့ရှိပါတယ်ကွာလို့ ။ ရှိတဲ့အကြောင်းလည်း ငါပြောမယ်ပေါ့လို့ ။

မင်းအခု ဟောဒီနားမှာ တို့ ထိုင်နေတယ်ကွာလို့ ။ ဒါဘာလေးတုန်းဟေ့ . . .ကျုပ်က ကိုင်ပြ။ ဟိုအ၀တ်အစားမပါဘူး။ အရုပ်လေး  ဟို...ရော်ဘာရုပ်လေး တင်ထားတယ်။ ဒါဘာလေးတုန်းဟေ့.. ?

အဲဒါအရုပ်လေးဘုရား။

မင်းဒီအရုပ်လေး  ဒီနားရှိတယ် ဆိုတာ... အခုယုံရဲ့လားလို့ ...?

ယုံတာပေါ့ဘုရားတဲ့...မျက်စိအောက်တင်ပဲတဲ့။

မင်း လေး, ငါး, ဆယ်လှမ်း သွားကြည့်ကွာ။ အဲ.. သူက မတ်တပ်ထတယ် သွားမလို့ ။ မဟုတ်ပါဘူးလို့  စိတ်ထဲက စိတ်ထဲက။ လေး , ငါး , ဆယ်လှမ်း သွားပြီးကြည့်ရင် မမြင်ဘူးလား...?

မြင်တယ် ဘုရား။

ရှိတယ်ဆိုတာ မင်းယုံရဲ့လား။ ယုံပါတယ်။ ကိုင်း... တစ်မိုင်လောက်သွားတော့   ဒီနား မင်းယုံကြည်တဲ့ အစောင့်တစ်ယောက်ထားခဲ့။ ဒီကလေးလည်း ဖွက်မပစ်ဘူး။ ထုကြေလည်း မပစ်ဘူး။ မီးလည်း ရှို့ မပစ်ဘူး။ ဒီကလေးလေး ထားပစ်ခဲ့  ဟောဒီအရုပ်လေး။ တစ်မိုင်လောက်ကသွားကြည့်ဟေ့ လို့ ။ မင်းမြင်သေးလား. . .?

မမြင်ဘူး ဘုရား။

အရုပ်လည်း ငါက ဖွက်မထားပါဘူးကွ၊  ဒီနေရာ ဘယ်မှာလည်း ဖျောက်မပစ်ပါဘူးလို့ ။ ရှိတယ်ဆိုရင် မင်းယုံမလားဟေ့. . .?

ဒါကတော့ ဘုရားတဲ့။ ယုံရမှာပေါ့တဲ့။ ဟောဗျာ  မင်းကမမြင်ဘဲနဲ့  ယုံသလားလို့ ။ မင်းကသာ မမြင်ပေမယ်လို့  သူကတော့ ဒီမှာ ရှိနေတယ်ကွလို့ ။ မမြင်ပေမယ်လို့ အခုရှိနေတာကို မင်းယုံရင် . . . ငရဲ နတ်ပြည်ဆိုတာ. . . ကိုယ်မမြင်တာနဲ့  မယုံဘူး ပြောလို့ ကော ကိုင်း မင်းတို့ သင့်တော်မလားကွာလို့ ။

ကိုင်း. . . မင့်ငါမေးမယ်ကွာလို့ ။ ဒီနေ့ ဘာနေ့ တုန်း. . .?

ဒီနေ့  တနင်္ဂနွေပါဘုရားတဲ့။ တပည့်တော် ကျူရှင်အားလို့ ဒါကြောင့် ဆရာတော်နဲ့  တွေ့ ရတာပါတဲ့။

ကိုင်း . . . ဒါဖြင့် ကောင်းပြီကွာ။ မင်း တနင်္ဂနွေဆိုတော့ ဒီနေ့  တနင်္ဂနွေပြီး  မနက်ဖြန်ခါ ဘာတုန်းဟေ့. . .?

မနက်ဖြန်ခါ တနင်္လာဘုရား။

ကိုင်း . . . တနင်္လာ ပြစမ်းပါကွာလို့ ၊ ငါကြည့်ချင်လို့ ပါ။

ဟာ. . . အရှင်ဘုရား တနင်္လာ ဘယ်ကြည့်ဖြစ်မတုန်းဘုရားတဲ့။

ဟ...ရှိဖြစ်ရမှာပေါ့ကွလို့ ။

တနင်္လာက နက်ဖြန်ခါကျမှ တနင်္လာတွေ့ ရမှာတဲ့။

နက်ဖြန်ခါကျတော့ကော တွေ့ ပြီးလားလို့ ..?

တွေ့ တော့ မတွေ့ ဘူးပေါ့ဘုရားတဲ့။ တနင်္လာလို့  ဒါသိယုံပဲပေါ့။ အေး တနင်္လာလို့ သိတယ်ဆိုတာ မမြင်ဘဲနဲ့  ၊ မတွေ့ ဘဲနဲ့ မင်း သိယုံလေးနဲ့  ယုံသလားလို့ . . .?

ဒါကတော့ တနင်္လာဖြစ်နေလို့  ယုံရမှာပေါ့တဲ့။

ကိုင်း ...ဒါဖြင့် ကောင်းပြီ။ မင့် တနင်္လာ ဒီကနေ့ ပြနိုင်ရဲ့လားဟေ့. . .?

မပြနိုင်ဘူး ဘုရားတဲ့။

ဘာပြုလို့ . . .?

မရောက်သေးလို့ တဲ့။

နက်ဖြန်ခါ တနင်္လာဆိုတော့ မင်းဒီတနင်္လာကို ဘယ်နေ့ ကျမှ တွေ့ မှာတုန်းဟေ့ . . .?

နက်ဖြန်ခါကျမှ တွေ့ မှာဘုရား။

အေးကွာတဲ့. . .မင့် တနင်္လာတောင်မှလို့ ၊ ဒီကနေ့ ကမေးတာ နက်ဖြန်ခါမှ သိမှာ၊ နက်ဖြန်ခါမှ တွေ့ မှာ ပြလို့ မရပါဘူးဆိုရင်လို့ ၊ တနင်္လာကို မရောက်သေးတော့ တနင်္လာ မသိသလို ၊ မတွေ့ သလို၊ မရသလိုပါပဲကွာလို့ ။

အ၀ိစိဆိုတာကလည်း ... ဝေးနေလို့ ၊ မရောက်သေးလို့ ပါကွာလို့ ။ နက်ဖြန်ခါရောက်ရင် တနင်္လာလို့  သိသလို ... အ၀ိစိလည်း မင်းမရောက်သေးလို့ ၊ ရောက်ရင်တော့ သိမှာပါကွာ။

ဟာ...ကျုပ်စိတ်ဆိုးတာ  အဲဒီကောင်ကြီး မျက်နှာကြီးကို ရဲသွားတယ်။

ဒါကြောင့် ဒကာကြီးတို့ ရာလို့  မရောက်လို့  ဝေးလို့  မသိတာပါ။ နတ်ပြည် ငရဲပြည်ဆိုတာတွေ ရှိကိုး ရှိတယ်ဗျ။

ကြာနီကန်ဆရာတော် ဦးဇဋိလ - ဟောကြားတော် မူခဲ့သော -
" ဒါနရှင်းခန်းနဲ့  မကြံစည်အပ်ရာ လေးပါး " တရားတော်မှ

Ķhäť Häțűñ - ကျေးဇူးဆပ် ရေးသား ပူဇော်သည်။
စာအရေးသား အမှားပါရှိက ခွင့်လွှတ်နားလည် ပေးကြပါ ခင်ဗျာ။

No comments:

Post a Comment